ပုံမှန်ပွဲကစားခွင့်အတွက် ဝုလ်ဗ်ကို ရွေးချယ်သွားခဲ့တဲ့ အိန်းစလေ မစ်လန်း-နိုင်းစ်

ကွင်းလယ်ကစားသမားလေး အိန်းစလေ မစ်လန်း-နိုင်းစ်ကတော့ ပုံမှန်ပွဲထွက်ကစားခွင့်အတွက် ဝုလ်ဗ်အသင်းကို ရွေးချယ်သွားခဲ့ပြီး အာဆင်နယ်အသင်းကလည်း ပေါင်သန်း (၂၀)နဲ့ ရောင်းချပေးသွားတော့မှာဖြစ်ကြောင်း သိရပါတယ်။ အသက် (၂၂)နှစ်သားလေးဟာ ကွင်းလယ်မှာ ကစားချင်သူဖြစ်ပေမယ့်လည်း အသင်းရဲ့လိုအပ်ချက်အရ ဘယ်နောက်ခံလူနေရာနဲ့ ညာနောက်ခံလူနေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး ဂန်းနားတို့ဆီမှာတော့ ပွဲထွက်ခွင့်သိပ်မရ ဖြစ်ခဲ့ပါတယ်။

Wolves close in on £20m Ainsley Maitland-Niles transfer as Arsenal ...

နည်းပြအာတီတာလက်အောက်မှာ စည်းကမ်းပိုင်း အားနည်းချက်အချို့ကြောင့် အစပိုင်းမှာ နေရာမရခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကောင်းဆုံးကြိုးစားမှုနဲ့အတူ အားကိုးရတဲ့ ကစားသမားဖြစ်လာခဲ့ပြီး FA ဖလားရရှိခဲ့ရာမှာ တထောင့်တနေရာကနေ အရေးပါခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်းစ်အတွက်ကတော့ လာမယ့်ရာသီမှာလည်း အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ မလွယ်ကူသေးတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးကို ဝုလ်ဗ်က အမိအရ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Wolverhampton Wanderers 'closing in on Ainsley Maitland-Niles deal ...

အာဆင်နယ်အသင်းနဲ့ ဝုလ်ဗ်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ ပေါင်သန်း (၂၀)ဝန်းကျင်နဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။ အင်္ဂလန်သားလေးဟာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ငယ်မွေးခြံပေါက်ကစားသမားတဦးဖြစ်ပြီး (၂၀၁၄)ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

Wolves set to sign Arsenal's Maitland-Niles – OJB SPORT

နိုင်းစ်ရဲ့ နေရာစုံကစားနိုင်တဲ့ အရည်အသွေးတွေကို ဝုလ်ဗ်အသင်းက သဘောကျနေတာဖြစ်ပြီး ကစားသမားလေးကိုယ်တိုင်ကလည်း နည်းပြဖြစ်သူ နူနိုဆန်တိုရဲ့ လက်အောက်မှာ ကစားရတာဟာ သူ့ကစားသမားဘဝအတွက် အကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဝုလ်ဗ်အသင်းအနေနဲ့ အားကိုးရတဲ့ ဘယ်နောက်ခံကစားသမား ဂျွန်နီအော့တိုတယောက် ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အနားယူနေရတာက နိုင်းစ်ကို ခေါ်ယူဖို့ရာ ဖြစ်တည်လာစေပြီး (၄)နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

Credit – Arsenal Myanmar

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment