အာဆင်နယ်အသင်းရဲ့ လက်နှေးမှုကို အခွင့်ကောင်းယူကာ တီကို ကွင်းလယ်လူ ပါတေးကို စတင်ကမ်းလှမ်းလိုက်ပြီဖြစ်သည့် ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ အေတီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေးကို ခေါ်ယူဖို့အတွက် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ပါတေးဟာ အာဆင်နယ်အသင်းရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်သော်လည်း အခုချိန်ထိ အာဆင်နယ်အသင်းဘက်မှ ထိထိရောက်ရောက် ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး။ အာတီတာဟာ သောမတ်စ်ပါတေးရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်သလို၊ သူ့ရဲ့ ကစားကွက်ထဲမှာ ပေါင်းထည့်ဖို့ လိုလားနေပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ထုံးစံအတိုင်း အပြောင်းအရွှေ့မှာ လက်နှေးနေဆဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်နှေးမှုကို အခွင့်ကောင်းယူကာ ဂျူဗင်တပ်စ်အသင်းက ပါတေးကို အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒက်ချီ+ ပြောင်းရွှေ့ကြေးဖြင့် စတင် ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ပါတေးဟာ တီကိုနှင့် ချုပ်ဆိုထားသော စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀ ပေးရုံဖြင့် ဝမ်ဒါမက်ထရို ပိုလစ်တီနိုကွင်းကို ကျောခိုင်းလို့ရသွားပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နည်းပြပြသစ်ဖြစ်လာသူ ပီယာလိုဟာ အသင်းရဲ့ ကစားသမားများဖြစ်သည့် ဒေါက်ကလပ်ကော်စတာ နှင့် ဘာနာဒက်ချီတို့ကို သဘောမကျသည့်အတွက်ကြောင့် ကစားသမားသစ်ခေါ်ယူတဲ့ နေရာမှာ အသုံးချသွားဖို့ရှိနေတယ်လို့ သိရပါတယ်။  ...

Exclusive : အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းတရားကို ဝီလီယံပြောပြီ

အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဝီလီယံကို (၃) နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။ ဝီလီယံဟာ ပရော်ဖက်ရှင်နယ်ကစားသမား (၁၃) နှစ်အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၆၀၀) ကျော်ကစားထားပြီးဖြစ်သလို၊ အာဆင်နယ်အသင်းအတွက် အတွေ့အကြုံကြွယ်ဝသော ဝါရင့်တောင်ပံကစားသမားကို ပိုင်ဆိုင်ခဲ့တာပါ။ ဝီလီယံ ချယ်လ်ဆီးအသင်းမှ ကမ်းလှမ်းခဲ့သော စာချုပ်ကို ငြင်းပယ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းကို ရွှေးချယ်ကာပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရခြင်း၏ နောက်ကွယ်က အကြောင်းအရင်းကို ဝီလီယံက ယခုလိုဖွင့်ဟခဲ့ပါတယ်။ “အာဆင်နယ်အသင်းရဲ့ ကစားဟန်ကို ကျွန်တော် သဘောကျတယ်။ ဘောလုံးကွင်းအပါအဝင် အရာရာတိုင်းက အံ့သြစရာတွေကြီးပဲ။ အာဆင်နယ်မှာ ပရီးမီးယားလိဂ်ဖလားနှင့် တကွ ဥရောပအောင်မြင်မှုတွေကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် ကြီးမားတဲ့အခွင့်အရေးတွေရှိနေပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော့်အနေနဲ့ တော်တော်လေး ပျော်နေပါတယ်။ အာဆင်နယ်အသင်းနဲ့ စတင်ဖို့အတွက် စိတ်တွေလှုပ်ရှားနေပြီ” “ကွင်းထဲမှာ ကစားခွင့်ရဖို့အတွက် မစောင့်ဆည်းနိုင်လောက်အောင်ဖြစ်ပြီးတော့ ကျွန်တော့်အသင်းသားတွေနဲ့ ဒီအသင်း ပြန်လည်တောက်ပလာဖို့ အတွက်...

ရီကာဒို ရိုဒရီဂွတ်စ်ကို တိုရီနိုအသင်းထံ ရောင်းချဖို့ သဘောတူညီခဲ့ပြီဖြစ်သည့် အေစီမီလန်

စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ရီကာဒိုရိုဒရီဂွတ်စ်ကို လိဂ်ပြိုင်ဘက် တိုရီနိုအသင်းဆီကို ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ရိုဒရီဂွတ်စ်ဟာ ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဟော်လန်ကလပ် PSVအသင်း၌ အဌားဖြင့် သွားရောက်ကစားနေတာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ရိုဒရီဂွတ်စ်အတွက် ကနဦး ယူရို ၅သန်း + ဆုကြေးငွေ ယူရို ၃ သန်းဖြင့် တိုရီနိုထံကို တောင်းဆိုထားပါတယ်။ တိုရီနိုအသင်းဟာ နည်းပြချုပ်အဖြစ် အေစီမီလန်နည်းပြဟောင်း ဂျီယမ်ပါအိုလိုကို ခန့်အပ်ခဲ့ပြီးနောက် ပထမဦးဆုံးအပြောင်းအရွှေ့အဖြစ် ရိုဒရီဂွတ်စ်ကို စတင်ခေါ်ယူခဲ့တာပါ ရိုဒရီဂွတ်စ် နှင့် ဂျီယမ်ပါအိုလိုတို့ဟာ အေစီမီလန်အသင်းမှာ ကာလတိုလက်တွဲခဲ့ဖူးပါတယ်။ ကစားသမား၏အေးဂျင့် ဒိုမီနီကို နှင့် တိုရီနို အသင်း အားကစားဒါရိုက်တာ ဒဗိုက် ဗက်နက်တီတို့ဟာ တွေ့ဆုံပြီး အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ယနေ့ညနေလောက်မှာပင် ရိုဒရီဂွတ်စ်ရဲ့ အပြောင်းအရွှေ့ကို တရားဝင်ကြေငြာသွားဖို့ရှိပါတယ်။ ရိုဒရီဂွတ်စ်ဟာ...

ကာဗာနီ၏ နေရာတွင် အစားထိုးဖို့အတွက် ယူနိုက်တက်မှာ အဌားကစားလျက်ရှိသည့် အီဂါလိုကို ချဉ်းကပ်နေသည့် #PSG

ဥရုဂွေးတိုက်စစ်မှူးကြီး ကာဗာနီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီး ပြီးဆုံးတာနဲ့ PSG အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပါတယ်။ သူရဲ့နေရာကို အစားထိုးဖို့အတွက် ရှန်ဟိုင်းရှန်ဟွာ မှ ယူနိုက်တက်မှာ အဌားလာရောက်ကစားလျက်ရှိသည့် တိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို ခေါ်ယူဖို့ မျက်စိကျလျက်ရှိပါတယ်။ အသက် (၃၁) နှစ်အရွယ် အီဂါလိုဟာ ယူနိုက်တက်ကု ိပြောင်းရွှေ့လာပြီးနောက်ပိုင်း ခြေစွမ်းကောင်းများ ပြသထားသလို၊ သွင်းဂိုး (၅) ဂိုးသွင်းယူပေးထားပါတယ်။ လက်ရှိချုပ်ဆိုထားသော စာချုပ်အရ အီဂါလိုဟာ ယူနိုက်တက်မှာ ဇန်နဝါရီလအထိ ကစားရဖို့ရှိနေပေမယ့် PSG အသင်းက ကြားဖြတ်ခေါ်ယူသွားဖို့ရှိပါတယ်။ PSG အားကစားဒါရိုက်တာ လီယိုနာဒိုက ကာဗာနီ၏နေရာကို အစားထိုးဖို့အတွက် ဖြစ်နိုင်ချေရှိသည့် ပစ်မှတ်များကို စာရင်းပြုစုထားပါတယ်။ ပြင်သစ်ထုတ်သတင်းစာတစ်ခုဖြစ်သည့် Foot Mercato မှ PSG အသင်းဟာ အီဂါလို၏ အေးဂျင့်အဖွဲ့နှင့်ဆက်သွယ်ခဲ့ပြီး အပြောင်းအရွှေ့အတွက် ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ PSG အသင်းမှာ တိုက်စစ်မှူးကောင်းများစွာကို...

Rumor : ကွင်းလယ်အင်အားအတွက် စပါးစ်အသင်းကစားသမားကို ပေါင်သန်း ၄၀ ဖြင့် အံ့အားသင့်ဖွယ်ချိန်ရွယ်လာသည့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့အတွက် စပါးစ်အသင်းရဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူဖို့ အံ့အားသင့်ဖွယ်ချိန်ရွယ်လာခဲ့ပါတယ်။ စပါးစ်အသင်းကလည်း ဝင့်ခ်ကို ယခု အပြောင်းအရွှေ့မှာထုတ်ရောင်းဖို့အတွက် ပြင်ဆင်ထားပြီဖြစ်သည့်အတွက် စပါးစ်အသင်း၌ ဟယ်ရီဝင့်ခ်၏ အနာဂတ်မှာ လှုပ်ခတ်လျက်ရှိပါတယ်။ မော်ရင်ဟိုဟာ ဆောက်သမ်တန်ကွင်းလယ်လူ အမ်မရီဟို့ချ်ဘတ်ကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် ကွင်းလယ်ကို အင်အားဖြည့်တင်းထားပါတယ်။ ဟိုချ်ဘတ် နှင့် ဟယ်ရီဝင့်ခ်တို့ဟာ ကစားဟန်ချင်းတူညီသည့်အပြင် ဟိုချ်ဘတ်ဟာ ဟယ်ရီဝင့်ခ်ထက် ရုပ်ပိုင်းဆိုင်ရာအနေအထားအရ ပိုပြီး ကြံ့ခိုင်သည့်အတွက် မော်ရင်ဟိုရဲ့ ကစားကွက်မှာ ပိုပြီး နေရာရလာဖို့ရှိပါတယ်။ ဟယ်ရီဝင်ခ့်ဟာ ပြီးခဲ့သည့်ရာသီက နည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ (၅) နှစ်စာချုပ ်သက်တမ်းတိုးထားတာဖြစ်ပါတယ်။ The Sun ၏ ဖော်ပြချက်အရ ပတ်ဂွာဒီယိုလာဟာ ဟယ်ရီဝင့်ခ်ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်သလို၊ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ စပါးစ်အသင်းကလည်း...

2019 ခုႏွစ္အတြက္ ဘောလုံးလောကရဲ႕ ကမ္ဘာ့လစာအကောင်းဆုံး ကစားသမား (၁၀)ဦး

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က မဟာပြိုင်ဘက်ကြီး ရော်နယ်လ်ဒိုကို ကျော်ဖြတ်ကာ ကမ္ဘာ့ဘောလုံးလောကရဲ့ အချမ်းသာဆုံး ဘောလုံးသမားဖြစ်လာခဲ့ပါတယ်။ France Football ဂျာနယ်မှ ဘောလုံးလောကရဲ့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့လစာအကောင်းဆုံး ကစားသမား (၁၀) ဦးကို စာရင်းပြုစု ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထုံးစံအတိုင်းပင် GOAT (၂) ဦးဖြစ်သည့် မက်ဆီ နှင့် ရော်နယ်လ်ဒိုတို့က ဒီစာရင်းရဲ့ နံပတ် ၁ နှင့် ၂ ကို စိုးမိုးထားပါတယ်။ မက်ဆီဟာ ပြီးခဲ့သည့် ရာသီက စုစုပေါင်း ပေါင်သန်း ၁၂၀ အထိ ဝင်ငွေရှိခဲ့ပြီး ရော်နယ်လ်ဒိုထက် ပေါင် ၁၁ သန်းအသာဖြင့် ထိပ်ဆုံးကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် (၂) ဦးစလုံးရဲ့ ဝင်ငွေဟာ ပေါင်သန်း ၁၀၀အထက်ကို ဖြတ်ကျော်ခဲ့ပါတယ်။ ယခုဖော်ပြပေးထားတဲ့ စာရင်းကတော့ ၂၀၁၉ ခုနှစ်အတွင်း...

ကစားသမားတိုင်းက လီဗာပူးလ်လို အသင်းကြီးမှာ ကစားချင်ကြတာပဲလေ #အစ္စမိုင်လာဆား(ဝက်ဖို့ဒ်)

လီဗာပူးလ်အသင်းဟာ သူတို့ စိုးရိမ်ရဆုံးဖြစ်တဲ့ ဘယ်နောက်ခံလူတစ်နေရာအတွက် အိုလံပီယာကော့စ် နောက်ခံလူ ကိုတက်စ်ဆီမီကတ်စ်ကို ခေါ်ယူအားဖြည့်လိုက်ပြီးတဲ့နောက်မှာတော့ ဝက်ဖို့ဒ်အသင်း တောင်ပံကစားသမား အစ္စမိုင်လာဆားကို ခေါ်ယူဖို့ အသည်းအသန်ချိတ်ဆက်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဆီနီဂေါလက်ရွှေးစင် အစ္စမိုင်လာဆားအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် အောင်မြင်မှုရနိုင်ပါ့မလား? ဒီတချက်ကိုတော့ တပ်အပ်မပြောနိုင်ပေမယ့် လီဗာပူးလ်ကတော့ အစ္စမိုင်လာဆားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကို သတိရစေချင်တယ်။ ဆီနီဂေါ သတင်းမီဒီယာတစ်ခုဖြစ်သည့် Sans Limites နှင့် အင်တာဗျူးရာမှာတော့ အစ္စမိုင်လာဆားက အပြောင်းအရွှေ့နှင့်ပတ်သတ်ပြီး ယခုလိုပြောကြားခဲ့ပါတယ်။ “လီဗာပူးလ်ဆိုတာ တကယ့် ထိပ်ထိပ်ကြဲ အသင်းကြီးတစ်သင်းပါ။ ကစားသမားတိုင်းက လီဗာပူးလ်လို အသင်းကြီးမှာ ကစားချင်ကြတာပဲ။ ဒီနှစ်ဆိုရင် ပရီးမီးယားလိဂ်ရတယ်ဗျာ။ မနှစ်က ချန်ပီယံလိဂ်ဖလားရတယ်ဗျာ။ ဒါပေမယ့် အင်္ဂလန်မှာတော့ တခြားအသင်းကြီးတွေရှိပါသေးတယ်။ အခုထိတော့ ကျွန်တော့်ဘက်ကအပြောင်းရွှေ့နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်မချရသေးဘူး။ တကယ်လို့ ထွက်ဖြစ်ခဲ့တယ်ဆိုရင်လည်း အသင်းကောင်းတစ်သင်းကိုပဲ ပြောင်းမှာပဲ” “အခုလောလောဆယ်တော့ ခန့်မှန်းထားတာလောက်ပဲရှိပါသေးတယ်။...

အနာဂတ်နဲ့ ပတ်သတ်ပြီး သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဖွင့်ပြောခဲ့သည့် အာဆင်နယ်ကွင်းလယ်လူ မီဆွတ်အိုဇေးလ်

မီဆွတ်အိုဇေးလ် နဲ့ အာဆင်နယ်တို့ရဲ့ ဆက်ဆံရေးအက်ကြောင်းတွေဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက်ရော၊ လတ်တလော အနေအထားအရကြည့်မယ်ဆိုရင် လစာအများဆုံး ခံစားခွင့်ရရှိထားပါတယ်။ လစာအများဆုံးရထားသည်ဆိုသော်လည်း အာတီတာရဲ့ ကစားကွက်မှာ လိုက်ပါစည်းမျောနိုင်စွမ်းမရှိသည့် အတွက်အပယ်ခံထားရပါတယ်။ အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူချင်သော်လည်း ငွေကြေးအကျပ်အတည်း ကပ်ဆိုက်နေတဲ့အတွက်ကြောင့် တွန့်ဆုတ်နေရပါတယ်။ အထူးသဖြင့် အသင်းမှာရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ကစားသမားသစ်တွေနဲ့ ရာသီသစ်ကို ပြန်စဖို့ အာဆင်နယ်တာဝန်ရှိသူတွေက ဆုံးဖြတ်ထားပုံရပါတယ်။ လစာအများဆုံးရတဲ့ အိုဇေးလ်ကို အာဆင်နယ်အသင်းက ရောင်းထုတ်ချင်ပါတယ်။ စာချုပ်သက်တမ်း ၁၂ လလောက်ပဲကျန်တော့တာဖြစ်ပေမယ့်လည်း အသင်းက အိုဇေးလ်ကို တပတ်ပေါင် ၃ သိန်းခွဲ မပေးချင်တော့ပါဘူး။ ဒီအတွက်ကြောင့် စာချုပ်လျော်ကြေးပေးပြီး စာချုပ်ဖျက်သိမ်းမယ်လို့ အသံတွေထွက်လာခဲ့ပါတယ်။ အိုဇေးလ် အေးဂျင့်ဖြစ်သူက အိုဇေးလ်ဟာ အာဆင်နယ်နှင့်စာချုပ်သက်တမ်း ကျန်သေးသည့်အတွက်ကြောင့် မည်သည့်အသင်းကို မှ ပြောင်းမှ မဟုတ်သလို၊ သက်တမ်းပြည့်သည်အထိ...

