ဟာဗက်ဇ်ကို ရောင်းချပြီးနောက် ရလာသည့်ငွေဖြင့် ရိုးမားတိုက်စစ်မှူးကို ခေါ်ယူသွားမည့် #လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ သူတို့ရဲ့အားထားရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းဟာဗက်ဇ်ကို ချယ်လ်ဆီးအသင်းထံ ယူရိုသန်း ၁၀၀ ဖြင့် ရောင်းချဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်။ ယခုတပတ်အတွင်းမှာ ဟာဗက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်သွားဖို့ရှိနေပါတယ်။ လေဗာကူဆင်ဟာ ရလာသည့်ငွေကြေးဖြင့် ရိုးမားမှ RB လပ်ဇစ်သို့ အဌားဖြင့် လာရောက်ကစားနေသော ချက်လက်ရွှေးစင် တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ် ကို ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

With Havertz deal agreed, Bayer ready to step up efforts for ...

ပက်ထရစ်ရှစ်ခ်ဟာ ၂၀၁၉-၂၀ ရာသီမှာ ရိုးမားမှ RB လပ်ဇစ်အသင်းသို့ တစ်ရာသီအဌားဖြင့် လာရောက်ကစားနေတာဖြစ်ပါတယ်။ယခင်က RB လပ်ဇစ်အသင်းဟာ အဌားတစ်ရာသီခေါ်ယူပြီးနောက် နောက်ရာသီမှာ အပြီးသတ်ခေါ်ယူဖို့ စီစဉ်ထားသော်လည်း ရိုးမားအသင်းက တောင်းဆိုသည့် ယူရိုသန်း ၃၀ ကို မတက်နိုင်သည့်အတွက်ကြောင့် လက်လျော့ခဲ့ရတာဖြစ်ပါတယ်။ ပက်ထရစ်ရှစ်ခ်ကို စီးရီးအေကလပ်များဖြစ်သည့် ဖီအိုရင်တီးနားနှင့် တိုရီနိုတို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရိုးမားကတော့ လေဗာကူဆင်အသင်းဆီကိုသာ ပို့ဆောင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

Calciomercato Roma, confermata anticipazione CM.IT: accordo per Schick

ပြီးခဲ့သည့် ရာသီက ပက်ထရစ်ရှစ်ခ်ဟာ စုစုပေါင်း ၂၈ ပွဲကစားခဲ့ရပြီး ၁၀ ဂိုးသွင်းယူထားခဲ့ပါတယ်။ နာမည်ကြီး ဂျာနယ်လစ် Fabrizio Romano ၏ ဖော်ပြချက်အရ ယနေ့ညနေ့မှာပင် လေဗာကူဆင်အသင်းဟာ ပက်ထရစ်ရှစ်ခ်ကို အပိုဆုကြေးငွေများအပါအဝင် ယူရိုသန်း ၃၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းသွားမည်ဟု သိရပါတယ်။ ဟာဗက်စ်ကို ယူရိုသန်း ၁၀၀ ဝန်းကျင်ဖြင့် ရောင်းချထားပြီဖြစ်တဲ့အတွက် ပက်ထရစ်ရှစ်ခ်အပြောင်းအရွှေ့ကို လေဗာကူဆင်တို့အနေဖြင့် စိတ်အေးလက်အေး ဆောင်ရွက်သွားလို့ရပါတယ်။

BREAKING: Bayer Leverkusen Receive offer of €65m Plus €15m in Add ...

Transfers News

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment