အမ်ဘတ်ပီကို စာချုပ်သက်တမ်းတိုးဖို့ PSG အသင်းမှာ ပြသာနာတွေရှိနေတယ်လို့ ဖွလိုက်တဲ့ ပြင်သစ်သတင်းစာ

PSG အသင်းဟာ တိုက်စစ်မှူ း အမ်ဘတ်ပီကို စာချုပ်သက်တမ်းတိုးဖို့အတွက် ပြသာနာတွေရှိနေတယ်လု့ိ ပြင်သစ်သတင်းစာ L’Equipe မှ ဖော်ပြခဲ့ပါတယ်။ အမ်ဘတ်ပီဟာ PSG အသင်းနဲ့ ၂၀၂၂ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အချိန်ကာလအားဖြင့် ၃ နှစ်လောက်လိုပါသေးတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာ အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေသလို၊ နောက်ဆုံးကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အမ်ဘတ်ပီနဲ့ ပတ်သတ်သည့်အကြောင်းများကို ပြောကြားခဲ့ပါတယ်။ ဒီလိုပြောခဲ့တဲ့အတွက် အမ်ဘတ်ပီရဲ့ အပြောင်းအရွှေ့သတင်းများဟာ တဖန်ပြန်ပြီး ပွလာခဲ့သလို၊ မီဒီယာအမျိုးမျိုးကလည်း စိတ်ထင်ရာကို ထင်ကြေးပေးပြီး ရေးသားဖော်ပြကြပါတယ်။

L’Equipe ၏ ဖော်ပြချက်အရ PSG အသင်းဟာ ၃ နှစ်လောက် စာချုပ်သက်တမ်းကျန်သေးတဲ့ အမ်ဘတ်ပီကို သက်တမ်းတိုးဖို့အတွက် အလောတကြီးဆောင်ရွက်သွားမှာမဟုတ်သည့်အပြင် အဓိက ဦးစားပေးလုပ်ရမည့် အလုပ်တစ်ခုမဟုတ်သောကြောင့် ခပ်အေးအေးသာရှိနေပါတယ်။ ဒါ့အပြင် အမ်ဘတ်ပီဟာ စာချုပ်သက်တမ်းတိုးမည်ဆိုပါက အသင်းမှာ လစာအများဆုံးခံစားခွင့်ရရှိထားသည့် ဘရာဇီးလ်တိုက်စစ်မှူ း နေမာအတိုင်းတောင်းဆိုသွားမည်ဖြစ်သောကြောင့် PSG အသင်းအနေဖြင့် အမ်ဘတ်ပီကို အဆိုပါပမာဏအတိုင်း ပေးချေဖွယ်မရှိကြောင်း သုံးသပ်ထားပါတယ်။ နေမာဟာ PSG အသင်းမှာ အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခလစာ ယူရို သန်း ၃၀ လောက်ကို ရရှိနေတာဖြစ်ပါတယ်။

နောက်ထပ် သတင်းပွလာသည့်အချက်တစ်ချက်က ၂၀၁၈-၁၉ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ PSG အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးဂိုးဖြင့် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရပြီးနောက် အမ်ဘတ်ပီဟာ အသင်းကနေထွက်သွားလိုတယ်လို့ ပြောခဲ့ဖူးပါတယ်။ အမ်ဘတ်ပီဟာ PSG အသင်းကို ၂၀၁၈ ရာသီမှာ ယူရို ၁၄၅ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လူငယ်ခြေတက်ကစားသမားတစ်ဦးဖြစ်သလို၊ အသင်းအတွက် အရေးပါသည့်သွင်းဂိုးများကို ဆက်တိုက်သွင်းယူပေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အမ်ဘတ်ပီဟာ PSG အသင်းအတွက် ပြိုင်ပွဲစုံ ၉၇ ပွဲကစားခဲ့ပြီး ၆၉ ဂိုးသွင်းယူထားပါတယ်။ ဒါ့အပြင် အမ်ဘတ်ပီဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမား နေမာထက်ပိုပြီးတော့ ဂိုးတွေသွင်းယူထားသည့်အပြင် အကျိုးပြုထားသည့်အတွက်ကြောင့် PSG အသင်းကတော့ အမ်ဘတ်ပီကို လွယ်လွယ်နဲ့ လက်လွှတ်ဖို့ အခြေအနေမရှိပါဘူး။ PSG အသင်းကလည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ အားခဲနေတာဖြစ်ပြီးတော့ အမ်ဘတ်ပီလို ကြယ်ပွင့်တစ်ယောက်ကို အတက်နိုင်ဆုံး ထိန်းသွားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

[ZG]

အမ္ဘတ္ပီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ PSG အသင္းမွာ ျပသာနာေတြရွိေနတယ္လို႔ ဖြလိုက္တဲ့ ျပင္သစ္သတင္းစာ

PSG အသင္းဟာ တိုက္စစ္မႉ း အမ္ဘတ္ပီကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ျပသာနာေတြရွိေနတယ္လု႔ိ ျပင္သစ္သတင္းစာ L’Equipe မွ ေဖာ္ျပခဲ့ပါတယ္။ အမ္ဘတ္ပီဟာ PSG အသင္းနဲ႔ ၂၀၂၂ ခုႏွစ္မွ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အခ်ိန္ကာလအားျဖင့္ ၃ ႏွစ္ေလာက္လိုပါေသးတယ္။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းဟာ အမ္ဘတ္ပီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနသလို၊ ေနာက္ဆုံးကစားခဲ့တဲ့ ဂါလာတာစာေရးနဲ႔ ပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ အမ္ဘတ္ပီနဲ႔ ပတ္သတ္သည့္အေၾကာင္းမ်ားကို ေျပာၾကားခဲ့ပါတယ္။ ဒီလိုေျပာခဲ့တဲ့အတြက္ အမ္ဘတ္ပီရဲ႕ အေျပာင္းအေ႐ႊ႕သတင္းမ်ားဟာ တဖန္ျပန္ၿပီး ပြလာခဲ့သလို၊ မီဒီယာအမ်ိဳးမ်ိဳးကလည္း စိတ္ထင္ရာကို ထင္ေၾကးေပးၿပီး ေရးသားေဖာ္ျပၾကပါတယ္။

L’Equipe ၏ ေဖာ္ျပခ်က္အရ PSG အသင္းဟာ ၃ ႏွစ္ေလာက္ စာခ်ဳပ္သက္တမ္းက်န္ေသးတဲ့ အမ္ဘတ္ပီကို သက္တမ္းတိုးဖို႔အတြက္ အေလာတႀကီးေဆာင္႐ြက္သြားမွာမဟုတ္သည့္အျပင္ အဓိက ဦးစားေပးလုပ္ရမည့္ အလုပ္တစ္ခုမဟုတ္ေသာေၾကာင့္ ခပ္ေအးေအးသာရွိေနပါတယ္။ ဒါ့အျပင္ အမ္ဘတ္ပီဟာ စာခ်ဳပ္သက္တမ္းတိုးမည္ဆိုပါက အသင္းမွာ လစာအမ်ားဆုံးခံစားခြင့္ရရွိထားသည့္ ဘရာဇီးလ္တိုက္စစ္မႉ း ေနမာအတိုင္းေတာင္းဆိုသြားမည္ျဖစ္ေသာေၾကာင့္ PSG အသင္းအေနျဖင့္ အမ္ဘတ္ပီကို အဆိုပါပမာဏအတိုင္း ေပးေခ်ဖြယ္မရွိေၾကာင္း သုံးသပ္ထားပါတယ္။ ေနမာဟာ PSG အသင္းမွာ အခြန္ေဆာင္ၿပီး တစ္ႏွစ္လုပ္ခလစာ ယူ႐ို သန္း ၃၀ ေလာက္ကို ရရွိေနတာျဖစ္ပါတယ္။

ေနာက္ထပ္ သတင္းပြလာသည့္အခ်က္တစ္ခ်က္က ၂၀၁၈-၁၉ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ PSG အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အေဝးဂိုးျဖင့္ ၿပိဳင္ပြဲမွ ႏႈတ္ထြက္ခဲ့ရၿပီးေနာက္ အမ္ဘတ္ပီဟာ အသင္းကေနထြက္သြားလိုတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ အမ္ဘတ္ပီဟာ PSG အသင္းကို ၂၀၁၈ ရာသီမွာ ယူ႐ို ၁၄၅ သန္းျဖင့္ အၿပီးသတ္ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး လူငယ္ေျခတက္ကစားသမားတစ္ဦးျဖစ္သလို၊ အသင္းအတြက္ အေရးပါသည့္သြင္းဂိုးမ်ားကို ဆက္တိုက္သြင္းယူေပးေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အမ္ဘတ္ပီဟာ PSG အသင္းအတြက္ ၿပိဳင္ပြဲစုံ ၉၇ ပြဲကစားခဲ့ၿပီး ၆၉ ဂိုးသြင္းယူထားပါတယ္။ ဒါ့အျပင္ အမ္ဘတ္ပီဟာ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ကစားသမား ေနမာထက္ပိုၿပီးေတာ့ ဂိုးေတြသြင္းယူထားသည့္အျပင္ အက်ိဳးျပဳထားသည့္အတြက္ေၾကာင့္ PSG အသင္းကေတာ့ အမ္ဘတ္ပီကို လြယ္လြယ္နဲ႔ လက္လႊတ္ဖို႔ အေျခအေနမရွိပါဘူး။ PSG အသင္းကလည္း ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးဖို႔ အားခဲေနတာျဖစ္ၿပီးေတာ့ အမ္ဘတ္ပီလို ၾကယ္ပြင့္တစ္ေယာက္ကို အတက္ႏိုင္ဆုံး ထိန္းသြားလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*