လှုပ်လှုပ်ရှားရှား အပြောင်းအရွှေ့ သတင်းတိုများ

အာဆင်နယ်အသင်းဟာ ရိုးမားအသင်းမှာ အဌားဖြင့် သွားရောက်ကစားလျက်ရှိသော တောင်ပံကစားသမား မီခီတာရမ်ကို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး ရိုးမားအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

Henrikh Mkhitaryan's Arsenal nightmare comes to an end as Roma seal permanent deal for winger

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအချိန် အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ လက်မလျော့သေးပဲ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေပါတယ်။

BIRMINGHAM, ENGLAND – JANUARY 12: Jack Grealish of Aston Villa during the Premier League match between Aston Villa and Manchester City at Villa Park on January 12, 2020 in Birmingham, United Kingdom. (Photo by James Williamson – AMA/Getty Images)

လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် ဂိုးသမား ဘရာဗိုကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

Real Betis hace oficial el fichaje de Claudio Bravo: Es el segundo fichaje de Manuel Pellegrini | RedGol

ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်တော့သည့် ကွင်းလယ်လူ ဝိုင်နယ်ဒမ်ကို ပေါင် (၂၁) သန်းဖြင့် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ရော်နယ်လ်ကိုးမင်းဟာ ဝိုင်နယ်ဒမ်ကို နူကမ့်မှာ ပြန်လည်လက်တွဲလိုပါတယ်။

မာဆေးလ်အသင်းဟာ အင်တာမီလန် နှင့် ဂါလာတာစာရေးတို့၌ ကစားခဲ့ဖူးသော ဂျပန်လက်ရွှေးစင် ဘယ်နောက်ခံလူ ယူတိုနာဂါတိုမို အားအလွတ်ကြေးဖြင့် ခေါ်ယူခဲ့ပါတယ်။

Marseille add Japanese veteran Nagatomo on free transfer | theScore.com

အေစီမီလန်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ဇလာတန်အေဗရာမိုဗစ်ချ်ကို နောက်ထပ်တစ်ရာသီ သက်တမ်းတိုးစာချုပ်ထပ်မံချုပ်ဆိုနိုင်ခဲ့ကြောင်း တရားဝင်ကြေငြာသွားခဲ့ပါတယ်။

AC Milan preparing Zlatan Ibrahimovic contract renewal - report - Eurosport

အာဆင်နယ်အသင်းရဲ့ လစာအမြင့်ဆုံးခံစားခွင့်ရရှိထားတဲ့ကွင်းလယ်လူ မီဆွတ်အိုဇေးလ်ကို ဆော်ဒီကလပ် အယ်နပ်ဆာအသင်းမှ တစ်နှစ်လုပ်ခလစာ ပေါင် ၁၅သန်းဖြင့် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။

Is Mesut Ozil available for Arsenal?

Transfers News

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment