ပါတီဇန် ဘဲဂရိတ်က ခြေစွမ်းကြောင့် လာမည့် ဘရိုက်တန်နဲ့ ပွဲမှာ ရိုဂျို နဲ့ ဂရင်းဝုဒ်ကို ပွဲထုတ်စေချင်သည့် ယူနိုက်တက် ပရိသတ်များ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့၏ သွင်းဂိုးများနှင့်အတူ ပါတီဇန်ဘဲဂရိတ်အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ၃ ဂိုးပြတ်အနိုင်ရပြီး ရှုံးထွက်အဆင့်ကို သာသာယာယာတက်ရောက်သွားခဲ့ပါပြီ။ အဆိုပါပွဲမှာတော့ နောက်ခံလူ မားကို့စ်ရိုဂျု ိနှင့် တိုက်စစ်မှူ းဂရင်းဝုဒ်တို့ဟာ ပွဲထွက်ကစားသမားများအဖြစ် ကစားခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ အသင်းအတွက် ပထမဦးဆုံး ဂိုးကိုသွင်းယူခဲ့သလို၊ ရိုဂျိုဟာလည်း မက်ဂွဲယား နှင့်တွဲဖက်ပြီး နောက်တန်းမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။

လင်ဒီအော့ဖ် ဒဏ်ရာပြသာနာရှိနေတဲ့အတွက် ရိုဂျိုဟာ ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ဆွီဒင်နောက်ခံလူကတော့ လာမည့် ဘရိုက်တန်ပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့ မသေချာသေးပါဘူး။ ဂရင်းဝုဒ်ကလည်း တိုက်စစ်ကစားသမားများဖြစ်သည့် ရက်ရှ်ဖို့ဒ် နှင့် မာရှယ်တို့နှင့် တွဲဖက်ကာ အကောင်းဆုံးခြေစွမ်းပြခဲ့တာကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ဒန်နီရယ်ဂျိမ်းစ်နေရာကို အစားထိုးသုံးစွဲဖို့ သရဲနီပရိသတ်များက မျှော်လင့်ထားပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက်ရဲ့ အလားအလာကောင်းသည့် ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသလို၊ ယူရိုပါလိဂ် နှင့် ကာရာဘောင်းပြိုင်ပွဲနှစ်ရပ်စလုံးမှာ ၃ ဂိုးအထိသွင်းယူပေးထားပါတယ်။

ဂရင်းဝုဒ်နှင့် ပတ်သတ်ပြီး ပရိသတ်တစ်ဦးက “ဒီအပတ်မှာ ကစားမယ့် ဘရိုက်တန်နဲ့ ပွဲမှာ အဆင်ပြေပြေနဲ့ နိုင်သွားဖို့ လိုအပ်နေတယ်။ မာရှယ်၊ ရက်ရှ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်ကိုသာ ပေါင်းပြီး သုံးစွဲမယ်ဆိုရင် သေချာတယ် ငါတို့ ဂိုးသွင်းနိုင်မှာပဲ” လို့ တွစ်တာမှာ ရေးသားထားပါတယ်။ ရိုဂျိုကိုလည်း ပရိသတ်တစ်ဦးက “ရိုဂျိုဟာ မက်ဂွဲယားနဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်မယ့် သင့်တော်တဲ့ ဗဟိုခံစစ်မှူ းလို့ ကျွန်တော် မြင်မိတယ်။ သူတို့အားလုံးဟာ အသင်းကြီးတစ်သင်းလိုမျိုး မကစားနိုင်ရင်တောင်မှ အဆင်ပြေပြေကစားနိုင်ခဲ့တာပဲ။ ဂရင်းဝုဒ်ကလည်း ဒီထက်ပိုပြီး ကစားဖို့ လိုအပ်တယ်။ ဒါမှသူဆီက စပါ္ပယ်ရှယ် ခြေစွမ်းတွေ မြင်တွေ့ရမှာ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

[ZG]

ပါတီဇန္ ဘဲဂရိတ္က ေျခစြမ္းေၾကာင့္ လာမည့္ ဘ႐ိုက္တန္နဲ႔ ပြဲမွာ ႐ိုဂ်ိဳ နဲ႔ ဂရင္းဝုဒ္ကို ပြဲထုတ္ေစခ်င္သည့္ ယူႏိုက္တက္ ပရိသတ္မ်ား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂရင္းဝုဒ္၊ မာရွယ္၊ ရက္ရွ္ဖို႔ဒ္တို႔၏ သြင္းဂိုးမ်ားႏွင့္အတူ ပါတီဇန္ဘဲဂရိတ္အသင္းကို အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ၃ ဂိုးျပတ္အႏိုင္ရၿပီး ရႈံးထြက္အဆင့္ကို သာသာယာယာတက္ေရာက္သြားခဲ့ပါၿပီ။ အဆိုပါပြဲမွာေတာ့ ေနာက္ခံလူ မားကို႔စ္႐ိုဂ်ဳ ိႏွင့္ တိုက္စစ္မႉ းဂရင္းဝုဒ္တို႔ဟာ ပြဲထြက္ကစားသမားမ်ားအျဖစ္ ကစားခြင့္ရရွိခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ ဂရင္းဝုဒ္ဟာ အသင္းအတြက္ ပထမဦးဆုံး ဂိုးကိုသြင္းယူခဲ့သလို၊ ႐ိုဂ်ိဳဟာလည္း မက္ဂြဲယား ႏွင့္တြဲဖက္ၿပီး ေနာက္တန္းမွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ပါတယ္။

လင္ဒီေအာ့ဖ္ ဒဏ္ရာျပသာနာရွိေနတဲ့အတြက္ ႐ိုဂ်ိဳဟာ ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး ဆြီဒင္ေနာက္ခံလူကေတာ့ လာမည့္ ဘ႐ိုက္တန္ပြဲမွာ ပါဝင္ကစားေပးႏိုင္ဖို႔ မေသခ်ာေသးပါဘူး။ ဂရင္းဝုဒ္ကလည္း တိုက္စစ္ကစားသမားမ်ားျဖစ္သည့္ ရက္ရွ္ဖို႔ဒ္ ႏွင့္ မာရွယ္တို႔ႏွင့္ တြဲဖက္ကာ အေကာင္းဆုံးေျခစြမ္းျပခဲ့တာေၾကာင့္ ဘ႐ိုက္တန္နဲ႔ပြဲမွာ ဒန္နီရယ္ဂ်ိမ္းစ္ေနရာကို အစားထိုးသုံးစြဲဖို႔ သရဲနီပရိသတ္မ်ားက ေမွ်ာ္လင့္ထားပါတယ္။ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္ရဲ႕ အလားအလာေကာင္းသည့္ ၾကယ္ပြင့္ကစားသမားအျဖစ္ သတ္မွတ္ခံထားရသလို၊ ယူ႐ိုပါလိဂ္ ႏွင့္ ကာရာေဘာင္းၿပိဳင္ပြဲႏွစ္ရပ္စလုံးမွာ ၃ ဂိုးအထိသြင္းယူေပးထားပါတယ္။

ဂရင္းဝုဒ္ႏွင့္ ပတ္သတ္ၿပီး ပရိသတ္တစ္ဦးက “ဒီအပတ္မွာ ကစားမယ့္ ဘ႐ိုက္တန္နဲ႔ ပြဲမွာ အဆင္ေျပေျပနဲ႔ ႏိုင္သြားဖို႔ လိုအပ္ေနတယ္။ မာရွယ္၊ ရက္ရွ္ဖို႔ဒ္ နဲ႔ ဂရင္းဝုဒ္ကိုသာ ေပါင္းၿပီး သုံးစြဲမယ္ဆိုရင္ ေသခ်ာတယ္ ငါတို႔ ဂိုးသြင္းႏိုင္မွာပဲ” လို႔ တြစ္တာမွာ ေရးသားထားပါတယ္။ ႐ိုဂ်ိဳကိုလည္း ပရိသတ္တစ္ဦးက “႐ိုဂ်ိဳဟာ မက္ဂြဲယားနဲ႔ တြဲဖက္ၿပီး အေကာင္းဆုံးေျခစြမ္းျပႏိုင္မယ့္ သင့္ေတာ္တဲ့ ဗဟိုခံစစ္မႉ းလို႔ ကြၽန္ေတာ္ ျမင္မိတယ္။ သူတို႔အားလုံးဟာ အသင္းႀကီးတစ္သင္းလိုမ်ိဳး မကစားႏိုင္ရင္ေတာင္မွ အဆင္ေျပေျပကစားႏိုင္ခဲ့တာပဲ။ ဂရင္းဝုဒ္ကလည္း ဒီထက္ပိုၿပီး ကစားဖို႔ လိုအပ္တယ္။ ဒါမွသူဆီက စပါၸယ္ရွယ္ ေျခစြမ္းေတြ ျမင္ေတြ႕ရမွာ” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*