ရှာခါကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီဖြစ်သည့် နယူးကာဆယ် နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူ စီဘယ်လော့စ်ဟာ အဆိုပါ ဒဏ်ရာကြောင့် လာမည့် လက်စတာစီးတီးနှင့် ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ကြောင်း Goal.com မှ ဖော်ပြထားပါတယ်။

အာဆင်နယ်နှင့် တစ်အုပ်စုထဲကျရောက်လျက်ရှိသည့် ဘယ်လ်ဂျီယမ်ကလပ် စတန်းဒတ်လီဂီအသင်းဟာ ဂျာမန်ကလပ် ဖရန့်ဖတ်ကို ယမန်နေ့ညမှာ အနိုင်ကစားခဲ့သည့်အတွက် အာဆင်နယ်အသင်းအနေဖြင့် ရှုံးထွက်အဆင့် တက်ရောက်ဖို့ စောင့်ဆိုင်းရအုံးမှာဖြစ်ပါတယ်။ အုပ်စု F မှာတော့ အာဆင်နယ်အသင်းဟာ ၄ ပွဲကစား ၁၀ မှတ်ဖြင့် အုပ်စုဗိုလ်အဖြစ် ရပ်တည်နေသော်ငြား ဖရန့်ဖတ် နှင့် စတန်းဒတ်လီဂီတို့ဟာ ၆ မှတ်စီစုဆောင်းထားပြီး အစဉ်လိုက်ရပ်တည်နေသည့်အတွက် အုပ်စုပွဲစဉ်နောက်ဆုံးထိ ကစားပြီးမှသာ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အဖြေပေါ်မှာဖြစ်ပါတယ်။

ယမန်နှစ်နွေရာသီအပြောင်းအရွှေ့မှာ အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ကွင်းလယ်လူ တော်ရိုင်းယားဟာ သူ၏ အနာဂတ်ကိုအဖြေရှာရန်အတွက် လာမည့်အပတ်အတွင်း နည်းပြ အူနိုင်းအမ်မရီနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ တော်ရိုင်းယားဟာ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်ဖြစ်သော်လည်း အူနိုင်းအမ်မရီမှ တိုက်စစ်ကို ပိုမိုလိုက်ပါကစားစေသလို၊ ယခုရာသီမှာလည်း ပွဲထွက်ခွင့်များပျောက်ဆုံးနေသည့်အတွက် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေတာဖြစ်ပါတယ်။

skysports-lucas-torreira-arsenal_4771658.jpg (768×432)

ဂရိနောက်ခံလူ ပါပါသိုပူးလော့စ်က အူဘာမီယန်းရဲ့ ခေါင်းဆောင်နိုင်မှုထက် သွင်းဂိုးများသာ ပိုပြီး အရေးပါကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ အပတ်မှစတင်ပြီး ကွင်းလယ်လူ ရှာခါဆီမှ အသင်းခေါင်းဆောင်တာဝန်ကို လွှဲပြောင်းလက်ခံခဲ့တာဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းမှာ ဆရာတပည့် သံယောဇဉ် ရှိခဲ့ဖူးသည့် ဘရန်ဒန်ရော်ဂျာ နှင့် တယ်နေးတို့ဟာ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ပြိုင်ဘက်အနေဖြင့် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တယ်နေးဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာကတည်းက ဒဏ်ရာရရှိနေတာဖြစ်ပြီး အနားယူနေရသော်လည်း ဒဏ်ရာပြန်ကောင်းလာချိန်မှာတော့ ပွဲထွက်ခွင့်အနည်းငယ်သာရရှိထားသည့်အတွက် ဘရန်ဒန်ရော်ဂျာမှ စိတ်ပျက်မနေပဲ အကောင်းဆုံးကြိုးစားအားထုတ်ပြီး အသင်းကိုအကျိုးပြုဖို့ တယ်နေးကို ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ အနာဂတ်မရေရာတော့တဲ့ ကွင်းလယ်လူ ရှာခါကို ခေါ်ယူချင်တဲ့အသင်းထဲမှာ နယူးကာဆယ်အသင်းလည်း ပါဝင်လာခဲ့ပါပြီ။ နယူးကာဆယ်အသင်းဟာ အသင်းတွေမှာ ပြသာနာတက်တဲ့ ကစားသမားတွေကို ဈေးပေါပေါဖြင့် ဦးစားပေးခေါ်ယူတက်သည့် အလေ့အထများရှိသည့်အတွက် ရှာခါဟာ နယူးကာဆယ်ရဲ့ အပြောင်းအရွှေ့ရေဒါထဲမှာ ပါဝင်လာခဲ့တာပါ။

[ZG]

ရွာခါကုိ ေခၚယူဖုိ႔ စိတ္ဝင္စားလာျပီျဖစ္သည့္ နယူးကာဆယ္ ႏွင့္ ေနာက္ဆံုးရ အာဆင္နယ္ သတင္းတုိမ်ား

ေနာက္ဆံုးကစားခဲ့တဲ့ ယူရုိပါလိဂ္ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့သည့္ ကြင္းလယ္လူ စီဘယ္ေလာ့စ္ဟာ အဆုိပါ ဒဏ္ရာေၾကာင့္ လာမည့္ လက္စတာစီးတီးႏွင့္ ပြဲစဥ္ကုိ လြဲေခ်ာ္ေတာ့မွာျဖစ္ေၾကာင္း Goal.com မွ ေဖာ္ျပထားပါတယ္။

အာဆင္နယ္ႏွင့္ တစ္အုပ္စုထဲက်ေရာက္လ်က္ရွိသည့္ ဘယ္လ္ဂ်ီယမ္ကလပ္ စတန္းဒတ္လီဂီအသင္းဟာ ဂ်ာမန္ကလပ္ ဖရန္႔ဖတ္ကုိ ယမန္ေန႔ညမွာ အႏုိင္ကစားခဲ့သည့္အတြက္ အာဆင္နယ္အသင္းအေနျဖင့္ ရႈံးထြက္အဆင့္ တက္ေရာက္ဖုိ႔ ေစာင့္ဆုိင္းရအံုးမွာျဖစ္ပါတယ္။ အုပ္စု F မွာေတာ့ အာဆင္နယ္အသင္းဟာ ၄ ပြဲကစား ၁၀ မွတ္ျဖင့္ အုပ္စုဗုိလ္အျဖစ္ ရပ္တည္ေနေသာ္ျငား ဖရန္႔ဖတ္ ႏွင့္ စတန္းဒတ္လီဂီတုိ႔ဟာ ၆ မွတ္စီစုေဆာင္းထားျပီး အစဥ္လုိက္ရပ္တည္ေနသည့္အတြက္ အုပ္စုပြဲစဥ္ေနာက္ဆံုးထိ ကစားျပီးမွသာ ရႈံးထြက္အဆင့္ကုိ တက္ေရာက္ဖုိ႔ အေျဖေပၚမွာျဖစ္ပါတယ္။

ယမန္ႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ အီတလီကလပ္ ဆမ္ဒုိးရီးယားအသင္းမွ ေျပာင္းေရႊ႕လာခဲ့သည့္ ကြင္းလယ္လူ ေတာ္ရုိင္းယားဟာ သူ၏ အနာဂတ္ကုိအေျဖရွာရန္အတြက္ လာမည့္အပတ္အတြင္း နည္းျပ အူႏဳိင္းအမ္မရီႏွင့္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။ ေတာ္ရုိင္းယားဟာ ကြင္းလယ္ခံစစ္ကစားသမားတစ္ေယာက္ျဖစ္ေသာ္လည္း အူႏုိင္းအမ္မရီမွ တုိက္စစ္ကုိ ပုိမုိလုိက္ပါကစားေစသလုိ၊ ယခုရာသီမွာလည္း ပြဲထြက္ခြင့္မ်ားေပ်ာက္ဆံုးေနသည့္အတြက္ အေျပာင္းအေရႊ႕သတင္းမ်ားထြက္ေပၚေနတာျဖစ္ပါတယ္။

ဂရိေနာက္ခံလူ ပါပါသိုပူးေလာ့စ္က အူဘာမီယန္းရဲ႕ ေခါင္းေဆာင္ႏုိင္မႈထက္ သြင္းဂိုးမ်ားသာ ပိုျပီး အေရးပါေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။ အူဘာမီယန္းဟာ ျပီးခဲ့တဲ့ အပတ္မွစတင္ျပီး ကြင္းလယ္လူ ရွာခါဆီမွ အသင္းေခါင္းေဆာင္တာဝန္ကုိ လႊဲေျပာင္းလက္ခံခဲ့တာျဖစ္ပါတယ္။

ဆဲလ္တစ္အသင္းမွာ ဆရာတပည့္ သံေယာဇဥ္ ရွိခဲ့ဖူးသည့္ ဘရန္ဒန္ေရာ္ဂ်ာ ႏွင့္ တယ္ေနးတုိ႔ဟာ ပရီးမီးယားလိဂ္မွာ ပထမဦးဆံုး ျပိဳင္ဘက္အေနျဖင့္ ျပန္လည္ရင္ဆုိင္ရမွာျဖစ္ပါတယ္။ တယ္ေနးဟာ အာဆင္နယ္အသင္းကုိ ေျပာင္းေရႊ႕လာကတည္းက ဒဏ္ရာရရွိေနတာျဖစ္ျပီး အနားယူေနရေသာ္လည္း ဒဏ္ရာျပန္ေကာင္းလာခ်ိန္မွာေတာ့ ပြဲထြက္ခြင့္အနည္းငယ္သာရရွိထားသည့္အတြက္ ဘရန္ဒန္ေရာ္ဂ်ာမွ စိတ္ပ်က္မေနပဲ အေကာင္းဆံုးၾကိဳးစားအားထုတ္ျပီး အသင္းကုိအက်ဳိးျပဳဖုိ႔ တယ္ေနးကုိ ေျပာခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာ အနာဂတ္မေရရာေတာ့တဲ့ ကြင္းလယ္လူ ရွာခါကုိ ေခၚယူခ်င္တဲ့အသင္းထဲမွာ နယူးကာဆယ္အသင္းလည္း ပါဝင္လာခဲ့ပါျပီ။ နယူးကာဆယ္အသင္းဟာ အသင္းေတြမွာ ျပသာနာတက္တဲ့ ကစားသမားေတြကုိ ေစ်းေပါေပါျဖင့္ ဦးစားေပးေခၚယူတက္သည့္ အေလ့အထမ်ားရွိသည့္အတြက္ ရွာခါဟာ နယူးကာဆယ္ရဲ႕ အေျပာင္းအေရႊ႕ေရဒါထဲမွာ ပါဝင္လာခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*