Category: Short News

လှုပ်လှုပ်ရှားရှား အပြောင်းအရွှေ့ သတင်းတိုများ

အာဆင်နယ်အသင်းဟာ ရိုးမားအသင်းမှာ အဌားဖြင့် သွားရောက်ကစားလျက်ရှိသော တောင်ပံကစားသမား မီခီတာရမ်ကို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး ရိုးမားအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအချိန် အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ လက်မလျော့သေးပဲ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေပါတယ်။ လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် ဂိုးသမား ဘရာဗိုကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်တော့သည့် ကွင်းလယ်လူ ဝိုင်နယ်ဒမ်ကို ပေါင် (၂၁) သန်းဖြင့် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ရော်နယ်လ်ကိုးမင်းဟာ ဝိုင်နယ်ဒမ်ကို နူကမ့်မှာ ပြန်လည်လက်တွဲလိုပါတယ်။ မာဆေးလ်အသင်းဟာ အင်တာမီလန် နှင့် ဂါလာတာစာရေးတို့၌ ကစားခဲ့ဖူးသော ဂျပန်လက်ရွှေးစင် ဘယ်နောက်ခံလူ ယူတိုနာဂါတိုမို အားအလွတ်ကြေးဖြင့် ခေါ်ယူခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ဇလာတန်အေဗရာမိုဗစ်ချ်ကို နောက်ထပ်တစ်ရာသီ သက်တမ်းတိုးစာချုပ်ထပ်မံချုပ်ဆိုနိုင်ခဲ့ကြောင်း တရားဝင်ကြေငြာသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့...

နံနက်ခင်းပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းတိုများ

တူရင်ကလပ် တိုရီနိုဟာ အေစီမီလန်အသင်းရဲ့ ဘယ်နောက်ခံလူ ရီကာဒို ရိုဒရီဂွတ်စ်ကို ပေါင် ၃ သန်း နှင့်အတူ ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူသွားခဲ့ပြီဖြစ်ပါတယ်။ လူငယ်ကစားသမားဘဝက ရှက်ဖီးယူနိုက်တက်မှာ ဖြတ်သန်းခဲ့ဖူးသော ဘုန်းမောက် ဂိုးသမား ရမ်ဒဲလ်ဟာ အသင်းဟောင်း ရှက်ဖီးယူနိုက်တက်ကို ပေါင် ၁၈.၅ သန်းဖြင့် ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါပြီ။ ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းဟာ ပိုလန်ကလပ် Zaglebie Lubin အသင်းမှ တိုက်စစ်မှူး ဘာတို့ဇ်ဘီလစ်ခ်ကို ယူရို ၅ သန်းဖြင့် ခေါ်ယူလိုက်ပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ဘရာဇီးလ် ကစားသမားအတွဲဖြစ်သည့် ဒေါက်ကလပ်ကော်စတာ နှင့် အဲလက်စ်ဆန်ဒရိုကို ခေါ်ယူဖို့ စဉ်းစားလျက်ရှိပါတယ်။ လိုင်လီနောက်ခံလူ ဂါဘရီရယ် မန်ဂါဟေးစ်ဟာ အာဆင်နယ်အသင်း အပြောင်းရွှေ့ကို အဆုံးသတ်သွားမည်ဖြစ်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ Transfers News

အေတီကို ကစားသမားကို ချိန်ရွယ်နေသည့် ယူနိုက်တက် နှင့် နံနက်ခင်းပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းစုံ

ပြင်သစ်ကလပ် မောင့်ပယ်လီယာအသင်းဟာ ဆွစ်ဇာလန်ကလပ် ဘေဆယ်လ်အသင်းရဲ့ ဂိုးသမား ဂျိုးနတ်စ် အိုမလင်ကို ယူရို ၆ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းဟောင်း ဆွမ်ဆီးအသင်းဟာ ဘရစ္စတိုးစီးတီးအသင်းရဲ့ ကွင်းလယ်လူ ကိုရေးစမစ်ကို မဖော်ပြသောကြေးဖြင့် ၂ နှစ်စာချုပ်နှင့်အတူ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဘန်လေအသင်းဟာ ဝုဗ်လ်အသင်းရဲ့ အရံဂိုးသမား ဝီနောရစ်ကို ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ရှော်ကေးလ်ကွင်းလယ်လူ ဝက်စတန်မက်နေးလ်ဟာ ဟာသာဘာလင်အသင်းကို ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက် ၎င်းကို လက်စတာစီးတီး၊ ဆောက်သမ်တန် နှင့် ဝုဗ်လ်တို့က အပြိုင်ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပါပြီ အဲဗာတန်နည်းပြ အန်ဆယ်လော့တီဟာ သူ့ရဲ့ တပည့်ဟောင်း နာပိုလီကွင်းလယ်လူ အယ်လန်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူဖို့ တော်တော်လေး နီးစပ်နေပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အေတီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆောနီဂွတ်စ်ကို ပေါင်သန်း ၇၀ ဖြင့် ကမ်းလှမ်းဖို့ ကြိုးစားနေပါတယ်။...