၂၀၁၉-၂၀ ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့် လွဲချော်မည်ဟု တွက်ချက်ပေးခဲသည့် စူပါကွန်ပျူ တာ

သြဂုတ်လ ၈ ရက်နေ့ကတည်းက ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး စတင်လာခဲ့တာ ယခုဆိုရင် တစ်ရာသီလုံးရဲ့ သုံးချိုးတစ်ချိုးဆိုတဲ့ ခရီးကို ရောက်လာခဲ့ပါပြီ။ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဟာ တစ်ကမ္ဘာလုံးက ဘောလုံးချစ်ပရိသတ်တွေရဲ့ အသဲစွဲဖြစ်သလို၊ ပွဲစဉ်တိုင်းဟာလည်း ရသမျိုးစုံပေးစွမ်းနိုင်တာ အမှန်ပါပဲ။ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲကြီးအတွက် စူပါကွန်ပျူတာဟာ အသင်းတိုင်းရဲ့ ရာသီကုန်ရပ်တည်မှုကို တွက်ထုတ်ပေးခဲ့ပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ်ဟာ အတော်လေးစိတ်ဝင်စားဖို့ ကောင်းပြီး အသင်းငယ်တွေအားလုံးဟာ ကစားပုံကောင်းလာတဲ့အပြင် အသင်းကြီးတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်၊ စပါးစ် နဲ့ အာဆင်နယ်တို့ဟာ ဘေးကို တဖြည်းဖြည်းရောက်နေပါပြီ။ ဘယ်အသင်းဟာ ဘယ်လိုပုံစံနဲ့ ရာသီသိမ်းမယ်ဆိုတာကို ကျွန်တော်တို့တွေ မခန့်မှန်းတက်ပေမယ့် စူပါကွန်ပျူတာကတော့ လက်ရှိအသင်းအနေအထားများအပေါ်အခြေခံပြီး တွက်ထုတ်ပေးခဲ့တယ်။ သူ့ရဲ့ တွက်ထုတ်မှုအရ လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ရာသီအကုန်မှာ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။ နာမည်ကြီး မန်ချက်စတာယူနိုက်တက်ကတော့ လက်ရှိခြေစွမ်းအရ အဆင့် ၇ နဲ့ ဇာတ်သိမ်းပြီး ဥရောပ ဝင်ခွင့်ပါ လွဲချော်မည်ဟု ဖော်ပြခဲ့ပါတယ်။

ကဲ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုကို တချက်လောက်ကြည့်လိုက်ပါအုံး……..။ ၁) လီဗာပူးလ် ၂) မန်စီးတီး ၃) ချယ်လ်ဆီး ၄) လက်စတာစီးတီး ၅) အာဆင်နယ် ၆) တော့တင်ဟမ် ၇) မန်ချက်စတာယူနိုက်တက် ၈) ဘရိုက်တန် ၉) ဝက်စ်ဟမ်း ၁၀) ဘုန်းမောက် ၁၁) ရှက်ဖီးယူနိုက်တက် ၁၂) ဝုဗ်လ် ၁၃) ခရစ္စတယ်ပဲလေ့စ် ၁၄) အဲဗာတန် ၁၅) ဘန်လေ ၁၆) နယူးကာဆယ် ၁၇) အက်စ်တွန်ဗီလာ ၁၈) နောဝစ်ချ် ၁၉) ဆောက်သမ်တန် ၂၀) ဝက်ဖို့ဒ်

[ZG]

၂၀၁၉-၂၀ ရာသီမွာ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ လြဲေခ်ာ္မည္ဟု တြက္ခ်က္ေပးခဲသည့္ စူပါကြန္ပ်ဴ တာ

ၾသဂုတ္လ ၈ ရက္ေန႔ကတည္းက ပရီးမီးယားလိဂ္ ၿပိဳင္ပြဲႀကီး စတင္လာခဲ့တာ ယခုဆိုရင္ တစ္ရာသီလုံးရဲ႕ သုံးခ်ိဳးတစ္ခ်ိဳးဆိုတဲ့ ခရီးကို ေရာက္လာခဲ့ပါၿပီ။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲႀကီးဟာ တစ္ကမာၻလုံးက ေဘာလုံးခ်စ္ပရိသတ္ေတြရဲ႕ အသဲစြဲျဖစ္သလို၊ ပြဲစဥ္တိုင္းဟာလည္း ရသမ်ိဳးစုံေပးစြမ္းႏိုင္တာ အမွန္ပါပဲ။ ဒီလိုၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ၿပိဳင္ပြဲႀကီးအတြက္ စူပါကြန္ပ်ဴတာဟာ အသင္းတိုင္းရဲ႕ ရာသီကုန္ရပ္တည္မႈကို တြက္ထုတ္ေပးခဲ့ပါတယ္။

ဒီႏွစ္ ပရီးမီးယားလိဂ္ဟာ အေတာ္ေလးစိတ္ဝင္စားဖို႔ ေကာင္းၿပီး အသင္းငယ္ေတြအားလုံးဟာ ကစားပုံေကာင္းလာတဲ့အျပင္ အသင္းႀကီးေတြျဖစ္ၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္၊ စပါးစ္ နဲ႔ အာဆင္နယ္တို႔ဟာ ေဘးကို တျဖည္းျဖည္းေရာက္ေနပါၿပီ။ ဘယ္အသင္းဟာ ဘယ္လိုပုံစံနဲ႔ ရာသီသိမ္းမယ္ဆိုတာကို ကြၽန္ေတာ္တို႔ေတြ မခန႔္မွန္းတက္ေပမယ့္ စူပါကြန္ပ်ဴတာကေတာ့ လက္ရွိအသင္းအေနအထားမ်ားအေပၚအေျခခံၿပီး တြက္ထုတ္ေပးခဲ့တယ္။ သူ႔ရဲ႕ တြက္ထုတ္မႈအရ လီဗာပူးလ္အသင္းဟာ ထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ရာသီအကုန္မွာ ပရီးမီးယားလိဂ္ဖလားကို သိမ္းပိုက္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။ နာမည္ႀကီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ လက္ရွိေျခစြမ္းအရ အဆင့္ ၇ နဲ႔ ဇာတ္သိမ္းၿပီး ဥေရာပ ဝင္ခြင့္ပါ လြဲေခ်ာ္မည္ဟု ေဖာ္ျပခဲ့ပါတယ္။

ကဲ စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈကို တခ်က္ေလာက္ၾကည့္လိုက္ပါအုံး……..။ ၁) လီဗာပူးလ္ ၂) မန္စီးတီး ၃) ခ်ယ္လ္ဆီး ၄) လက္စတာစီးတီး ၅) အာဆင္နယ္ ၆) ေတာ့တင္ဟမ္ ၇) မန္ခ်က္စတာယူႏိုက္တက္ ၈) ဘ႐ိုက္တန္ ၉) ဝက္စ္ဟမ္း ၁၀) ဘုန္းေမာက္ ၁၁) ရွက္ဖီးယူႏိုက္တက္ ၁၂) ဝုဗ္လ္ ၁၃) ခရစၥတယ္ပဲေလ့စ္ ၁၄) အဲဗာတန္ ၁၅) ဘန္ေလ ၁၆) နယူးကာဆယ္ ၁၇) အက္စ္တြန္ဗီလာ ၁၈) ေနာဝစ္ခ်္ ၁၉) ေဆာက္သမ္တန္ ၂၀) ဝက္ဖို႔ဒ္

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*