နောက်တန်းအင်အားဖြည့်တင်းဖို့ အာဆင်နယ်အသင်းရဲ့ ကျောနံပတ် ၂ ကို စတင်ကမ်းလှမ်းခဲ့သည့် #PSG

ချန်ပီယံလိဂ်ဖလားကို လက်မတင်လေး လွဲချော်ခဲ့ပြီးနောက် PSG အသင်းဟာ နောက်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်လာခဲ့ပြီး ညာနောက်ခံလူတစ်နေရာအတွက် အာဆင်နယ်အသင်းရဲ့ အမာခံ ကစားသမား ဟက်တာ ဘယ်လာရင်ကို စတင်ကမ်းလှမ်လိုက်ပြီဖြစ်တယ်လို့ The Mirror ကဖော်ပြထားပါတယ်။ PSG အသင်းဟာ ဘယ်လ်ဂျီယမ်နောက်ခံလူ သောမတ်မြူနီယာကို ဒေါ့မွန်အသင်းသို့ အလွတ်ကြေးဖြင့် လက်လွှတ်လိုက်ရပြီးနောက် ၎င်းနေရာကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ လောလောဆယ် PSG အသင်းရဲ့ ညာစွန်နေရာမှာ သီလိုခယ်ဟာ နှင့် လူငယ်ကစားသမား ကောလင်းဒက်ဘာတို့ နှစ်ဦးရှိနေသော်လည်း ဘယ်လာရင်ကို ထပ်မံခေါ်ယူလိုတာဖြစ်ပါတယ်။ စပိန်သား ဘယ်လာရင်ဟာ အာဆင်နယ်အသင်းကို ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် အမ်းမရိတ်မြေမှာ ဆယ်စုနှစ်တစ်ခုစာ ဖြတ်သန်းလာသော ဂန်းနားတို့ရဲ့ ပွဲထွက်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအကောင်းဆုံးအသင်း (၁၁) ယောက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာကြောင့်...

Close To Deal : မကြာခင်အချိန်အတွင်းမှာပင် အထမြောက်တော့မည့် ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ (၃) ခု

ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင် ကွင်းလယ်လူ ကိုင်းဟာဗက်ဇ်၊ လက်စတာစီးတီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ် နှင့် PSG အသင်းခေါင်းဆောင်ဟောင်း သီယာဂိုဆေးလ်ဗားတို့ကို ခေါ်ယူဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဂျာမန်ကွင်းလယ်လူ ဟာဗက်ဇ်ဟာ ဥရောပအသင်းကြီးများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သော်လည်း နောက်ဆုံးမှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟာဗက်ဇ်အတွက် ပေါင်သန်း ၉၀ နီးပါး သုံးစွဲသွားမည်ဟု သိရပါတယ်။ နောက်ထပ်အပြောင်းအရွှေ့တစ်ခုကတော့ ဘန်ချေဝဲလ် ပဲဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘန်ချေဝဲလ်အတွက် လက်စတာစီးတီးအသင်းနှင့် ဆက်တိုက်ဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့မှာလည်း အဆုံးသတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆုံးမှာတော့ ဘန်ချေဝဲလ်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ၁၀၀% သေချာသလောက်ရှိနေပြီလို့ မှတ်ယူလို့ ရပါတယ်။ ဟာဗက်ဇ် နှင့် ဘန်ချေဝဲလ် နှစ်ဦးစလုံးဟာ အခုမှ အသက် ၂၀ စွန်းစွန်းသာ ရှိနေသေးသည့်အတွက်ကြောင့် ချယ်လ်ဆီးအသင်းအတွက် ရေရှည်အားကိုးလို့ရမဲ့...

အနာဂတ်မှာ ချန်ပီယံလိဂ်ဘောလုံးပွဲများကို တစ်ကျော့စနစ်ဖြင့်သာ ကစားသွားဖို့ စဉ်းစားနေသည့် UEFA

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဥက္ကဌဖြစ်သူ အလက်စန္ဒား ဆီဖာရင်က ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ယခင်လို အိမ်ကွင်း-အဝေးကွင်းကစားမည့်အစား တစ်ကျော့စနစ်ကို သုံးစွဲခြင်းဟာ ပရိသတ်များအတွက် ပိုပြီး စိတ်လှုပ်ရှားစေသည့်အတွက် အနာဂတ်တွင်လည်း တစ်ကျော့စနစ်ကို သုံးစွဲဖို့ စဉ်းစားသွားမည်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီဟာ ကိုဗစ်-၁၉ ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲများကို မြန်မြန်အဆုံးသတ်စေဖို့အတွက် ကွာတားဖိုင်နယ်မှစ၍ နောက်ပိုင်းပွဲစဉ်များအားလုံးကို ယခင်ယှဉ်ပြိုင်နေသည့် နှစ်ကျော့အစား တစ်ကျော့စနစ်ကိုသာ အသုံးပြုခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှစ၍ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်အထိ ပေါ်တူဂီလစ္စဘွန်းမှာသာ ကစားသွားကြသလို၊ ယနေ့ညကစားမည့် ဖိုင်နယ်ပွဲစဉ်ကို ဘင်ဖီကာအိမ်ကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။ တစ်ကျော့စနစ်ကို အသုံးပြုသည့်အတွက်ကြောင့် အချိန်ပိုထွက်လာသည့်အပြင် ကစားသမားများလည်း နားရက်ပိုရသည့်အတွက်ကြောင့် ယင်းစနစ်ကို အသုံးပြုဖို့ ချိန်ဆနေတာဖြစ်ပါတယ်။ တကယ်တမ်း အသုံးပြုခဲ့မယ်ဆိုရင် UEFA အနေဖြင့် ရုပ်သံလွှင့်ကုမ္မဏီများနှင့် အဓိက ညှိ့နှိုင်းဆွေးနွေးရာမှာဖြစ်သလို၊ ကလပ်အသင်းတာဝန်ရှိသူများနှင့် သေသေချာချာ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ “ဒီပုံစံ(တစ်ကျော့စနစ်)ကို မဖြစ်မနေလုပ်ခဲ့ရပေမယ့်...

ဘာစီလိုနာ နဲ့ သတင်းထွက်နေတဲ့ နောက်ခံလူကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းသွားမည့် RB လပ်ဇစ်

RB လပ်ဇစ်မှာအဌားနဲ့ လာရောက်ကစားနေတဲ့ နောက်ခံလူ အိန်ဂျယ်လီနိုကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ အလိုရှိနေပါတယ်။ အိန်ဂျယ်လီနိုရဲ့ သမိုင်းကြောင်းကို ပြန်ကောက်ရမယ်ဆိုရင် လူငယ်ကစားသမားဘဝကို ဒီဗို့တီဗို ကော်ရူနာ နဲ့ မန်ချက်စတာစီးတီးအသင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းကြီးမှာ ၂၀၁၄ ခုနှစ်မှာ စတင်ရွှေးချယ်ခဲ့ရပေမယ့် ပုံမှန်ကစားခွင့်မရပဲ စီးတီးရဲ့ sister club တွေဖြစ်တဲ့ နယူးယောက် FC နဲ့ ဂီရိုနာမှာ ၂ နှစ်ခွဲလောက်သွားရောက်ကစားခဲ့တယ်။ ဂီရိုနာကတဆင့် မာယော့ကာ ၊ NAC ဘရီဒါ အသင်းတွေမှာ ၁ နှစ်ခွဲလောက်ကစားပြီး ၂၀၁၈ မှာတော့ နယ်သာလန်ကလပ် PSV အသင်းကို (၅) နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တယ်။ PSV မှာ တစ်ရာသီသာ ကစားလိုက်ရပြီး မန်စီးတီးအသင်းက နောက်တန်းလိုအပ်ချက်ရှိနေတာကြောင့် သူ့ကို Buy-Back Clause နဲ့ ပြန်ခေါ်လိုက်တယ်။...

လက်ထောက်နည်းပြရာထူးမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည့် အာဆင်နယ်ဂန္ဓဝင်ကစားသမားဟောင်း ယွန်းဘတ်

အသက် ၄၃ နှစ်အရွယ် ဖရက်ဒီယွန်းဘတ်ဟာ အာဆင်နယ်အသင်းရဲ့ လက်ထောက်နည်းပြရာထူးမှ ယနေ့မှာပဲ အပြီးတိုင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ယွန်းဘတ် ထွက်သွားချင်းဟာ အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်စေမှာ သေချာပါတယ်။ ဆွီဒင်သား ယွန်းဘတ်ဟာ နည်းပြ မီကေးလ်အာတီတာလက်ထက်မှာ လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေသော်လည်း နည်းပြချုပ်ဘဝကို တက်လှမ်းလိုသည့်အတွက်ကြောင့် နှုတ်ထွက်သွားချင်းဖြစ်သည်ဟု သိရပါတယ်။ အာဆင်နယ်အသင်းမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ယွန်းဘတ်ဟာ ယူ-၂၃ နည်းပြအဖြစ်လည်းကောင်း၊ ယူ-၁၅ နည်းပြအဖြစ်လည်းကောင်း၊ အသင်းကြီး လက်ထောက်နည်းပြအဖြစ်လည်းကောင်း အူနိုင်းအမ်မရီထွက်သွားပြီးနောက်ပိုင်း ယာယီနည်းပြအဖြစ် လည်းကောင်း တာဝန်ယူခဲ့ပါတယ်။ လူမှုကွန်ယက် တွစ်တာမှ တဆင့် သူထွက်ခွာတော့မည့်အကြောင်းကို အတည်ပြုပြောကြားခဲ့သလို၊ အခွင့်အရေးများစွာ ပေးခဲ့သည့်အတွက်ကြောင့် ကျေးဇူးတင်မိကြောင်း နှင့် မန်နေဂျာတစ်ယောက်အဖြစ် ရပ်တည်တော့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ “အာဆင်နယ်အသင်းကြီးရဲ့ လက်ထောက်နည်းပြရာထူးကနေ ထွက်သွားဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ၁၉၉၈ ကတည်းက ကျွန်တော်ဟာ ဒီအသင်းမှာ အမြဲတစေ ပါဝင်ပတ်သတ်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ရော...

Close to Deal : လက်စတာစီးတီးနောက်ခံလူကို ခေါ်ယူဖို့ တော်တော်လေးနီးစပ်နေပြီဖြစ်သည့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ လက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကို ခေါ်ယူဖို့ တော်တော်လေးနီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ နှစ်ဖက်အသင်း တာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးနေကြပြီး လာမည့်တပတ်အတွင်းမှာပင် အပြီးသတ်ကြေငြာသွားဖို့ရှိနေပါတယ်။ လက်စတာစီးတီးအသင်းဟာ ပြီးခဲ့သည့်ရာသီက မက်ဂွဲယားကို မန်ချက်စတာယူနိုက်တက်ထံ ရောင်းချခဲ့စဉ်က ရရှိခဲ့သည့် ပေါင်သန်း ၈၀ ထက် မနည်းရရှိမှသာ သူတို့ရဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ ချေဝဲလ်ဟာ ၂၀၂၄ အထိ အသင်းနှင့် စာချုပ်ရှိနေသည့်အတွက်ကြောင့် လက်စီးတီးအနေဖြင့် ချေဝဲလ်ကို ရောင်းထုတ်ဖို့အတွက် အဆောတလျှင် ဆောင်ရွက်စရာမလိုပါဘူး။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ချင်တဲ့ အဓိက ရည်ရွယ်ချက်တစ်ခုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားချင်လို့ပဲဖြစ်ပါတယ်။ ချယ်လ်ဆီးရော၊ မန်ချက်စတာယူနိုက်တက် (၂) သင်းစလုံးဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီးမှာတော့ လက်စတာစီးတီးကို နောက်ကောက်ချပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူသွားခဲ့ပါတယ်။ ဘန်ချေဝဲလ်ကို အဓိက ဆွဲဆောင်နိုင်ခဲ့တာကတော့ ချန်ပီယံလိဂ်ပဲဖြစ်ပါတယ်။ ဘန်ချေဝဲလ်ရောက်လာတော့မှာဖြစ်သည့်အတွက် အသင်းရှိ ဘယ်နောက်ခံလူ...

သူ့လက်ထက်မှာ အာဆင်နယ်ကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင်သွားမည့် #အာတီတာ

အာတီတာဟာ အာဆင်နယ်အသင်းကို ပြီးခဲ့သည့်ရာသီဝက်ကမှ ရောက်ရှိလာခဲ့ပြီး ပထမဦးဆုံးဖလားတစ်လုံးကို ဆွတ်ခူးပေးခဲ့ပါတယ်။ အာတီတာရောက်လာပြီး နောက်ပိုင်း အာဆင်နယ်အသင်းရဲ့ အခြေအနေဟာ အများကြီးတိုးတက်ပြောင်းလဲလာခဲ့တာကို အတိုင်းသားမြင်တွေ့ခဲ့ရတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အများကြီး ပြောင်းလဲသွားခဲ့တယ်။ အာတီတာရဲ့ သူ့ရဲ့ ပထမဦးဆုံး အစကနေကိုင်တွယ်ရမဲ့ ရာသီအတွက် အထူးပြင်ဆင်သွားဖို့ ရှိနေပါတယ်။ အသင်းမှာ အံမဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီးတော့ သူအလိုရှိတဲ့ ကစားသမားတွေကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ ရာအူးလ်ဆန်နလီဟီ ထွက်သွားပိုင်းနောက်ပိုင်း အပြောင်းအရွှေ့ကဏ္ဍကို အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က ကိုင်တွယ်တော့မှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့တွေဟာ ဒီထက်ပိုပြီး ထူးခြားလာနိုင်ပါတယ်။ လောလောဆယ် လိုင်လီနောက်ခံလူ ဂါဘရီရယ်မန်ဂါဟေးစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်သလို၊ နောက်ထပ်ကစားသမားသစ်တွေကို ခေါ်ယူသွားအုံးမှာပါ။ နောက်ထပ်ကစားသမားသစ်တွေ ထပ်မံမခေါ်ယူခင် အသင်းမှာ အံမဝင်တဲ့ ကစားသမားတွေကို အရင်ဆုံးရှင်းထုတ်သွားမှာပါ။ အာတီဟာ လက်ရှိ အသင်းလူစာရင်းထဲက (၁၀)...

လက်ရွှေးစင်အသင်းက တပည့်ကို ဘာစီလိုနာကို ခေါ်ယူဖို့ အလိုရှိနေသည့် ရော်နယ်လ်ကိုးမင်း

ဘာစီလိုနာနည်းပြသစ ်ရော်နယ်လ်ကိုးမင်းဟာ အသက်အရွယ်အရ အကျပိုင်းသို့ ရောက်လာပြီဖြစ်သည့် ၃၃ နှစ်အရွယ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏နေရာကို အစားထိုးဖု့ိအတွက် ဈေးကွက်အတွင်း ကစားသမားသစ်ကို ရှာဖွေလျက်ရှိပါတယ်။ ယခင်က ဘာစီလိုနာအသင်းဟာ လူးဝစ်ဆွာရက်ဇ်ရဲ့ နေရာမှာ အင်တာမီလန်တိုက်စစ်မှူး လူတာရိုမာတီနက်ဇ်ဖြင့် အစားထိုးသွားဖို့ ကြံရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ဟာ ပြောင်းရွှေ့ကြေး အလွန်မြင့်မားသည့်အတွက်ကြောင့် အခက်တွေ့နေရပါတယ်။ ရော်နယ်လ်ကိုးမင်းကတော့ မာတီနက်ဇ်ထက် ဈေးသက်သာပြီး လတ်တလော နာမည်ကြီးနေတဲ့ လိုင်ယွန်တိုက်စစ်မှူး မန်ဖစ်ဒီပေးကို ပိုပြီး အလိုရှိနေပါတယ်။ ကိုးလ်မင်းဟာ ဘာစီလိုနာအသင်းကို ရေရှည်စီမံကိန်းဖြင့် တည်ဆောက်သွားဖို့ ဆုံးဖြတ်ချက်ချထားပြီး အသင်းရဲ့ အားကစားဒါရိုက်တာ နှင့် တွဲဖက်ကာ ကစားသမားအပြောင်းရွှေ့ကို လုပ်ဆောင်သွားဖို့ရှိပါတယ်။ အသင်းဘက်ကလည်း ကိုးလ်မင်းအလိုရှိနေတဲ့ ကစားသမားတွေ အတွက် ငွေကြေးသုံးစွဲပေးသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လိုင်ယွန်တိုက်စစ်မှူး ဒီပေးဟာ လိုင်ယွန်အသင်းမှာ အထောင်တိုက်စစ်မှူးကစားသည့်အပြင် တစ်ခါတစ်ရံမှာ တောင်ပံသို့ ထွက်ကစားနိုင်သည့် အလှည့်အပြောင်းလုပ်လို့ရသည့်...

နံနက်ခင်းပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းတိုများ

တူရင်ကလပ် တိုရီနိုဟာ အေစီမီလန်အသင်းရဲ့ ဘယ်နောက်ခံလူ ရီကာဒို ရိုဒရီဂွတ်စ်ကို ပေါင် ၃ သန်း နှင့်အတူ ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူသွားခဲ့ပြီဖြစ်ပါတယ်။ လူငယ်ကစားသမားဘဝက ရှက်ဖီးယူနိုက်တက်မှာ ဖြတ်သန်းခဲ့ဖူးသော ဘုန်းမောက် ဂိုးသမား ရမ်ဒဲလ်ဟာ အသင်းဟောင်း ရှက်ဖီးယူနိုက်တက်ကို ပေါင် ၁၈.၅ သန်းဖြင့် ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါပြီ။ ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းဟာ ပိုလန်ကလပ် Zaglebie Lubin အသင်းမှ တိုက်စစ်မှူး ဘာတို့ဇ်ဘီလစ်ခ်ကို ယူရို ၅ သန်းဖြင့် ခေါ်ယူလိုက်ပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ဘရာဇီးလ် ကစားသမားအတွဲဖြစ်သည့် ဒေါက်ကလပ်ကော်စတာ နှင့် အဲလက်စ်ဆန်ဒရိုကို ခေါ်ယူဖို့ စဉ်းစားလျက်ရှိပါတယ်။ လိုင်လီနောက်ခံလူ ဂါဘရီရယ် မန်ဂါဟေးစ်ဟာ အာဆင်နယ်အသင်း အပြောင်းရွှေ့ကို အဆုံးသတ်သွားမည်ဖြစ်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ Transfers News

“ဘာစီလိုနာအသင်းကို ကိုင်တွယ်ခွင့်ရတာဟာ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာပြီ” လို့ ဆိုလိုက်တဲ့ နည်းပြသစ် ရော်လ်နယ်ကိုးမင်း

ဘာစီလိုနာအသင်းဟာ လာမည့်နာရီပိုင်းအတွင်းမှာပင် နယ်သာလန်နည်းပြ ရော်လ်နယ်ကိုးမင်းကို တရားဝင်ခန့်အပ်သွားတော့မှာဖြစ်ပါတယ်။ ယခင်နည်းပြဟောင်း ဆက်တီယန်ကို ယမန်နေ့ညက ထုတ်ပယ်သွားပြီဖြစ်သည့်အတွက်ကြောင့် ကိုးမင်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့် ကိုးမင်းဟာ ဘာစီလိုနာအသင်းရဲ့ (၆၆) ယောက်မြောက်သော နည်းပြဖြစ်လာတော့မှာဖြစ်ပါတယ်။ ယမန့်နေ့က ဘာစီလိုနာ CEO အော်စကာဟာ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်နှင့် ကိုးမင်း၏ စာချုပ်လျော်ကြေးကိစ္စအတွက် တစ်နေကုန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ ကိုးမင်းဟာ ယခင်က ယူရို ၂၀၂၀ အပြီးမှ နယ်သာလန်အသင်းနှင့် လမ်းခွဲဖို့ ဆုံးဖြတ်ထားသော်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ၂၀၂၁ သို့ ပြောင်းရွှေ့လိုက်သည့်အတွက် အခြေအနေတွေအားလုံးဟာ ပြောင်းလဲကုန်ပါတယ်။ ဆက်တီယန်ကို မခန့်အပ်ခင်ကတည်းက ဘာစီလိုနာအသင်းဟာ ရော်လ်နယ်ကိုးမင်းကို ချဉ်းကပ်ခဲ့ပေမယ့် ကိုးမင်းကတော့ နယ်သာလန်အသင်းနှင့် ယူရိုပြိုင်ပွဲရှိနေသည့်အတွက် ငြင်းပယ်ခဲ့ပါတယ်။အင်္ဂါနေ့အထိ ကိုးမင်းဟာ နယ်သာလန်အသင်းဌာနချုပ်၌ ရှိနေခဲ့ပြီး သတင်းထောက်များက ဘာစီလိုနာအသင်းနှင့် ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သတ်၍ အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ “အခုချိန်မှာတော့ ကျွန်တော့်ဘက်...