ချယ်လ်ဆီးမှာ လမ်းပတ်နှင့် လက်တွဲရတာ ကံကောင်းတယ်လို့ ပြောပြခဲ့တဲ့ ဂိုးသမား ကီပါ

ချယ်လ်ဆီးအသင်းဟာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် တိုက်စစ်က သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူထား‌ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ပေးဂိုးဟာ များနေခဲ့ပြီး စပိန်ဂိုးသမား ကီပါ ဟာ လက်စွမ်းမတည်မငြိမ် ဖြစ်နေရပါတယ်။ သို့သော်လည်း ကီပါဟာ လမ်းပတ်၏ ဦးစာပေးခြင်းကို ခံနေရသလို ကမ္ဘာ့တန်ကြေးအများဆုံး ဂိုးသမားဟာ လမ်းပတ်နဲ့ လက်တွဲ့ခွင့်ရလို့ သူ့အတွက် ကံကောင်းတယ် ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

” လီဗာပူးလ်နဲ့ မန်စီးတီးအသင်းဟာ ကျွန်တေယ်တို့အသင်းထက် ပိုကောင်းတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် နိုင်ပွဲတွေဆက်ဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်။ လက်ရှိအချိန် အမှတ်ပေးဇယားမှာ ကျွန်တော်တို့ဟာ အဆင့် ၄ မှာ ရှိနေပြီး ဒီထက်ပိုကောင်းတဲ့ အဆင့် ၁ခုမှာ ရပ်တည်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းတဲ့ အဆင့် ၁ခုရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့အသင်းဟာ တိုးတက်မှုတွေ အများကြီး ရှိလာဦးမှာ ဖြစ်ပါတယ်။ အသင်းကြီးတစ်သင်းလို တိုးတက်နေဆဲပါပဲ။ ရာသီအစက အကောင်းဆုံး စတင်ခြင်း မရှိခဲ့ပေမယ့် ပျော်ပျော်ရွင်ရွင် ကစားခဲ့ရပါတယ်။ အဲ့ဒီလိုနေရတာ တကယ်ကောင်းတဲ့ ခံစားမှုလို့ သိရပြီး ဒါက အသင်းအတွက် အလွန်အရေးပါ ပါတယ်”

” ဖရန့်လမ်းပတ်ဟာ အသင်းရဲ့ ဂန္တဝင်ကစားသမား တစ်ယောက်ဖြစ်သလို သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာလည်း ထိပ်တန်းကစားသမား တစ်ယောက်အဖြစ် ကျင်လည်ခဲ့တဲ့သူပါ။ သူဟာနည်းပြဘဝမှာ ၂ နှစ်ပဲ ရှိသေးပေမယ့် သူ့ရဲ့အဖိုးတန်တဲ့ အတွေ့အကြုံတွေကို ဝေမျှပေးနိုင်နေပါတယ်။ သူ့ရဲ့အယူအဆ၊ သူ့ရဲ့ကစားသမားဘ၀ ချယ်လ်ဆီးအသင်းကို ဘယ်လိုပေးဆပ်ခဲ့ထားတယ်၊ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အပါအဝင် ဆုဖလားတွေ ဘယ်လိုရယူခဲ့လဲဆိုတာတွေကို ပြောပြပါတယ်။

” သူ့လိုကစားသမားမျိုးကို နည်းပြအဖြစ်နဲ့ သင်ယူခွင့်ရခဲ့တာ ကျွန်တော်တို့အတွက် ကံကောင်းပါတယ်ကျွန်တော်တို့အသင်းဟာ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အရာတွေ ရှိနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ စုစည်းမှု ကောင်းမွန်တဲ့ အသင်းတစ်သင်းအဖြစ် ဆက်လက်တိုးတက်နေပါတယ်။ အခုအချိန်ဟာ ရာသီအစပိုင်းကာလပဲ ရှိနေပေမယ့် အသင်းရဲ့ လက်ရှိကစားပုံနဲ့ ရလဒ်အပေါ် ကျေနပ်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတဲ့အချက်တစ်ခု ဖြစ်နေပါတယ်” ကီပါ မှ ပြောပြခဲ့ပါတယ်။

[ZG]

ခ်ယ္လ္ဆီးမွာ လမ္းပတ္ႏွင့္ လက္တြဲရတာ ကံေကာင္းတယ္လို႔ ေျပာျပခဲ့တဲ့ ဂိုးသမား ကီပါ

ခ်ယ္လ္ဆီးအသင္းဟာ မထင္မွတ္ထားေလာက္ေအာင္ ေျခစြမ္းေကာင္းေတြ ျပသေနပါတယ္။ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲတြင္ တိုက္စစ္က သြင္းဂိုး ၂၅ ဂိုးအထိ သြင္းယူထား‌ပါတယ္။ ဒါေပမယ့္ အသင္းရဲ႕ ေပးဂိုးဟာ မ်ားေနခဲ့ၿပီး စပိန္ဂိုးသမား ကီပါ ဟာ လက္စြမ္းမတည္မၿငိမ္ ျဖစ္ေနရပါတယ္။ သို႔ေသာ္လည္း ကီပါဟာ လမ္းပတ္၏ ဦးစာေပးျခင္းကို ခံေနရသလို ကမာၻ႔တန္ေၾကးအမ်ားဆုံး ဂိုးသမားဟာ လမ္းပတ္နဲ႔ လက္တြဲ႕ခြင့္ရလို႔ သူ႔အတြက္ ကံေကာင္းတယ္ ဆိုတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

” လီဗာပူးလ္နဲ႔ မန္စီးတီးအသင္းဟာ ကြၽန္ေတယ္တို႔အသင္းထက္ ပိုေကာင္းတယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ ႏိုင္ပြဲေတြဆက္ဖို႔ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ေနပါတယ္။ လက္ရွိအခ်ိန္ အမွတ္ေပးဇယားမွာ ကြၽန္ေတာ္တို႔ဟာ အဆင့္ ၄ မွာ ရွိေနၿပီး ဒီထက္ပိုေကာင္းတဲ့ အဆင့္ ၁ခုမွာ ရပ္တည္ႏိုင္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဒီထက္ပိုေကာင္းတဲ့ အဆင့္ ၁ခုေရာက္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားရဦးမွာ ျဖစ္ပါတယ္”

” တကယ္ေတာ့ ကြၽန္ေတာ္တို႔အသင္းဟာ တိုးတက္မႈေတြ အမ်ားႀကီး ရွိလာဦးမွာ ျဖစ္ပါတယ္။ အသင္းႀကီးတစ္သင္းလို တိုးတက္ေနဆဲပါပဲ။ ရာသီအစက အေကာင္းဆုံး စတင္ျခင္း မရွိခဲ့ေပမယ့္ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ ကစားခဲ့ရပါတယ္။ အဲ့ဒီလိုေနရတာ တကယ္ေကာင္းတဲ့ ခံစားမႈလို႔ သိရၿပီး ဒါက အသင္းအတြက္ အလြန္အေရးပါ ပါတယ္”။

” ဖရန႔္လမ္းပတ္ဟာ အသင္းရဲ႕ ဂႏၲဝင္ကစားသမား တစ္ေယာက္ျဖစ္သလို သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္မွာလည္း ထိပ္တန္းကစားသမား တစ္ေယာက္အျဖစ္ က်င္လည္ခဲ့တဲ့သူပါ။ သူဟာနည္းျပဘဝမွာ ၂ ႏွစ္ပဲ ရွိေသးေပမယ့္ သူ႔ရဲ႕အဖိုးတန္တဲ့ အေတြ႕အႀကဳံေတြကို ေဝမွ်ေပးႏိုင္ေနပါတယ္။ သူ႔ရဲ႕အယူအဆ၊ သူ႔ရဲ႕ကစားသမားဘ၀ ခ်ယ္လ္ဆီးအသင္းကို ဘယ္လိုေပးဆပ္ခဲ့ထားတယ္၊ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ အပါအဝင္ ဆုဖလားေတြ ဘယ္လိုရယူခဲ့လဲဆိုတာေတြကို ေျပာျပပါတယ္။

” သူ႔လိုကစားသမားမ်ိဳးကို နည္းျပအျဖစ္နဲ႔ သင္ယူခြင့္ရခဲ့တာ ကြၽန္ေတာ္တို႔အတြက္ ကံေကာင္းပါတယ္ကြၽန္ေတာ္တို႔အသင္းဟာ ဒီထက္ပိုၿပီး တိုးတက္ဖို႔ လိုအပ္ေနေသးတဲ့ အရာေတြ ရွိေနပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ စုစည္းမႈ ေကာင္းမြန္တဲ့ အသင္းတစ္သင္းအျဖစ္ ဆက္လက္တိုးတက္ေနပါတယ္။ အခုအခ်ိန္ဟာ ရာသီအစပိုင္းကာလပဲ ရွိေနေပမယ့္ အသင္းရဲ႕ လက္ရွိကစားပုံနဲ႔ ရလဒ္အေပၚ ေက်နပ္ေနၾကပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔အားလုံးအတြက္ အေရးႀကီးတဲ့အခ်က္တစ္ခု ျဖစ္ေနပါတယ္” ကီပါ မွ ေျပာျပခဲ့ပါတယ္။

Sports Village

Be the first to comment

Leave a Reply

Your email address will not be published.


*