မောက်၊ ဘာကလေ၊ ရူဒီဂါ ၏ ဒဏ်ရာ‌အကြောင်း ပြောပြခဲ့တဲ့ လမ်းပတ်

ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)ရဲ့ စနေနေ့ည အစောဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးနှင့် ခရစ္စတယ်ပဲလေ့အသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်နဲ့ ပက်သက်ပြီး ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ဟာ အသင်း၏ အချက်အလက်များ၊ ကစားသမားများ၏ ဒဏ်ရာ‌အခြေအနေများကို ပြောပြလေ့ရှိသည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ည အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ခရစ္စတယ်ပဲလေ့နဲ့ ပွဲစဉ်အတွက် နည်းပြ ဖရန့်လမ်းပတ်ဟာ ဒဏ်ရာရ ကစားသမား၏ အခြေအနေများကို ရှင်းပြခဲ့ပါတယ်။ နည်းပြ ဖရန့်လမ်းပတ်၏ ကွင်းလယ်လူစာရင်းတွင် အန်ဂိုလို ကန်တေ ပြန်လည်ကစားနိုင်ဖို့ ရှိနေပြီး ဘာ‌ကလေ၊ လော့တပ်ချိစ်တို့ဟာ ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် မတ်ဆွန်မောက်ဟာ ပါဝင်နိုင်မလား စောင့်ကြည့်နေရဆဲ အခြေအနေမှာပဲ ရှိနေပါတယ်။

လမ်းပတ်က ” ရော့စ်ဟာ နက်ဖြန်ပွဲစဉ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ သူ့မှာ မဖြစ်မနေ ဖြေရှင်းရမယ့် ဒဏ်ရာရှိနေပါတယ်။ မေဆန်မောက်ဟာ လူစာရင်းမှာတော့ ပါဝင်လာနိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ သူ့၏ဒဏ်ရာကို နောက်ထပ် (၂၄) နာရီထိ အချိန်ပေး စောင့်ကြည့်ပြီး ရွေးချယ်ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ကာလအတန်ကြာ အနားယူနေရသည့် နောက်ခံလူ ရူဒီဂါ နဲ့ ပက်သက်ပြီး နည်းပြလမ်းပတ်မှ ပြောပြခဲ့ပါတယ်။

” အန်တိုနီယိုဟာ ခွဲစိတ်မှုတစ်ခု ပြုလုပ်ထားရပါတယ်။ ဒါကြောင့် သုံးပတ်လောက် လွဲချော်သွားဦးမှာပါ။ ပြီးရင်တော့ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို မြင်တွေ့ရပါလိမ့်မယ်။ ဒီသုံးပတ်အတွင်းမှာ ကျွန်တော်တို့ အခြေအနေတွေကို သိလာမယ်လို့ မျှော်လင့်ရပါတယ်။ အဓိက ကစားသမားတွေ မပါဘဲ ရင်ဆိုင်ကျော်လွှား တတ်ရပါမယ်” လို့ ဖရန့်လမ်းပတ်က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောပြခဲ့ပါတယ်။

[ZG]

ေမာက္၊ ဘာကေလ၊ ႐ူဒီဂါ ၏ ဒဏ္ရာ‌အေၾကာင္း ေျပာျပခဲ့တဲ့ လမ္းပတ္

ပရီးမီးယားလိဂ္ ပြဲစဥ္(၁၂)ရဲ႕ စေနေန႔ည အေစာဆုံးပြဲစဥ္အျဖစ္ ခ်ယ္လ္ဆီးႏွင့္ ခရစၥတယ္ပဲေလ့အသင္းတို႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ အဆိုပါ ပြဲစဥ္နဲ႔ ပက္သက္ၿပီး ခ်ယ္လ္ဆီးအသင္း၏ နည္းျပျဖစ္သူ ဖရန႔္လမ္းပတ္ဟာ အသင္း၏ အခ်က္အလက္မ်ား၊ ကစားသမားမ်ား၏ ဒဏ္ရာ‌အေျခအေနမ်ားကို ေျပာျပေလ့ရွိသည့္ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲကို ယေန႔ည အေစာပိုင္းက ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ ခရစၥတယ္ပဲေလ့နဲ႔ ပြဲစဥ္အတြက္ နည္းျပ ဖရန႔္လမ္းပတ္ဟာ ဒဏ္ရာရ ကစားသမား၏ အေျခအေနမ်ားကို ရွင္းျပခဲ့ပါတယ္။ နည္းျပ ဖရန႔္လမ္းပတ္၏ ကြင္းလယ္လူစာရင္းတြင္ အန္ဂိုလို ကန္ေတ ျပန္လည္ကစားႏိုင္ဖို႔ ရွိေနၿပီး ဘာ‌ကေလ၊ ေလာ့တပ္ခ်ိစ္တို႔ဟာ ဒဏ္ရာျပႆနာမ်ားျဖင့္ ရင္ဆိုင္ေနရပါတယ္။ ဒါ့အျပင္ မတ္ဆြန္ေမာက္ဟာ ပါဝင္ႏိုင္မလား ေစာင့္ၾကည့္ေနရဆဲ အေျခအေနမွာပဲ ရွိေနပါတယ္။

လမ္းပတ္က ” ေရာ့စ္ဟာ နက္ျဖန္ပြဲစဥ္မွာ ပါဝင္ႏိုင္ဦးမွာ မဟုတ္ပါဘူး။ သူ႔မွာ မျဖစ္မေန ေျဖရွင္းရမယ့္ ဒဏ္ရာရွိေနပါတယ္။ ေမဆန္ေမာက္ဟာ လူစာရင္းမွာေတာ့ ပါဝင္လာႏိုင္မွာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔၏ဒဏ္ရာကို ေနာက္ထပ္ (၂၄) နာရီထိ အခ်ိန္ေပး ေစာင့္ၾကည့္ၿပီး ေ႐ြးခ်ယ္ဆုံးျဖတ္သြားရမွာ ျဖစ္ပါတယ္” လို႔ ဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး ကာလအတန္ၾကာ အနားယူေနရသည့္ ေနာက္ခံလူ ႐ူဒီဂါ နဲ႔ ပက္သက္ၿပီး နည္းျပလမ္းပတ္မွ ေျပာျပခဲ့ပါတယ္။

” အန္တိုနီယိုဟာ ခြဲစိတ္မႈတစ္ခု ျပဳလုပ္ထားရပါတယ္။ ဒါေၾကာင့္ သုံးပတ္ေလာက္ လြဲေခ်ာ္သြားဦးမွာပါ။ ၿပီးရင္ေတာ့ သူ႔ရဲ႕ ႀကံ့ခိုင္မႈ အေျခအေနကို ျမင္ေတြ႕ရပါလိမ့္မယ္။ ဒီသုံးပတ္အတြင္းမွာ ကြၽန္ေတာ္တို႔ အေျခအေနေတြကို သိလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဓိက ကစားသမားေတြ မပါဘဲ ရင္ဆိုင္ေက်ာ္လႊား တတ္ရပါမယ္” လို႔ ဖရန႔္လမ္းပတ္က ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲတြင္ ေျပာျပခဲ့ပါတယ္။

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*