ပေါလ်စခိုးရွှေးချယ်ပေးခဲ့သည့် လက်ရှိမန်ချက်စတာယူနိုက်တက်အသင်း၏ အကောင်းဆုံးကစားသမား (၁၁) ယောက်

သရဲနီတို့၏ ဂန္ဓဝင်ကစားသမားကြီး ပေါလ်စခိုးက လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းမှ အကောင်းဆုံး ကစားသမား (၁၁)ယောက်ကို ဖော်ထုတ်ရွှေးချယ်သွားခဲ့ပြီး ဒီကစားသမား (၁၁)ယောက်ဖြင့် ယခုရာသီမှာဆက်ပြီး ကစားခဲ့ပါက ထိပ်ဆုံးလေးသင်းထဲကို ပြန်လည်ဝင်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားပါတယ်။ အိုလီဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိရာသီမှာ ဆိုးရွားသည့်အနေအထားကို တစ်ခုကိုဖြတ်သန်းနေရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲအနည်းငယ်သာ ရရှိထားပါတယ်။ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရမှတ် (၁၃) မှတ်ဖြင့် အဆင့် (၁၀)ကို ရောက်ရှိနေပြီး ဒီတပတ်မှာတော့ အဆင့် (၈)က ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

 

ယခုနှစ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားသာချက်တစ်ခုဟာ ပရီးမီးယားလိဂ်ထက် တခြားပြိုင်ပွဲမှာစွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ကာရာဘောင်းပြိုင်ပွဲမှာ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့်တက်ရောက်ခဲ့သည့်အပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ပါတီဇန်အသင်းကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်တာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ ကစားသမားအင်အားဖြည့်တင်းဖို့အတွက် လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး ဘုတ်အဖွဲ့ နှင့် နည်းပြကြားမှာ ဒီထက်ဆက်ဆံရေးပိုကောင်းဖို့ ပေါလ်စခိုးက မျှော်လင့်ထားပါတယ်။ ပေါလ်စခိုးဟာ ပါတီဇန်ဘဲဂရိတ်နဲ့ ပွဲအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်အတွက် ၄-၄-၁-၁ ကစားကွက်ကို အခြေခံပြီး အကောင်းဆုံး ကစားသမား (၁၁)ယောက်ကို ယခုလိုရွှေးချယ်သွားခဲ့ပါတယ်။

“ကျွန်တော်ကတော့ ၄-၄-၁-၁ ကစားကွက်ကို အဆင်ပြေတယ်လို့ မြင်မိတယ်။ ယူနိုက်တက်က ဒီကစားကွက်နဲ့ အဆင်ပြေမှာပါ။ ဂိုးသမားနေရာမှာတော့ ကျွန်တော်က ဒီဂီယာကို ရွှေးချယ်ပါတယ်။ ဒီဂီယာဟာ သူကိုယ်တိုင်အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ပြထားတာပါ။ နောက်တန်းလေးယောက်မှာ မေးခွန်းထုတ်ရမှာက မက်ဂွဲယား နဲ့ တွဲဖက်ကစားမယ့် အသင်းဖော်ပါ”

” ဒါပေမယ့် လက်ရှိအသင်းမှာ ရှိတဲ့သူတွေအားလုံးကို သဘောကျပါတယ်။ မက်ဂွဲယား နဲ့ တွဲဖက်မယ့် ကစားသမားက သွက်သွက်လက်လက်၊ မာမာထန်ထန်နဲ့ အနိုင်လိုစိတ်ပြင်းပြနေဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တွန်ဇန်ဘီပြန်ရောက်လာတဲ့အချိန်မှာတော့ ဒီနှစ်က သူ့အတွက်ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။ အခုချိန်ထိ မတင်မကျလေးတွေရှိသေးတယ်၊ အရည်အသွေးပြည့်စုံတဲ့ ဗဟိုခံစစ်မှူ းတစ်ယောက်လိုအပ်နေတယ်။ ရိုဂျို နဲ့ လင်ဒီအော့ဖ်တို့ကတော့ မသေချာပါဘူး။ တွန်ဇီဘီကို အခွင့်အရေးပေးလိုက်ပါ၊ သူပိုကောင်းလာပါလိမ့်မယ်”

“ကွင်းလယ်မှာတော့ ပေါလ် ပေါ့ဂ်ဘာ နဲ့ မတ် တော်မီနေးတို့ရှိနေတဲ့အတွက် ကောင်းပြီလို့ ယူဆပါတယ်။ ဒီနှစ် တော်မီနေးဘယ်လောက်ကောင်းတယ်ဆိုတာ ခင်ဗျားတို့ မြင်ကြမှာပါ။ ပေါ့ဂ်ဘာမှာတော့ ဝေဖန်တိုက်ခိုက်မှုတွေရှိတယ်ဆိုပေမယ့် သူ့ရဲ့ အရည်အချင်းကို အသင်းက လိုအပ်နေဆဲပါပဲ။ ရှေ့တန်း နှစ်ယောက်နဲ့ တောင်ပံ နှစ်ယောက်က ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ကျွန်တော်ထပ်ပြီး မေးခွန်းထုတ်စရာရှိတာက နံပတ် ၁၀ နေရာမှာ ကစားမယ့် ကစားသမားပါပဲ”

” အသင်းကို ကောင်းကောင်းချိတ်ဆက်မှုပေးပြီး၊ ကွင်းလယ်နဲ့ ရှေ့တန်းကို ကောင်းကောင်းပံ့ပိုနိုင်တဲ့ ကစားသမားလိုအပ်တယ်။ မာတာကတော့ ယနေ့ညမှာ အကောင်းဆုံးကစားသွားတယ်လို့ ဆိုလို့ရပေမယ့်လည်း ရေရှည်အတွက်တော့ ဒါဟာ အဖြေတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်ကတော့ နံပတ် ၁၀ နေရာမှာ ရက်ရှ်ဖို့ဒ်ကို ထားချင်ပါတယ်။ ဘာလို့ဆိုတော့ ဒီနေ့ညမှာဗျာ မာရှယ်ကို ချိတ်ဆက်နိုင်တာဆိုလို့ သူတစ်ယောက်ရှိတာ။ ရက်ရှ်ဖို့ဒ်ကို ဘယ်တောင်ပံမှာ ထားပြီး ကစားတာထက် နံပတ် ၁၀ နေရာမှာ ကစားတာက ပိုအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်”

“မာဆွန် ဂရင်းဝုဒ်က အထောင်တိုက်စစ်မှူ းနေရာမှာ ထားလို့ရပေမယ့် အခုအတွက်တော့ ညာတောင်ပံမှာ ထားချင်တယ်။ ဂျိမ်းစ်ကတော့ အခုလက်ရှိကစားသမားတွေအားလုံးထက် သာတယ်လို့ ခံစားရတယ်။ ဒါကြောင့် ကျွန်တော် ဘယ်တောင်ပံအတွက် ရွှေးချယ်လိုက်ပြီ” လို့ BT Sports ကို ပြောခဲ့ပါတယ်။ ပေါလ်စခိုး၏ အကောင်းဆုံး (၁၁)ယောက်ကစားသမား စာရင်း ။ (ဂိုး) ဒီဂီယာ ၊ (နောက်တန်း) ဘစ်ဆာကာ၊ တွန်ဇီဘီ၊ မက်ဂွဲယား၊ လုခ်ရှော (ကွင်းလယ်) ဂရင်းဝုဒ်၊ ပေါ့ဂ်ဘာ၊ တော်မီနေး၊ ဒန်နီရယ်ဂျိမ်းစ် (ကွင်းလယ်တိုက်စစ်) ရက်ရှ်ဖို့ဒ် (တိုက်စစ်) မာရှယ်။

[ZG]

ေပါလ္စခိုးေ႐ႊးခ်ယ္ေပးခဲ့သည့္ လက္ရွိမန္ခ်က္စတာယူႏိုက္တက္အသင္း၏ အေကာင္းဆုံးကစားသမား (၁၁) ေယာက္

သရဲနီတို႔၏ ဂႏၶဝင္ကစားသမားႀကီး ေပါလ္စခိုးက လက္ရွိမန္ခ်က္စတာယူႏိုက္တက္အသင္းမွ အေကာင္းဆုံး ကစားသမား (၁၁)ေယာက္ကို ေဖာ္ထုတ္ေ႐ႊးခ်ယ္သြားခဲ့ၿပီး ဒီကစားသမား (၁၁)ေယာက္ျဖင့္ ယခုရာသီမွာဆက္ၿပီး ကစားခဲ့ပါက ထိပ္ဆုံးေလးသင္းထဲကို ျပန္လည္ဝင္ေရာက္ႏိုင္လိမ့္မည္ဟု ယုံၾကည္ထားပါတယ္။ အိုလီဆိုးလ္ရွားရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္ရွိရာသီမွာ ဆိုး႐ြားသည့္အေနအထားကို တစ္ခုကိုျဖတ္သန္းေနရတာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲအနည္းငယ္သာ ရရွိထားပါတယ္။ လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရမွတ္ (၁၃) မွတ္ျဖင့္ အဆင့္ (၁၀)ကို ေရာက္ရွိေနၿပီး ဒီတပတ္မွာေတာ့ အဆင့္ (၈)က ဘ႐ိုက္တန္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ပါတယ္။

ယခုႏွစ္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အားသာခ်က္တစ္ခုဟာ ပရီးမီးယားလိဂ္ထက္ တျခားၿပိဳင္ပြဲမွာစြမ္းေဆာင္ထားႏိုင္တာပဲျဖစ္ပါတယ္။ ကာရာေဘာင္းၿပိဳင္ပြဲမွာ လမ္းပတ္ရဲ႕ ခ်ယ္လ္ဆီးအသင္းကို အေဝးကြင္းမွာ အႏိုင္ယူၿပီး ေနာက္တစ္ဆင့္တက္ေရာက္ခဲ့သည့္အျပင္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ပါတီဇန္အသင္းကို အႏိုင္ရၿပီး ရႈံးထြက္အဆင့္ကို ေရာက္ရွိသြားခဲ့ၿပီျဖစ္တာပါ။ ဒါေပမယ့္ ယူႏိုက္တက္ဟာ ကစားသမားအင္အားျဖည့္တင္းဖို႔အတြက္ လိုအပ္ခ်က္ေတြရွိေနဆဲျဖစ္ၿပီး ဘုတ္အဖြဲ႕ ႏွင့္ နည္းျပၾကားမွာ ဒီထက္ဆက္ဆံေရးပိုေကာင္းဖို႔ ေပါလ္စခိုးက ေမွ်ာ္လင့္ထားပါတယ္။ ေပါလ္စခိုးဟာ ပါတီဇန္ဘဲဂရိတ္နဲ႔ ပြဲအၿပီးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၄-၄-၁-၁ ကစားကြက္ကို အေျခခံၿပီး အေကာင္းဆုံး ကစားသမား (၁၁)ေယာက္ကို ယခုလိုေ႐ႊးခ်ယ္သြားခဲ့ပါတယ္။

“ကြၽန္ေတာ္ကေတာ့ ၄-၄-၁-၁ ကစားကြက္ကို အဆင္ေျပတယ္လို႔ ျမင္မိတယ္။ ယူႏိုက္တက္က ဒီကစားကြက္နဲ႔ အဆင္ေျပမွာပါ။ ဂိုးသမားေနရာမွာေတာ့ ကြၽန္ေတာ္က ဒီဂီယာကို ေ႐ႊးခ်ယ္ပါတယ္။ ဒီဂီယာဟာ သူကိုယ္တိုင္အေကာင္းဆုံး ဂိုးသမားတစ္ေယာက္ျဖစ္တယ္ဆိုတာ ရွင္းရွင္းလင္းလင္းသိေအာင္ လုပ္ျပထားတာပါ။ ေနာက္တန္းေလးေယာက္မွာ ေမးခြန္းထုတ္ရမွာက မက္ဂြဲယား နဲ႔ တြဲဖက္ကစားမယ့္ အသင္းေဖာ္ပါ”

” ဒါေပမယ့္ လက္ရွိအသင္းမွာ ရွိတဲ့သူေတြအားလုံးကို သေဘာက်ပါတယ္။ မက္ဂြဲယား နဲ႔ တြဲဖက္မယ့္ ကစားသမားက သြက္သြက္လက္လက္၊ မာမာထန္ထန္နဲ႔ အႏိုင္လိုစိတ္ျပင္းျပေနဖို႔ လိုအပ္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ တြန္ဇန္ဘီျပန္ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဒီႏွစ္က သူ႔အတြက္ျဖစ္လာလိမ့္မယ္လို႔ ထင္ခဲ့တယ္။ အခုခ်ိန္ထိ မတင္မက်ေလးေတြရွိေသးတယ္၊ အရည္အေသြးျပည့္စုံတဲ့ ဗဟိုခံစစ္မႉ းတစ္ေယာက္လိုအပ္ေနတယ္။ ႐ိုဂ်ိဳ နဲ႔ လင္ဒီေအာ့ဖ္တို႔ကေတာ့ မေသခ်ာပါဘူး။ တြန္ဇီဘီကို အခြင့္အေရးေပးလိုက္ပါ၊ သူပိုေကာင္းလာပါလိမ့္မယ္”

“ကြင္းလယ္မွာေတာ့ ေပါလ္ ေပါ့ဂ္ဘာ နဲ႔ မတ္ ေတာ္မီေနးတို႔ရွိေနတဲ့အတြက္ ေကာင္းၿပီလို႔ ယူဆပါတယ္။ ဒီႏွစ္ ေတာ္မီေနးဘယ္ေလာက္ေကာင္းတယ္ဆိုတာ ခင္ဗ်ားတို႔ ျမင္ၾကမွာပါ။ ေပါ့ဂ္ဘာမွာေတာ့ ေဝဖန္တိုက္ခိုက္မႈေတြရွိတယ္ဆိုေပမယ့္ သူ႔ရဲ႕ အရည္အခ်င္းကို အသင္းက လိုအပ္ေနဆဲပါပဲ။ ေရွ႕တန္း ႏွစ္ေယာက္နဲ႔ ေတာင္ပံ ႏွစ္ေယာက္က ကြၽန္ေတာ့္ကို စိတ္လႈပ္ရွားေစပါတယ္။ ကြၽန္ေတာ္ထပ္ၿပီး ေမးခြန္းထုတ္စရာရွိတာက နံပတ္ ၁၀ ေနရာမွာ ကစားမယ့္ ကစားသမားပါပဲ”

” အသင္းကို ေကာင္းေကာင္းခ်ိတ္ဆက္မႈေပးၿပီး၊ ကြင္းလယ္နဲ႔ ေရွ႕တန္းကို ေကာင္းေကာင္းပံ့ပိုႏိုင္တဲ့ ကစားသမားလိုအပ္တယ္။ မာတာကေတာ့ ယေန႔ညမွာ အေကာင္းဆုံးကစားသြားတယ္လို႔ ဆိုလို႔ရေပမယ့္လည္း ေရရွည္အတြက္ေတာ့ ဒါဟာ အေျဖတစ္ခုမဟုတ္ပါဘူး။ ကြၽန္ေတာ္ကေတာ့ နံပတ္ ၁၀ ေနရာမွာ ရက္ရွ္ဖို႔ဒ္ကို ထားခ်င္ပါတယ္။ ဘာလို႔ဆိုေတာ့ ဒီေန႔ညမွာဗ်ာ မာရွယ္ကို ခ်ိတ္ဆက္ႏိုင္တာဆိုလို႔ သူတစ္ေယာက္ရွိတာ။ ရက္ရွ္ဖို႔ဒ္ကို ဘယ္ေတာင္ပံမွာ ထားၿပီး ကစားတာထက္ နံပတ္ ၁၀ ေနရာမွာ ကစားတာက ပိုအဆင္ေျပလိမ့္မယ္လို႔ထင္ပါတယ္”

“မာဆြန္ ဂရင္းဝုဒ္က အေထာင္တိုက္စစ္မႉ းေနရာမွာ ထားလို႔ရေပမယ့္ အခုအတြက္ေတာ့ ညာေတာင္ပံမွာ ထားခ်င္တယ္။ ဂ်ိမ္းစ္ကေတာ့ အခုလက္ရွိကစားသမားေတြအားလုံးထက္ သာတယ္လို႔ ခံစားရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ ဘယ္ေတာင္ပံအတြက္ ေ႐ႊးခ်ယ္လိုက္ၿပီ” လို႔ BT Sports ကို ေျပာခဲ့ပါတယ္။ ေပါလ္စခိုး၏ အေကာင္းဆုံး (၁၁)ေယာက္ကစားသမား စာရင္း ။ (ဂိုး) ဒီဂီယာ ၊ (ေနာက္တန္း) ဘစ္ဆာကာ၊ တြန္ဇီဘီ၊ မက္ဂြဲယား၊ လုခ္ေရွာ (ကြင္းလယ္) ဂရင္းဝုဒ္၊ ေပါ့ဂ္ဘာ၊ ေတာ္မီေနး၊ ဒန္နီရယ္ဂ်ိမ္းစ္ (ကြင္းလယ္တိုက္စစ္) ရက္ရွ္ဖို႔ဒ္ (တိုက္စစ္) မာရွယ္။

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*