ဗာဒီအနေနဲ့ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့်ငြင်းပယ်ခဲ့လဲဆိုတာကို ယေဘုယျ ရှင်းပြခဲ့သည့် ဘရန်ဒန်ရော်ဂျာ

လက်စတာစီးတီးအသင်းအတွက် ဂိုးတွေတဒိုင်းဒိုင်းသွင်းယူပေးပြီး ပြိုင်ဘက်အသင်းတွေကို အိပ်မက်ဆိုးတွေ ပေးလေ့ရှိတဲ့ အင်္ဂလန်တိုက်စစ်မှူ း ဂျင်မီဗာဒီဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးထိ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဘက်ကလည်း ဗာဒီကို ပေါင်သန်း ၂၀ ဝန်းကျင်ဖြင့် ကြိုးပမ်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီလို့ ထင်မှတ်ခဲ့ရတာပါ။ ဒါပေမယ့် ဗာဒီဟာ လက်စတာစီးတီးအသင်းကို သံယောဇဉ်ရှိသလို၊ မိသားစုနဲ့ အဝေးမှာ မနေလိုတဲ့အတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ ဗာဒီဟာ လက်စတာစီးတီးအသင်းအတွက် ၁၀ ဂိုးသွင်းယူပေးထားပြီး အသင်းရဲ့ ဂိုးအများဆုံးသွင်းယူထားသည့် ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။

မကြာခင်အချိန်မှာတော့ လက်စတာစီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) မှာ ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အားပြိုင်နေတဲ့ အသင်းနှစ်သင်းရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲကို ပရိသတ်များကြည့်ရှု့ခံစားရတော့မှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာတော့ ထုံးစံအတိုင်း နှစ်ဖက်အသင်းနည်းပြများဟာ ပွဲကြိုသတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီး အဆိုပါရှင်းလင်းပွဲမှ ဗာဒီနှင့် ပတ်သတ်သည့် နည်းပြ ရော်ဂျာရဲ့ စကားများကို ပြန်လည်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

“ဂျင်မီဗာဒီဆီက ကျွန်တော်သိတဲ့အချက်တစ်ချက်ကတော့ သူဟာ အသင်းစိတ်ပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါဟာ အသင်းအကြောင်းကို ပြောတာပါ။ သူကိုယ်တိုင်လည်း ထိပ်တန်း ဂိုးသွင်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပြိုုင်ဆိုင်မှုတွေရှိတာကို သဘောကျပါတယ်။ ကျွန်တော်တို့ နေ့တိုင်း လုပ်ဆောင်နေတာတွေကို မြင်ရင် ခင်ဗျား ကျွန်တော်ပြောတာကို မြင်ပါလိမ့်မယ်။ ပြီးတော့ ဗာဒီဟာ သူ့ဘဝတစ်လျှောက်မှာရော၊ ကစားသမားဘဝ တစ်လျှောက်မှာရော နာမည်ကြီး ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြထားပြီးပါပြီ။ ဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူ းတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း သက်သေပြထားပါတယ်”

“အာဆင်နယ်အသင်းကို ဘာကြောင့် မပြောင်းဖြစ်ခဲ့လဲ ဆိုတော့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ဒီမှာ နေရတာ အဆင်ပြေသလို၊ မိသားစုနဲ့လည်း အတည်တကျဖြစ်နေပါပြီ။ လက်စတာစီးတီးဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ အသင်းကြီးတစ်သင်းပါ။ ဘယ်အသင်းမှာ ကစားကစား ပရီးမီးယားလိဂ်က အတူတူပါပဲ။ ဒီအသင်းရဲ့ အစုအဖွဲလေးက အေးဆေးတည်ငြိမ်သလို၊ ဒီအရာတွေနဲ့ ဝေးရာကို ပြေးထွက်ဖို့ အနေအထားမရှိပါဘူး။ ဒီအရာတွေအားလုံးအပေါ်မှာလည်း သူကိုယ်တိုင်သဘောကျနှစ်ခြိုက်နေတာပါ” လို့ ပြောခဲ့ပါတယ်။

[ZG]

ဗာဒီအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမႈကို ဘာေၾကာင့္ျငင္းပယ္ခဲ့လဲဆိုတာကို ေယဘုယ် ရွင္းျပခဲ့သည့္ ဘရန္ဒန္ေရာ္ဂ်ာ

လက္စတာစီးတီးအသင္းအတြက္ ဂိုးေတြတဒိုင္းဒိုင္းသြင္းယူေပးၿပီး ၿပိဳင္ဘက္အသင္းေတြကို အိပ္မက္ဆိုးေတြ ေပးေလ့ရွိတဲ့ အဂၤလန္တိုက္စစ္မႉ း ဂ်င္မီဗာဒီဟာ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္တုန္းက အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အနီးစပ္ဆုံးထိ ျဖစ္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဘက္ကလည္း ဗာဒီကို ေပါင္သန္း ၂၀ ဝန္းက်င္ျဖင့္ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ခဲ့ၿပီလို႔ ထင္မွတ္ခဲ့ရတာပါ။ ဒါေပမယ့္ ဗာဒီဟာ လက္စတာစီးတီးအသင္းကို သံေယာဇဥ္ရွိသလို၊ မိသားစုနဲ႔ အေဝးမွာ မေနလိုတဲ့အတြက္ အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ ယခုရာသီမွာ ဗာဒီဟာ လက္စတာစီးတီးအသင္းအတြက္ ၁၀ ဂိုးသြင္းယူေပးထားၿပီး အသင္းရဲ႕ ဂိုးအမ်ားဆုံးသြင္းယူထားသည့္ ကစားသမားအျဖစ္ ဦးေဆာင္ေနပါတယ္။

မၾကာခင္အခ်ိန္မွာေတာ့ လက္စတာစီးတီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ (၁၂) မွာ ထိပ္တိုက္ေတြ႕ဆုံေတာ့မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ အားၿပိဳင္ေနတဲ့ အသင္းႏွစ္သင္းရဲ႕ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့ ပြဲေကာင္းတစ္ပြဲကို ပရိသတ္မ်ားၾကည့္ရႈ႕ခံစားရေတာ့မွာျဖစ္ပါတယ္။ ဒီပြဲမတိုင္ခင္မွာေတာ့ ထုံးစံအတိုင္း ႏွစ္ဖက္အသင္းနည္းျပမ်ားဟာ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမ်ား ျပဳလုပ္ခဲ့ၿပီး အဆိုပါရွင္းလင္းပြဲမွ ဗာဒီႏွင့္ ပတ္သတ္သည့္ နည္းျပ ေရာ္ဂ်ာရဲ႕ စကားမ်ားကို ျပန္လည္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

“ဂ်င္မီဗာဒီဆီက ကြၽန္ေတာ္သိတဲ့အခ်က္တစ္ခ်က္ကေတာ့ သူဟာ အသင္းစိတ္ျပည့္ဝတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ဒါဟာ အသင္းအေၾကာင္းကို ေျပာတာပါ။ သူကိုယ္တိုင္လည္း ထိပ္တန္း ဂိုးသြင္းရွင္တစ္ေယာက္ျဖစ္တဲ့အျပင္ ၿပိဳုင္ဆိုင္မႈေတြရွိတာကို သေဘာက်ပါတယ္။ ကြၽန္ေတာ္တို႔ ေန႔တိုင္း လုပ္ေဆာင္ေနတာေတြကို ျမင္ရင္ ခင္ဗ်ား ကြၽန္ေတာ္ေျပာတာကို ျမင္ပါလိမ့္မယ္။ ၿပီးေတာ့ ဗာဒီဟာ သူ႔ဘဝတစ္ေလွ်ာက္မွာေရာ၊ ကစားသမားဘဝ တစ္ေလွ်ာက္မွာေရာ နာမည္ႀကီး ကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုတာကို သက္ေသျပထားၿပီးပါၿပီ။ ဥေရာပရဲ႕ ထိပ္တန္းတိုက္စစ္မႉ းတစ္ေယာက္ျဖစ္တယ္ဆိုတာကိုလည္း သက္ေသျပထားပါတယ္”

“အာဆင္နယ္အသင္းကို ဘာေၾကာင့္ မေျပာင္းျဖစ္ခဲ့လဲ ဆိုေတာ့ အေၾကာင္းအရင္းမ်ားစြာ ရွိပါတယ္။ ဒီမွာ ေနရတာ အဆင္ေျပသလို၊ မိသားစုနဲ႔လည္း အတည္တက်ျဖစ္ေနပါၿပီ။ လက္စတာစီးတီးဟာ အံ့အားသင့္ဖြယ္ေကာင္းတဲ့ အသင္းႀကီးတစ္သင္းပါ။ ဘယ္အသင္းမွာ ကစားကစား ပရီးမီးယားလိဂ္က အတူတူပါပဲ။ ဒီအသင္းရဲ႕ အစုအဖြဲေလးက ေအးေဆးတည္ၿငိမ္သလို၊ ဒီအရာေတြနဲ႔ ေဝးရာကို ေျပးထြက္ဖို႔ အေနအထားမရွိပါဘူး။ ဒီအရာေတြအားလုံးအေပၚမွာလည္း သူကိုယ္တိုင္သေဘာက်ႏွစ္ၿခိဳက္ေနတာပါ” လို႔ ေျပာခဲ့ပါတယ္။

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*