#Official : ဘန်ချေဝဲလ်အပြောင်းအရွှေ့ကို တရားဝင်ကြေငြာသွားခဲ့ပြီဖြစ်သည့် ချယ်လ်ဆီး

ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိသည့် ချယ်လ်ဆီးအသင်းဟာ တတိယမြောက်ကစားသမားသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကို ချယ်လ်ဆီးအသင်းဟာ ပေါင်သန်း ၅၀ သုံးစွဲပြီး ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘန်ချေဝဲလ်ဟာ ပြီးခဲ့သည့်ရာသီက လက်စတာစီးတီးအသင်းနှင့် စုစုပေါင်း ၂၇ ပွဲကစားခွင့်ရရှိခဲ့ပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် ဝမ်းသာမိသလို၊ ဖရန့်လမ်းပတ်ရဲ့ စီမံကိန်းမှာ ပူးပေါင်းခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်း ဘန်ချေဝဲလ်က ပြောခဲ့ပါတယ်။

“ဒီလို စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ဒီလို ငယ်ရွယ်ပြီး သွက်လက်ဖျက်လက်တဲ့ ဖရန့်လမ်းပတ် ဦးဆောင်တဲ့ လူငယ်အသင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်သလို၊ နောက်ရာသီမှာ ဆုတံဆိပ်တွေ အတွက် စိန်ခေါ်မှုတွေပြုလုပ်သွားမှာပါ။ အသင်းနဲ့အတူ စတင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဘရစ်ချ်ကွင်းကြီးထဲကို ပရိသတ်တွေ ပြန်လည်ဝင်ရောက်နိုင်ဖို့လည်း သိပ်မကြာတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ လက်မှတ်ရေးထိုးပွဲမှာ ဘန်ချေဝဲလ်က ပြောခဲ့ပါတယ်။

Transfers News

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment