အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ပေါဈေးပဲဈေးနဲ့ ကမ်းလှမ်းလိုက်တဲ့ #PSG

PSG အသင်းဟာ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဟက်တာဘယ်လာရင်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း + Add-ons ပေါင် ၅ သန်းဖြင့် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ PSG အသင်းဟာ ပြီးခဲ့သည့်တပတ်ကတည်းက အာဆင်နယ်အသင်းနှင့် နေ့တိုင်းနီးပါး အပြောင်းအရွှေ့ကိစ္စအတွက် ဆက်သွယ်မှုပြုလုပ်နေပြီး ယခုတခါမှာတော့ တရားဝင်စတင်ကမ်းလှမ်းမှုပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်ပြီးကတည်းက PSG အသင်းဟာ အင်အားတောင့်တင်းအောင် ပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်။

PSG အသင်းနည်းတူ ဘိုင်ယန်မြူးနစ် နှင့် ဂျူဗင်တပ်စ်အသင်းတို့ကလည်း ဘယ်လာရင်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၃ အထိ စာချုပ်သက်တမ်းရှိနေပါသေးတယ်။ ဘယ်လာရင်ရဲ့ အပြောင်းအရွှေ့ဟာ နည်းပြ အာတီတာအတွက်တော့ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ အာတီတာဟာ နောက်တန်းအတွက် ဂါဘရီရယ်မန်ဂါဟေးစ် နှင့် ပါဘလို မာရီ (၂) ဦးထဲကို ပေါင် ၄၁ သန်းသုံးစွဲပြီး အင်အားဖြည့်တင်းခဲ့သလို၊ ဆောက်သမ်တန်က ဆီးဒရစ် ဆိုးရက်စ်ကိုလည်း ခေါ်ယူထားပါသေးတယ်။

PSG want Hector Bellerin transfer despite 'overrated' Arsenal price tag - Daily Star

အာဆင်နယ်အသင်းအနေနဲ့ နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ အလားအလာရှိပေမယ့် လောလောဆယ် အသင်းမှာ ရှိနေတဲ့ ကစားသမားတချို့ကို ရောင်းထုတ်ပြီးမှသာ ရှေ့ဆက်စခန်းသွားဖို့ရှိပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ဘယ်လာရင်နဲ့ ကစားသမားဘဝကတည်းက လက်တွဲလာခဲ့သလို၊ နည်းပြဘဝမှာလည်း ဘယ်လာရင်နဲ့ ဆက်လက် လက်တွဲသွားဖို့ ဆန္ဒရှိပါတယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ ဘယ်လာရင် အပါအဝင် အသင်းက ကစားသမားတော်တော်များများအတွက် ဈေးဖွင့်ထားပြီး ကြိုက်ဈေးရပါက ရောင်းချသွားမဲ့အနေအထားမှာရှိပါတယ်။

TRANSFER RUMOR: Arsenal's Hector Bellerin offered to PSG - The Short Fuse

Transfers news

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment