နောက်ထပ် ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားအုံးမည်ဟု မန်စီးတီးဥက္ကဌ မူဘာရက် ကတိပြု

နာသန်အာကီ နှင့် ဖာရန်တောရက်စ်တို့ကို ခေါ်ယူထားပြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဒီ (၂) ယောက်နဲ့တင် မလုံလောက်သေးပဲ အသင်းအတွက် သင့်တော်သည့်ကစားသမားသစ်များကို ထပ်မံခေါ်ယူသွားဖို့ရှိသေးကြောင်း စီးတီးရဲ့ ဥက္ကဌ မူဘာရက်က ကတိပြုခဲ့ပါတယ်။ စီးတီးဟာ တောင်ပံကစားသမား လီရွိုင်းဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင် ၅၅ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် နာသန်အာကီကို ပေါင် ၄၁ သန်းဖြင့် လည်းကောင်း၊ ဖာရန်တောရက်စ်ကို ပေါင် ၂၁ သန်းဖြင့် လည်းကောင်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် ရိုက်ခတ်မှုတစုံတရာရှိသည့်အတွက်ကြောင့် ၎င်းတို့ရဲ့ အပြောင်းအရွှေ့မူဝါဒကိုလည်း သင့်သလို ပြောင်းလဲသွားမည်ဖြစ်ကြောင်း မူဘာရက်က ဆိုပါတယ်။

လတ်တလောမှာတော့ စီးတီးဟာ ဗဟိုခံစစ်မှူးတစ်ယောက်ကို ထပ်မံခေါ်ယူဖို့အတွက် စီစဉ်ထားပြီး နာပိုလီရဲ့ အခရာကျတဲ့ နောက်ခံလူ ကူလီဘာလီကို ပေါင် ၇၁ သန်းဖြင့် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ထို့အပြင် ဒဏ်ရာမကြာခဏရတက်တဲ့ နောက်တန်းဘယ်စွန်လူ ဘင်ဂျမင်မန်ဒီရဲ့ နေရာကိုလည်း ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်နေပါတယ်။ မန်ဒီရဲ့ နေရာမှာ ဇင်ချန်ကို နှင့် ကန်ဆယ်လိုတို့ အစားထိုးဝင်ရောက်ကစားနိုင်သော်လည်း ဂွာဒီယိုလာစိတ်ကြိုက်မဖြစ်သည့်အတွက်ကြောင့် ကစားသမားသစ်ကို ထပ်မံခေါ်ယူမှာဖြစ်ပါတယ်။ အပြောင်းအရွှေ့တစ်ခုလုပ်တိုင်း ကပ်ရောဂါရဲ့ တွန်အားကြောင့် အမြဲတမ်းဘဏ္ဍာရေးအနေအထားကို စောင့်ကြည့်ပြီး လှုပ်ရှားရကြောင်း မူဘာရက်က ပြောခဲ့ပါတယ်။

“အပြောင်းအရွှေ့တစ်ခုလုပ်မယ်ဆိုရင် ခင်ဗျားဘက်က သေချာလေးစဉ်းစားဖို့လိုအပ်တယ်။ ဒါဟာဈေးကွက်ကို သတိတရားစွဲကိုင်ပြီးတော့ ချဉ်းကပ်တာလို့ ပြောရမှာပေါ့။ ကျွန်တော်ကတော့ အခု အဲ့ဒီနည်းအတိုင်းသွားနေတယ်။ တချိန်ထဲမှာပဲ ကျွန်တော့်ရဲ့ အတွေးကတော့ ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ဟာ ဘယ်သောအခါမှ ၁ ရာသီလောက်ကို မတွေးဘူး။ ကျွန်တော်တို့က ၃-၄-၅ နှစ်၊ ၁၀ နှစ်လောက်ကို ကြိုတွေးတာပါ။ ဘယ်အပြောင်းအလဲ၊ ဘယ်တိုးတက်မှုက ကျွန်တေ်ာတို့ လူစာရင်းအတွက် အဆင်ပြေမလဲဆိုတာကိုတွေးတယ်။ ပြီးမှ အပြောင်းအလဲလုပ်တယ်။ အခုလည်း ဒီတိုင်းပဲ ကျွန်တော်တို့ လုပ်မှာပဲ။ အပြောင်းအရွှေ့လုပ်ရင် ချင့်ချင့်ချိန်ချိန် နဲ့ လက်တွေ့ဆန်ဆန်လုပ်ရတယ်။ ဘယ်လိုလုပ်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို သိရတယ် ”

Khaldoon Al Mubarak: "We will crack" MLS with New York City FC ...

“အခုလောလောဆယ် ခင်ဗျားတို့မြင်တဲ့အတိုင်း ကစားသမားသစ် (၂) ယောက်ခေါ်ပြီးသွားပြီ၊ အကီ နဲ့ ဖာရန် တောရက်စ်ပေါ့။ ဒီ ကစားသမား ၂ ယောက်အကြောင်းကို ကျွန်တေ်ာတို့ကောင်းကောင်း သိတဲ့အပြင်၊ အရင်ကတည်းက ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေဖြစ်တယ်။ ခေါ်ဖို့အခွင့်အရေးရလာချိန်မှာလည်း သွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန်ခေါ်ယူလိုက်တယ်။ နောက်ထပ် ကစားသမားသစ်တွေကို ကျွန်တော်တို့ လူစာရင်းထဲကို ပေါင်းထည့်အုံးမှာပါ။ ယနေ့ဖြစ်ပျက်နေတဲ့ ဈေးကွက်ပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့မူဝါဒကို အသေဆုပ်ကိုင်မထားပဲ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်သွားမှာပါ” လို့ မူဘာရက်က ပြောခဲ့ပါတယ်။ မူဘာရက်ဆိုလိုသည်က ၎င်းတို့သတ်မှတ်ထားသည့် အပြောင်းအရွှေ့မူဝါဒကို အသေမထားပဲ အသင်းရဲ့ လိုအပ်ချက်၊ ဈေးကွက်ရဲ့ လက်ရှိအခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။

Manchester City FFP investigation: Chairman Khaldoon Al Mubarak ...

Transfers News

admin

Leave a Reply

Your email address will not be published. Required fields are marked *

Post comment