စီဘယ်လော့စ်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရရှာတဲ့ #အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ စီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ စီဘယ်လော့စ်ဟာ ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းမှာ တစ်ရာသီကြာ အဌားဖြင့် လာရောက်ကစားပြီး အင်္ဂလန်မြေမှာ အံဝင်အောင်ကစားနိုင်ခဲ့ပါတယ်။ အသင်းနှင့် လိုက်လျောညီထွေကစားနိုင်တဲ့ စပိန်ကစားသမား စီဘယ်လော့စ်ကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက်ရှိပါတယ်။ စီဘယ်လော့စ်ဟာ အနေဖြင့် ရီးရဲလ်မက်ဒရစ်မှာ ဆက်နေမည်ဆိုပါက ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရဖို့ ခက်ခဲနိုင်ပါတယ်။ လောလောဆယ် ကစားသမားနှင့် အာဆင်နယ်အသင်းကြားဆွေးနွေးမှုများပြုလုပ်လျက်ရှိသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းနှင့် တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးတာမျိုးမရှိသေးပါဘူး။

အာဆင်နယ်အသင်းကလည်း ရီးရဲလ်မက်ဒရစ်အသင်း၏ ဆုံးဖြတ်ချက်ကို အချိန်တစ်ခုပေးကာ စောင့်ဆိုင်းလျက်ရှိပြီး အဆင်မပြေခဲ့ပါက တခြားကစားသမားတစ်ယောက်ကို အစားထိုးခေါ်ယူသွားဖွယ်ရှိပါတယ်။ အတက်နိုင်ဆုံးစီဘယ်လော့စ်နဲ့ ပတ်သတ်၍ အာတီတာက အကောင်းဆုံး မျှော်လင့်ထားပါတယ်။ “ကောင်းပြီ၊ ကျွန်တော်တို့နဲ့ ဒန်နီကြားမှာ စကားပြောဆိုတာလေးတွေရှိနေပါတယ်။ ဒန်နီကလည်း သူနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ သဘောထားကို ကောင်းကောင်း နားလည်ပါတယ်။ ကျွန်တော်လိုပဲ သူလည်း ပွင့်ပွင့်လင်းလင်းရှိပြီးသားပါ”

Dani Ceballos hails Mikel Arteta after finding his 'unusual' Arsenal role - Mirror Online

” သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အာဆင်နယ်မှာ ဆက်ရှိနေဖို့ပါပဲ။ ဒါပေမယ့် ဒီကိစ္စမှာ ရီးရဲလ်မက်ဒရစ်ကပါနေတယ်လေ။ အခုထိ သူတို့ရဲ့ ကစားသမားကို ဘယ်လိုလုပ်ချင်သလဲဆိုတာကို တိတိကျကျ ဆုံးဖြတ်ချက်မချရသေးဘူး။ သူလိုကစားသမားမျိုးကို ကျွန်တော်တို့က အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားတယ်။ ဘာကြောင့်ဆိုတော့ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံးအချိန်တွေကို ကျွန်တော်တို့ကောင်းကောင်း မြင်လိုက်ရတယ်လေ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာကို ကျွန်တော်ကိုယ်တိုင် သိပါတယ်” လို့ ပြောခဲ့ပါတယ်။ ချယ်လ်ဆီးတောင်ပံကစားသမား ဝီလီယံကို အလွတ်ကြေးဖြင့် ခေါ်ယူခဲ့ပြီးနောက် လိုင်လီနောက်ခံလူ ဂါဘရီရယ်လ်မန်ဂါဟေးစ်ကို ပေါင် ၂၅ သန်းဖြင့်ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ နောက်ထပ် ကွင်းလယ်အဖျက်တစ်နေရာအတွက် အာဆင်နယ်အသင်းဟာ အေတီကိုကွင်းလယ်လူ သောမတ်စ်ပါတေးကို ခေါ်ယူဖို့ချိန်ရွယ်ထားပြီး ကမ်းလှမ်းမှုပြုလုပ်လျက်ရှိပါတယ်။

Arteta: “Ceballos' intention was to stay at Arsenal” - Managing Madrid

Transfers News

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment