ကိုင်းဟာဗက်စ်ကို စောင့်ကြည့်နေသည့် ဘာစီလိုနာ နှင့် နောက်ဆုံးရ ဘောလုံးသတင်းတိုများ

ဗစ်တိုးရီးယားအသင်းကို အဝေးကွင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ ယခုအချိန်မှာ ဝေဖန်မှုများနှင့် ဖိအားတွေအောက်ကို ကျရောက်လျက်ရှိပါတယ်။ ဒီလိုဖိအားတွေကျရောက်နေပေမယ့်လည်း အာဆင်နယ်ကစားသမားအားလုံးက နည်းပြ အပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိပြီး အားပေးထောက်ခံမှုရှိကြောင်း နောက်ခံလူ ကီရင်တယ်နေးက ကာကွယ် ပြောခဲ့ပါတယ်။

ဆဲလ်ဘတ်စ်အသင်းနှင့်အတူ ခြေစွမ်းကောင်းတွေပြသနေပြီး ဂိုးများဆက်တိုက်သွင်းယူပေးနေတဲ့ လူငယ်တိုက်စစ်မှူး ဟာလန်းဟာ တချိန်ချိန်မှာ ပရီးမီးယားလိဂ်မှာ သွားရောက်ကစားနိုင်တယ်လို့ သူ၏ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။ ဟာလန်းဟာ ယခုရာသီမှ ဆဲလ်ဘတ်စ်အသင်းနှင့်အတူ ချန်ပီယံလိဂ်စတင်ကစားခွင့်ရရှိခဲ့သော်လည်း ၄ ပွဲကစားပြီးချိန်မှာတော့ သွင်းဂိုး ၇ ဂိုးအထိ သွင်ယူထားခြင်းကြောင့် စွမ်းဆောင်ရည်မြင့်တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ ဟာလန်းကိုခေါ်ယူဖို့အတွက် ဥရောပအသင်းကြီးများဖြစ်ကြသည့် ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ နှင့် လီဗာပူးလ်အသင်းတို့က အသီးသီးစိတ်ဝင်စားနေကြပါတယ်။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်အင်အားဖြည့်တင်းဖို့အတွက် လေဗာကူဆင်အသင်း၏ ကွင်းလယ်ကြယ်ပွင့် ကစားသမား ကိုင်း ဟာဗက်စ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ကိုင်းဟာဗက်ဟာ လေဗာကူဆင်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်သလို၊ ဂျာမနီလက်ရွှေးစင်အသင်းမှာလည်း ၂၀၁၈ ခုနှစ်ကတည်းက ရွှေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကလည်း ဟာဗက်စ်ကို စောင့်ကြည့်နေသည့်အတွက် ဘာစီလိုနာအတွက်တော့ အပြိုင်ခေါ်ယူသွားရဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ဘယ်နောက်ခံလူ မာဆယ်လိုဟာ နောက်ဆုံးကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ ယခင်ဒဏ်ရာဟောင်း ပြန်လည်ရရှိခဲ့တာကြောင့် ယခုတစ်ပတ်ကစားမည့် အီဘာနှင့်လာလီဂါပွဲစဉ်ကို သေချာပေါက်လွဲချော်သွားတော့မှာဖြစ်ပါတယ်။

1568638833_049370_1568639732_noticia_normal_recorte1.jpg (720×405)

အသင်းပရိတ်သတ်များ၏ အမုန်းကို ခံယူနေသည့် ကွင်းလယ်လူ ရှာကာ ဟာ လာမည့်ဇန်နဝါရီတွင် အသင်းမှ ရောင်းထုတ်ခံဖို့ ရှိနေပြီး စီးရီးအေကလပ် အေစီမီလန်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာအသင်းဟာ အသက်အရွယ်အရ အကျပိုင်းကိုရောက်လာပြီဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ရဲ့ နေရာကို အစားထိုးဖို့အတွက် အာဆင်နယ်အသင်း၏ တိုက်စစ်မှူး အူဘာမီယန်းအား ပြစ်မှတ်ထားနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားများဖြစ်ကြတဲ့ ဘာကလေ၊ တိုမိုရီ၊ ဟက်ဆန်အိုဒွိုင်း၊ မေဆွန်မောင်နဲံ အေဗရာဟမ် (၅) ဦးစလုံးဟာ နိုဝင်ဘာလအတွင်း ကစားမယ့် အင်္ဂလန်အသင်းရဲ့ ၂၀၂၀ ယူရိုခြေစစ်ပွဲ လူစာရင်းမှာ ရွှေးချယ်ခံခဲ့ရပါတယ်။

[ZG]

ကုိင္းဟာဗက္စ္ကုိ ေစာင့္ၾကည့္ေနသည့္ ဘာစီလုိနာ ႏွင့္ ေနာက္ဆံဳးရ ေဘာလံုးသတင္းတုိမ်ား

ဗစ္တုိးရီးယားအသင္းကုိ အေဝးကြင္းမွာ သေရရလဒ္ထြက္ေပၚခဲ့ျပီးေနာက္ ေနာက္ဆံုး ၄ ပြဲဆက္ ႏုိင္ပြဲေပ်ာက္ဆံုးေနခဲ့တဲ့ အာဆင္နယ္အသင္းနည္းျပ အူႏုိင္းအမ္မရီဟာ ယခုအခ်ိန္မွာ ေဝဖန္မႈမ်ားႏွင့္ ဖိအားေတြေအာက္ကုိ က်ေရာက္လ်က္ရွိပါတယ္။ ဒီလုိဖိအားေတြက်ေရာက္ေနေပမယ့္လည္း အာဆင္နယ္ကစားသမားအားလံုးက နည္းျပ အေပၚမွာ ယံုၾကည္မႈအျပည့္အဝရွိျပီး အားေပးေထာက္ခံမႈရွိေၾကာင္း ေနာက္ခံလူ ကီရင္တယ္ေနးက ကာကြယ္ ေျပာခဲ့ပါတယ္။

ဆဲလ္ဘတ္စ္အသင္းႏွင့္အတူ ေျခစြမ္းေကာင္းေတြျပသေနျပီး ဂိုးမ်ားဆက္တုိက္သြင္းယူေပးေနတဲ့ လူငယ္တုိက္စစ္မွဴး ဟာလန္းဟာ တခ်ိန္ခ်ိန္မွာ ပရီးမီးယားလိဂ္မွာ သြားေရာက္ကစားႏုိင္တယ္လုိ႔ သူ၏ဖခင္ျဖစ္သူက ေျပာခဲ့ပါတယ္။ ဟာလန္းဟာ ယခုရာသီမွ ဆဲလ္ဘတ္စ္အသင္းႏွင့္အတူ ခ်န္ပီယံလိဂ္စတင္ကစားခြင့္ရရွိခဲ့ေသာ္လည္း ၄ ပြဲကစားျပီးခ်ိန္မွာေတာ့ သြင္းဂိုး ၇ ဂိုးအထိ သြင္ယူထားျခင္းေၾကာင့္ စြမ္းေဆာင္ရည္ျမင့္တိုက္စစ္မွဴး တစ္ဦးျဖစ္ပါတယ္။ ဟာလန္းကုိေခၚယူဖုိ႔အတြက္ ဥေရာပအသင္းၾကီးမ်ားျဖစ္ၾကသည့္ ဂ်ဴဗင္တပ္စ္၊ ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူႏုိက္တက္၊ ဘာစီလုိနာ ႏွင့္ လီဗာပူးလ္အသင္းတုိ႔က အသီးသီးစိတ္ဝင္စားေနၾကပါတယ္။

ဘာစီလိုနာအသင္းဟာ ကြင္းလယ္အင္အားျဖည့္တင္းဖုိ႔အတြက္ ေလဗာကူဆင္အသင္း၏ ကြင္းလယ္ၾကယ္ပြင့္ ကစားသမား ကုိင္း ဟာဗက္စ္ကုိ ေစာင့္ၾကည့္ေနတယ္လုိ႔ သိရပါတယ္။ ကုိင္းဟာဗက္ဟာ ေလဗာကူဆင္အသင္းရဲ႕ အဓိကကစားသမားတစ္ဦးျဖစ္သလုိ၊ ဂ်ာမနီလက္ေရႊးစင္အသင္းမွာလည္း ၂၀၁၈ ခုႏွစ္ကတည္းက ေရႊးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ ဂ်ာမန္အင္အားၾကီးကလပ္ ဘုိင္ယန္ျမဴးနစ္အသင္းကလည္း ဟာဗက္စ္ကုိ ေစာင့္ၾကည့္ေနသည့္အတြက္ ဘာစီလုိနာအတြက္ေတာ့ အျပိဳင္ေခၚယူသြားရဖြယ္ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဝါရင့္ဘယ္ေနာက္ခံလူ မာဆယ္လုိဟာ ေနာက္ဆံုးကစားခဲ့တဲ့ ဂါလာတာစာေရးနဲ႔ပြဲစဥ္မွာ ယခင္ဒဏ္ရာေဟာင္း ျပန္လည္ရရွိခဲ့တာေၾကာင့္ ယခုတစ္ပတ္ကစားမည့္ အီဘာႏွင့္လာလီဂါပြဲစဥ္ကုိ ေသခ်ာေပါက္လြဲေခ်ာ္သြားေတာ့မွာျဖစ္ပါတယ္။

အသင္းပရိတ္သတ္မ်ား၏ အမုန္းကို ခံယူေနသည့္ ကြင္းလယ္လူ ရွာကာ ဟာ လာမည့္ဇန္နဝါရီတြင္ အသင္းမွ ေရာင္းထုတ္ခံဖို႔ ရွိေနၿပီး စီးရီးေအကလပ္ ေအစီမီလန္အသင္းမွ ေခၚယူရန္ စိတ္ဝင္စားေနပါတယ္။

ဘာစီလိုနာအသင္းဟာ အသက္အရြယ္အရ အက်ပုိင္းကုိေရာက္လာျပီျဖစ္တဲ့ တိုက္စစ္မႉး ဆြာရက္ရဲ႕ ေနရာကုိ အစားထိုးဖုိ႔အတြက္ အာဆင္နယ္အသင္း၏ တိုက္စစ္မႉး အူဘာမီယန္းအား ျပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားသမားမ်ားျဖစ္ၾကတဲ့ ဘာကေလ၊ တုိမုိရီ၊ ဟက္ဆန္အုိဒိြဳင္း၊ ေမဆြန္ေမာင္နဲံ ေအဗရာဟမ္ (၅) ဦးစလံုးဟာ ႏုိဝင္ဘာလအတြင္း ကစားမယ့္ အဂၤလန္အသင္းရဲ႕ ၂၀၂၀ ယူရိုေျခစစ္ပြဲ လူစာရင္းမွာ ေရႊးခ်ယ္ခံခဲ့ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*