ဥရုဂွေး၊ နယ်သာလန်၊ အင်္ဂလန် နှင့် စပိန်မြေတို့မှာ ကစားပြီးနောက် အီတလီမြေကို ပြောင်းရွှေ့ကစားဖို့ အလားအလာရှိသည့် ဆွာရက်ဇ်

အသက် (၃၃) နှစ်ရှိပြီဖြစ်သည့် ဘာစီလိုနာအသင်းရဲ့ ဂိုးသွင်းစက်ကြီး လူးဝစ်ဆွာရက်ဇ်ဟာ နည်းပြသစ် ရော်နယ်လ်ကိုးမင်းရဲ့ အနာဂတ်အစီအစဉ်ထဲမှာ မပါဝင်တော့ဘူးလု့ိ သတင်းတွေထွက်နေသလို၊ အပြောင်းအရွှေ့အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ကစားသမားဘဝတစ်လျှောက်မှာ ဥရုဂွေးက နေစီယွန်၊ နယ်သာလန်က ဂရိုနင်ဂျန် နှင့် အေဂျက်စ် ၊ အင်္ဂလန်က လီဗာပူးလ် နှင့် စပိန်မြေမှာဆိုရင် ဘာစီလိုနာအသင်းတို့မှာ ကစားခဲ့ဖူးသော်လည်း အီတလီမြေမှာ တကြိမ်တခါမှကစားခဲ့ဖူးခြင်းမရှိသေးပါဘူး။ နည်းပြအပြောင်းအလဲလုပ်ထားသည့် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Goal.com ကဖော်ပြထားပါတယ်။

ပီယာလိုကလည်း အသင်းကို ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေပြီး တိုက်စစ်စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်ကို ဒီနွေရာသီမှာ အသင်းကနေထွက်ခွာခွင့်ပြုလိုက်ပါပြီ။ ဒီအတွက်ကြောင့် ပြီးခဲ့တဲ့နှစ်က အဲဗာတန်အသင်းကို ရောင်းထားတဲ့ လူငယ်လေး မွိုက်ကိန်းကို အဌားနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေသည့်အပြင် ဆွာရက်ဇ်ကိုပါ အိုးလေဒီ လူစာရင်းထဲ ပေါင်းထည့်ချင်နေပါတယ်။ ဆွာရက်ဇ်ကိုယ်တိုင်လည်း ရော်နယ်လ်ကိုးမင်းရဲ့ သုတ်သင်ရှင်းလင်းရေး အုပ်စုထဲမှာ ထည့်ဆုံးမှပါဝင်နေပြီး ကလပ်ဘက်မှ တရားဝင်ထုတ်မပြောသည့်တိုင်အောင် အရောင်းခံရမည့် ကစားသမားတစ်ဦးဖြစ်နေပါတယ်။ အသင်းမှ အလိုမရှိတော့တဲ့အချိန်ကျရင် တွယ်ကပ်မနေပဲ ထွက်သွားမယ်လို့ ဆွာရက်ဇ်က ကြေငြာထားပါတယ်။

Luis Suarez 'has been offered to Juventus' as Andrea Pirlo considers a move for Barcelona outcast | Daily Mail Online

“ဥက္ကဌရဲ့လက်ထဲမှာ အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး နာမည်စာရင်းရောက်နေတယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော့်ကိုတော့ သူတို့ဘက်က ဘယ်လိုလုပ်ချင်တယ်ဆိုတာကို တစ်ယောက်မှ လာမပြောသေးဘူး။ တကယ်လို့ ကျွန်တော်ထွက်သွားရမယ်ဆိုရင်လည်း ကျွန်တော့်ကို တိုက်ရိုက်လာပြောလိုက်ပါ။ ပိုအဆင်ပြေတာပေါ့။ ဘာကာမှာ ကစားလာတာ ၆ နှစ်ရှိပြီ။ ကျွန်တော့်ကို ထွက်စေချင်တယ်ဆိုရင် တိုက်ရိုက်ပြောလိုက်ပါဗျာ။ အားလုံးမြင်ရတာပေါ့။ ကျွန်တော်ကတော့ အသင်းအတွက် အကောင်းဆုံးပေးဆပ်ချင်နေတုန်းပဲ။ ကျွန်တော့်ရဲ့တစ်နေတာ အစီအစဉ်တွေထဲမှာ ရှေ့ဆက်သွားဖို့ပါပဲ။ ထွက်သွားပါလို့ ပြောခဲ့ရင်လည်း ကျွန်တော့်ဘက်က ဆုံးဖြတ်ချက်ချတဲ့သူတွေကို စောဒကတက်ဖို့ အကြောင်းမရှိပါဘူး။ ကစားနိုင်သရွှေ့တော့ ဆက်ပြီးကစားချင်တာ ကျွန်တော့်ရဲ့ ဆန္ဒပါပဲ။ တက်နိုင်သရွှေ့ပေးဆပ်ချင်တယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေအားလုံးကို ခံစားမိတယ်။ သူတို့တွေဟာ ကျွန်တော့်ကို အားဖြစ်စေခဲ့တယ်” လို့ ယခင်တပတ်က ဆွာရက်ဇ်က ပြောခဲ့ဖူးပါတယ်။

Ronald Koeman tells Luis Suarez he's not in his Barcelona plans - Barca Blaugranes

Goal.com

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment