“ပတ္တမြား မှန်ရင် နွံမနစ်ပါဘူး” !!! အောက်တိုဘာလ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ ဖရန့်လမ်းပတ်

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ဟာ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်သည့် အောက်တ်ုဘာလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ နည်းပြဖရန့်လမ်းပတ်ဟာ နည်းပြဘဝသို့ ဝင်ရောက်ခြင်းဟာ ၁နှစ်ကျော်သာ ရှိနေပေမယ့် ပြီးခဲ့သောနှစ်က ချန်ပီယံရှစ်တွင် ဒါဘီကောင်တီအသင်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းမှ ခန့်အပ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီတွင် ‌အခက်အခဲမျိုးစုံ ရှိခဲ့ပြီး ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံရခြင်းကြောင့် အသင်းမှ ထွက်ခွာသွားသော ဘယ်ဂျီယံကြယ်ပွင့် အီဒင်ဟာဇက်၏ နေရာကို အစားထိုးနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် နည်းပြလမ်းပတ်ဟာ လူငယ်အကယ်ဒမီမှ ကစားသမားများကို နေရာပေးကာ အသုံးပြုကာ အသင်းကို ဦးဆောင်ကာ အမှတ်ပေးဇယား အဆင့်(၄)မှာ ရပ်တည်နေပါတယ်။

1177683258.jpg.0.jpg (1200×800)

လမ်းပတ်ဦးဆောင်သည့် ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့သည့်လအတွင်း ဆောက်သမ်တန် အသင်းအား ၄-၁၊ နယူးကာဆယ်အား ၀-၁၊ ဘန်လေအသင်းအား ၄-၂ ဖြင့် အနိုင်ရရှိခဲ့တာကြောင့် အင်္ဂလန်သားနည်းပြ ဖရန့်လမ်းပတ်ဟာ အဆိုပါဆုအတွက် လီဗာပူးလ်နည်းပြ ယာဂျင်ကလော့၊ ဘရိုက်တန်နည်းပြ ဂရေဟမ်ပိုတာ၊ လက်စတာ နည်းပြ ဘရိုင်ယန်ရော်ဂျာ၊ အက်စတွန်ဗီလာနည်းပြ ဒိန်းစမစ် တို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ပါတယ်။

အဆိုပါဆုနဲ့ ပက်သက်ပြီး ” ဒီလိုမျိုး တစ်ဦးချင်း ဆုတံဆိပ်ကို ရရှိတဲ့အချိန်က ကိုယ်ရဲ့ကြိုးစားမှုကို အသိအမှတ် ပြုလိုက်သလိုပါပဲ။ အသင်းမှာရှိတဲ့ ဘယ်သူမဆို ရာသီ‌ကြိုခြေစမ်းပွဲတွေကစလို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြတယ်။ ဒီဆုဟာ တစ်ဦးချင်းကြိုးစားချင်း ကြိုးစားလို့ မဟုတ်ပဒ အသင်းလိုက် စည်းစည်းလုံးလုံး ဆောင်ရွက်ခဲ့လို့ ဖြစ်ပါတယ်” ဆုလက်ခံချိန်မှာ ပြောပြခဲ့ပါတယ်။

Frank-Lampard-1.jpg (1200×914)

ဒီဆုကို ရရှိလို့ အားလုံးအတွက် ဝမ်းသာပါတယ်။ အောက်တိုဘာလအတွင်း ကစားခဲ့ပြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှ ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်က စတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လမ်းကြောင်းမှာ ရှိနေပြီး ဘယ်လောက်ထိ ကောင်းမွန်နေကြောင်း ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲကနေတစ်ဆင့် ဒီဆုအတွက် တက်လှမ်းနိုင်ခဲ့ပါတယ်” ဟု လမ်းပတ်မှ ပြောပြခဲ့ပါတယ်။

burnley-fc-v-chelsea-fc-premier-league-5dbc273991a16230bd000001.jpg (912×516)

[ZG]

“ပတၱျမား မွန္ရင္ ႏြံမနစ္ပါဘူး” !!! ေအာက္တိုဘာလ အေကာင္းဆုံးနည္းျပဆုကို ရရွိခဲ့တဲ့ ဖရန႔္လမ္းပတ္

ခ်ယ္လ္ဆီးအသင္း၏ နည္းျပျဖစ္သူ ဖရန႔္လမ္းပတ္ဟာ ပရီးမီးယားလိဂ္ ေဘာလုံးအဖြဲ႕ခ်ဳပ္မွ ေပးအပ္သည့္ ေအာက္တိုဘာလအတြက္ တစ္လတာ အေကာင္းဆုံး နည္းျပဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ နည္းျပဖရန႔္လမ္းပတ္ဟာ နည္းျပဘဝသို႔ ဝင္ေရာက္ျခင္းဟာ ၁ႏွစ္ေက်ာ္သာ ရွိေနေပမယ့္ ၿပီးခဲ့ေသာႏွစ္က ခ်န္ပီယံရွစ္တြင္ ဒါဘီေကာင္တီအသင္းကို အေကာင္းဆုံး ျမႇင့္တင္ေပးႏိုင္ခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းမွ ခန႔္အပ္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ယခုႏွစ္ေဘာလုံးရာသီတြင္ ‌အခက္အခဲမ်ိဳးစုံ ရွိခဲ့ၿပီး ကစားသမားဝယ္ယူခြင့္ ပိတ္ပင္ခံရျခင္းေၾကာင့္ အသင္းမွ ထြက္ခြာသြားေသာ ဘယ္ဂ်ီယံၾကယ္ပြင့္ အီဒင္ဟာဇက္၏ ေနရာကို အစားထိုးႏိုင္ျခင္း မရွိပါဘူး။ ဒါေပမယ့္ နည္းျပလမ္းပတ္ဟာ လူငယ္အကယ္ဒမီမွ ကစားသမားမ်ားကို ေနရာေပးကာ အသုံးျပဳကာ အသင္းကို ဦးေဆာင္ကာ အမွတ္ေပးဇယား အဆင့္(၄)မွာ ရပ္တည္ေနပါတယ္။ ဒါ့အျပင္ လမ္းပတ္ဟာ ရာသီအစမွာ ရုန္းကန္ခဲ့ရေပမယ့္ ေနာက္ပုိင္းမွာေတာ့ အသင္းကုိ ဦးေဆာင္မႈေကာင္းေကာင္းေပးႏုိင္ျပီး လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ဆြဲတင္ေပးခဲ့တာေၾကာင့္ ယခုလိုဆုကုိ ထုိက္ထိုက္တန္တန္ ဆြတ္ခူးခဲ့တာပါ။

လမ္းပတ္ဦးေဆာင္သည့္ ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့သည့္လအတြင္း ေဆာက္သမ္တန္ အသင္းအား ၄-၁၊ နယူးကာဆယ္အား ဝ-၁၊ ဘန္ေလအသင္းအား ၄-၂ ျဖင့္ အႏိုင္ရရွိခဲ့တာေၾကာင့္ အဂၤလန္သားနည္းျပ ဖရန႔္လမ္းပတ္ဟာ အဆိုပါဆုအတြက္ လီဗာပူးလ္နည္းျပ ယာဂ်င္ကေလာ့၊ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ပိုတာ၊ လက္စတာ နည္းျပ ဘ႐ိုင္ယန္ေရာ္ဂ်ာ၊ အက္စတြန္ဗီလာနည္းျပ ဒိန္းစမစ္ တို႔ကို ေက်ာ္ျဖတ္ကာ ရရွိခဲ့ပါတယ္။

အဆိုပါဆုနဲ႔ ပက္သက္ၿပီး ” ဒီလိုမ်ိဳး တစ္ဦးခ်င္း ဆုတံဆိပ္ကို ရရွိတဲ့အခ်ိန္က ကိုယ္ရဲ႕ႀကိဳးစားမႈကို အသိအမွတ္ ျပဳလိုက္သလိုပါပဲ။ အသင္းမွာရွိတဲ့ ဘယ္သူမဆို ရာသီ‌ႀကိဳေျခစမ္းပြဲေတြကစလို ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့ၾကတယ္။ ဒီဆုဟာ တစ္ဦးခ်င္းႀကိဳးစားခ်င္း ႀကိဳးစားလို႔ မဟုတ္ပဒ အသင္းလိုက္ စည္းစည္းလုံးလုံး ေဆာင္႐ြက္ခဲ့လို႔ ျဖစ္ပါတယ္” ဆုလက္ခံခ်ိန္မွာ ေျပာျပခဲ့ပါတယ္။

ဒီဆုကို ရရွိလို႔ အားလုံးအတြက္ ဝမ္းသာပါတယ္။ ေအာက္တိုဘာလအတြင္း ကစားခဲ့ၿပီးတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြထဲမွ ဘန္ေလအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္က စတ္ဝင္စားစရာ ေကာင္းခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္ဟာ ဘယ္လမ္းေၾကာင္းမွာ ရွိေနၿပီး ဘယ္ေလာက္ထိ ေကာင္းမြန္ေနေၾကာင္း ျပသႏိုင္ခဲ့ပါတယ္။ အဲ့ဒီပြဲကေနတစ္ဆင့္ ဒီဆုအတြက္ တက္လွမ္းႏိုင္ခဲ့ပါတယ္” ဟု လမ္းပတ္မွ ေျပာျပခဲ့ပါတယ္။

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*