နောက်ဆုံးမိနစ်တွေမှာ အသင်းရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး စိုးရိမ်ခဲ့ကြောင့်ကြခဲ့ရကြောင်း ဝန်ခံခဲ့သည့် #တူချယ်

PSG အသင်းကတော့ အတ္တလန်တာအသင်းကို နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့အတူ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။ ဒီပွဲမှာ PSG အသင်းရဲ့ မိနစ် ၆၀ လောက် အထိ ကစားပုံဟာ လုံးဝအားရစရာမရှိပဲ အတ္တလန်တာအသင်းရဲ့ ဦးဆောင်မှုကို ခံထားရတယ်။ အမ်ဘတ်ပီ ၊ ဒရက်စ်လာ၊ ပါရီဒက်စ်တို့ ဝင်လာပြီး နောက်ပိုင်း PSG အသင်းရဲ့ ကစားပုံဟာ ပြောင်းလဲသွားရသလို၊ အနိုင်ဂိုးတွေပါ ရှာဖွေတွေ့ရှိခဲ့တယ်။ PSG ရဲ့ အနိုင်ဂိုးများကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ နောက်ခံလူ မာကွင်းဟို့စ် နှင့် ပွဲချိန် ၉၀+၃ မိနစ်မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ချူပိုမိုတင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ PSG နည်းပြ တူချယ်က ပွဲပြီးခါနီး မိနစ် ၂၀ လောက်အလိုမှာ အသင်းရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး စိတ်ပူခဲ့ရကြောင်း ဝန်ခံခဲ့ရပါတယ်။...

ဒေါ့မွန်အသင်းနှင့်အတူ ဖလားတွေ သိမ်းပိုက်သွားဖို့ ရည်မှန်းထားသည့် တိုက်စစ်မှူး ဟာလန်း

၂၀၁၉-၂၀ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ RB ဆဲဘတ်စ်အသင်း၏ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ တော်တော်လေးစိတ်ဝင်စားခဲ့ပြီး ချိတ်ဆက်ခဲ့ပါတယ်။ ယူနိုက်တက်အပြင် ဥရောပ အင်အားကြီးအသင်းများက ကမ်းလှမ်းခဲ့သော်လည်း နောက်ဆုံးမှာတော့ ဒေါ့မွန်အသင်းကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဟာလန်းဟာ နော်ဝေးကလပ် မိုလ်ဒီအသင်းမှာတုန်းက လက်ရှိယူနိုက်တက် နည်းပြ ဆိုးလ်ရှားနှင့် လက်တွဲခဲ့ဖူးသလို၊ ဆိုးလ်ရှားရဲ့ အကြောင်းကိုလည်း ဟာလန်းမှ ထုတ်ဖော်ချီးကျူးခဲ့ဖူးပါတယ်။ ရာသီဝက်မှ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့ပေမယ့် ဟာလန်းရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင် အတော်လေး လေးစားဖို့ကောင်းနေပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံစုစုပေါင်း (၁၈) ပွဲကစားခဲ့ရာမှာတော့ (၁၆) ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းနှင့်အတူ အောင်မြင်မှုဆုဖလားတွေကို သိမ်းပိုက်သွားဖို့ ရည်ရွယ်ထားပါတယ်။ “ကျွန်တော်ဟာ ဒီအသင်းမှာ ၂၀၂၄ ခုနှစ်အထိ နှစ်ရှည်စာချုပ်ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပန်းတိုင်ကတော့ ဒေါ့မွန်အသင်းနဲ့အတူ ဖလားရပြီး...