ဟီဂူအင်ကို ထွက်ခွာခွင့်ပြုခဲ့ပြီးနောက် ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြင့် ပြန်လည်အစားထိုးသွားမည့် #ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုဟာ အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး ဂွန်ဇာလိုဟီဂူအင်ကို ထွက်ခွာခွင့်ပြုလိုက်ပြီးနောက် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ဈေးကွက်အတွင်း ရှာဖွေခဲ့ပါတယ်။ သူတို့လိုချင်တဲ့ပုံစံနဲ့ကိုက်ညီတဲ့ တိုက်စစ်မှူးကို ရှာတွေ့သွားခဲ့ပါပြီ။ သူကတော့ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ပဲဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ရော်နယ်လ်ကိုးမင်း တာဝန်ယူပြီးချိန်ကစလို့ အသင်းကနေရောင်းထုတ်ခံရမဲ့စာရင်းထဲမှာ နံပတ်တစ် ပြေးနေတာဖြစ်ပါတယ်။ အီတလီထုတ်သတင်းစာတစ်ခုဖြစ်သည့် Gazzetta Dello Sport မှာတော့ ဆွာရက်ဇ်ရဲ့ အေးဂျင့်နဲ့ ဂျူဗင်တပ်စ် တာဝန်ရှိသူတွေဟာ ဒုတိယအကြိမ်မြောက်တွေ့ဆုံပြီးနောက် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

Gonzalo Higuain VS Luis Suarez 2016-2017 | Who Wins ? HD - YouTube

ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၆ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးပါပြီ။ တက်နိုင်သလောက် ဘာစီလိုနာအသင်းအတွက် ပခုံးထမ်းတင်ပေးခဲ့ပေမယ့် နည်းပြအပြောင်းအလဲဖြစ်လာချိန်မှာတော့ အသင်းကနေထွက်သွားရမဲ့ အခြေအနေတစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဘာစီလိုနာအသင်းက ထွက်သွားဖို့ ပြောလာခဲ့ရင် ဝန်လေးနေမှာမဟုတ်ပဲ ထွက်သွားမှာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းရှင်းထားပြီးသားပါ။ ဘာစီလိုနာနည်းတူ ဂျူဗင်တပ်စ်အသင်းကလည်း နည်းပြအပြောင်းအလဲလုပ်ထားတာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။

Juventus have real interest in Luis Suarez -Juvefc.com

ဒါကြောင့် နက်ဗက်ဦးဆောင်တဲ့ ဂျူဗင်တပ်စ် တာဝန်ရှိသူတွေဟာ လူးဝစ်ဆွာရက်ဇ် နှင့် ချိတ်ဆက်တွေ့ဆုံပြီး အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံမှု (၂) ကြိမ်မြောက်မှာတော့ ကစားသမား နှင့် ဂျူဗင်တပ်စ်တို့ သဘောတူညီမှုရရှိခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်တို့ ပြောင်းရွှေ့ကြေးကိစ္စကို ဆွေးနွေးသွားဖို့ရှိပါတယ်။ လောလောဆယ် ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ တစ်နှစ်ကို အခွန်ဆောင်ပြီး ယူရို ၁၀ သန်းလောက် ခံစားခွင့်ရရှိထားပါတယ်။ ဂျူဗင်တပ်စ်အသင်းအနေ အီတလီနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်အရ နဲ့ ဆွာရက်ဇ်ကို နောက်ထပ် ယူရို ၅ သန်းလောက် တိုးပေးပြီး စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားပါတယ်။

Leicester City linked with stunning move for Barcelona striker Luis Suarez - Leicestershire Live

Sports Village

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment