Category: Bundesliga

ဟာဗက်ဇ်ကို ရောင်းချပြီးနောက် ရလာသည့်ငွေဖြင့် ရိုးမားတိုက်စစ်မှူးကို ခေါ်ယူသွားမည့် #လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ သူတို့ရဲ့အားထားရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းဟာဗက်ဇ်ကို ချယ်လ်ဆီးအသင်းထံ ယူရိုသန်း ၁၀၀ ဖြင့် ရောင်းချဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်။ ယခုတပတ်အတွင်းမှာ ဟာဗက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်သွားဖို့ရှိနေပါတယ်။ လေဗာကူဆင်ဟာ ရလာသည့်ငွေကြေးဖြင့် ရိုးမားမှ RB လပ်ဇစ်သို့ အဌားဖြင့် လာရောက်ကစားနေသော ချက်လက်ရွှေးစင် တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ် ကို ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ပက်ထရစ်ရှစ်ခ်ဟာ ၂၀၁၉-၂၀ ရာသီမှာ ရိုးမားမှ RB လပ်ဇစ်အသင်းသို့ တစ်ရာသီအဌားဖြင့် လာရောက်ကစားနေတာဖြစ်ပါတယ်။ယခင်က RB လပ်ဇစ်အသင်းဟာ အဌားတစ်ရာသီခေါ်ယူပြီးနောက် နောက်ရာသီမှာ အပြီးသတ်ခေါ်ယူဖို့ စီစဉ်ထားသော်လည်း ရိုးမားအသင်းက တောင်းဆိုသည့် ယူရိုသန်း ၃၀ ကို မတက်နိုင်သည့်အတွက်ကြောင့် လက်လျော့ခဲ့ရတာဖြစ်ပါတယ်။ ပက်ထရစ်ရှစ်ခ်ကို စီးရီးအေကလပ်များဖြစ်သည့် ဖီအိုရင်တီးနားနှင့် တိုရီနိုတို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရိုးမားကတော့ လေဗာကူဆင်အသင်းဆီကိုသာ ပို့ဆောင်ဖို့...

ဘာစီလိုနာ နဲ့ သတင်းထွက်နေတဲ့ နောက်ခံလူကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းသွားမည့် RB လပ်ဇစ်

RB လပ်ဇစ်မှာအဌားနဲ့ လာရောက်ကစားနေတဲ့ နောက်ခံလူ အိန်ဂျယ်လီနိုကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ အလိုရှိနေပါတယ်။ အိန်ဂျယ်လီနိုရဲ့ သမိုင်းကြောင်းကို ပြန်ကောက်ရမယ်ဆိုရင် လူငယ်ကစားသမားဘဝကို ဒီဗို့တီဗို ကော်ရူနာ နဲ့ မန်ချက်စတာစီးတီးအသင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းကြီးမှာ ၂၀၁၄ ခုနှစ်မှာ စတင်ရွှေးချယ်ခဲ့ရပေမယ့် ပုံမှန်ကစားခွင့်မရပဲ စီးတီးရဲ့ sister club တွေဖြစ်တဲ့ နယူးယောက် FC နဲ့ ဂီရိုနာမှာ ၂ နှစ်ခွဲလောက်သွားရောက်ကစားခဲ့တယ်။ ဂီရိုနာကတဆင့် မာယော့ကာ ၊ NAC ဘရီဒါ အသင်းတွေမှာ ၁ နှစ်ခွဲလောက်ကစားပြီး ၂၀၁၈ မှာတော့ နယ်သာလန်ကလပ် PSV အသင်းကို (၅) နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တယ်။ PSV မှာ တစ်ရာသီသာ ကစားလိုက်ရပြီး မန်စီးတီးအသင်းက နောက်တန်းလိုအပ်ချက်ရှိနေတာကြောင့် သူ့ကို Buy-Back Clause နဲ့ ပြန်ခေါ်လိုက်တယ်။...

သီယာဂို နဲ့ လီဗာပူးလ်ကို နီးလျက်နဲ့ ဝေးစေတဲ့ အဓိက အကြောင်းအရင်းက ????

လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ခေါ်ယူဖို့ စကားပြောဆိုပြီးပြီ။ ကစားသမားကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ အပြီးသတ်ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်သလို၊ လီဗာပူးလ်အသင်းကို ပြောင်းချင်တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း သီယာဂိုကို သင့်တော်တဲ့ ဈေးတစ်ခုရတာနဲ့ လက်လွှတ်သွားမယ်လို့ ရူမင်နစ်ဂီကိုယ်တိုင် ဝန်ခံထားပြီးသား။ ဒါဆိုရင် ဘာကြောင့်မို့ အခုထိ သီယာဂိုက လီဗာပူးလ်ကို မပြောင်းသေးတာလဲ? ဘယ်အကြောင်းတရားက ဒီအပြောင်းအရွှေ့ကို ကြန့်ကြာစေတာလဲ ? နာမည်ကြီး ဂျာနယ်လစ် ရိုမာနို ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ သီယာဂိုနဲ့လည်း ဆွေးနွေးပြီးသွားပါပြီ။ ဘိုင်ယန်မြူးနစ်နဲ့လည်း ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ ယူရိုသန်း ၃၀ ကိုပေးချေဖို့ အခက်တွေ့နေပါတယ်။ အပြောင်းအရွှေ့ကြန့်ကြာရခြင်း အဓိက အချက်ကတော့ ဒါပါပဲ။ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ ကစားသမားတစ်ယောက်အတွက် လီဗာပူးလ်အသင်းက ယူရိုသန်း ၃၀...

ဟာဗက်ဇ်အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးက လေဗာကူဆင်ကို ရာဇသံပေးလိုက်ပြီ

ချယ်လ်ဆီးအသင်းဟာ ဂျာမန်ကြယ်ပွင့် ကိုင်းဟာဗက်ဇ်အတွက် အမြင့်ဆုံး ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းလိုက်ပြီဖြစ်သော်လည်း လေဗာကူဆင်အသင်းကတော့ အဆိုပါ ပြောင်းရွှေ့ကြေးကို လက်မခံပဲ ပယ်ချခဲ့ပါတယ်။ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာ ဟာဗက်ဇ်ကို ခေါ်ယူဖို့အတွက် အသည်းအသန်ကြိုးစားနေတာဖြစ်ပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဟာဗက်ဇ်ကိုယ်တိုင်လည်း ယူရိုပါလိဂ်ပြိုင်ပွဲအပြီးမှာ လေဗာကူဆင်အသင်းမှ ထွက်ခွာဖို့ ဆန္ဒရှိပါတယ်။ လေဗာကူဆင်အသင်းကတော့ ဟာဗက်ဇ်ကို လျော့ဈေးဖြင့် ရောင်းထုတ်ဖို့ မရှိသည့်အပြင် သတ်မှတ်ထားသည့် ဈေးအတိုင်း အပြည့်အဝပေးချေမှသာ ရောင်းမယ်ဆိုပြီး တင်းခံထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကိုင်းဟာဗက်ဇ်အတွက် ပေါင်သန်း ၉၀ ထက်ပိုသုံးမှာမဟုတ်သလို၊ ၉၀ ထက်ပိုပြီး တောင်းဆိုလာလျှင်လည်း ခေါ်ယူမှာမဟုတ်တော့ကြောင်း လေဗာကူဆင်အသင်းကို တုံ့ပြန်ထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ လောလောဆယ်မှာ ဇိုင်းယက်စ်နှင့် တီမိုဝါနာတို့အတွက် ငွေကုန်ကြေးကျများစွာ သုံးစွဲပြီး ခေါ်ယူထားပြီးဖြစ်သည့်အတွက် နောက်ထပ်ကစားသမားသစ်ခေါ်ယူရေးမှာ အနည်းငယ်တုံ့ဆိုင်းနေပါတယ်။ အထူးသဖြင့် ကွင်းလယ်တိုက်စစ်တစ်နေရာအပြင် ဘယ်နောက်ခံလူ နှင့် ကွင်းလယ်ခံစစ်ပိုင်းအတွက်...

လေဗာကူဆင်ကနေ ထွက်ခွာခွင့်ပေးဖို့ အသင်းတာဝန်ရှိသူတွေထံကို တောင်းဆိုခဲ့သည့် ချယ်လ်ဆီးပစ်မှတ် ဟာဗက်စ်

လေဗာကူဆင်အသင်း၏ CEO ဖာနန်ဒို ကာရိုမှ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုင်းဟာဗက်စ်ဟာ လေဗာကူဆင်မှ ထွက်ခွာခွင့်ကို တောင်းခံခဲ့ကြောင်း နှင့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သိပ်မသေချာကြောင်း ဖွင့်ဟခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကိုင်းဟာဗက်စ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အလိုရှိဆုံး ကစားသမားတစ်ယောက်ဖြစ်သည့်အပြင် ပေါင်သန်း ၇၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် လေဗာကူဆင်အသင်းဟာ ဟာဗက်ဇ်အတွက် အနည်းဆုံး ပေါင်သန်း ၉၀ အထက်ရရှိမှသာ ရောင်းချဖို့ သတ်မှတ်ထားသည့်အတွက်ကြောင့် စတမ်းဖို့ဘရစ်ချ်သို့ ဟာဗက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ ပျက်သွားဖို့ ရာခိုင်နှုန်းများပါတယ်။ ကာရိုမှ ဂျာမန်သတင်းစာတစ်ခုနှင့် တွေ့ဆုံခန်းတစ်ခုမှာတော့ “အရင်ကတည်းက ကျွန်တော် ပြောထားပြီးသားလေ၊ ယူရိုပါလိဂ်ပြီးဆုံးတာနဲ့ ဟာဗက်ဇ်ရဲ့ အပြောင်းအရွှေ့ကို စကားပြောမယ်ဆိုတာ။ ကိုင်း(ဟာဗက်စ်)ကတော့ နောက်ထပ်အဆင့်တစ်ဆင့်ကို လှမ်းဖို့ ဆန္ဒရှိတယ်။ ဒီအချိန်မှာတော့ သူရဲ့ ဆန္ဒက လာမဲ့အနာဂတ်မှာ အလုပ်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကို...

နာပိုလီ နောက်ခံလူ ကူလီဘာလီကို ပေါင် ၇၂ သန်းအထိ တိုးမြှင့်ကာ နောက်ထပ်တစ်ကြိမ် ထပ်မံကမ်းလှမ်းသွားမည့် #မန်စီးတီး

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းဟာ ၎င်းတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲများ ပြီးဆုံးသွားခဲ့ပါက နာပိုလီနောက်ခံလူ ကူလီဘာလီ ကို ပေါင် ၇၂ သန်းအထိ တိုးမြှင့်ကာ ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။ မန်စီးတီးဟာ နောက်တန်းအင်အားကို မဖြစ်မနေဖြည့်တင်းဖို့ လိုအပ်နေသည့်အတွက်ကြောင့် ကူလီဘာလီ သည်းသည်းသန်သန်ချိတ်ဆက်နေတာပဲဖြစ်ပါတယ်။ အီတလီနာမည်ကြီး ဂျာနယ်လီ အဲဖရက်ဒို ပီဒယ်လ မှ စီးတီးဟာ နွေရာသီ ဈေးကွက်အဖွင့်မှာပင် ကူလီဘာလီကို ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်းဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး ပီဒယ်လ က စီးတီးနည်းပြ ဂွာဒီယိုလာဟာ ကူလီဘာလီကို ပေါင် ၇၂ သန်းအထိ တိုးပေးကာ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ညမှာ လိုင်ယွန်အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ကို ကစားသွားရမှာဖြစ်ပါတယ်။ ဒီတဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက...

ဒေါ့မွန်အသင်းနှင့်အတူ ဖလားတွေ သိမ်းပိုက်သွားဖို့ ရည်မှန်းထားသည့် တိုက်စစ်မှူး ဟာလန်း

၂၀၁၉-၂၀ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ RB ဆဲဘတ်စ်အသင်း၏ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ တော်တော်လေးစိတ်ဝင်စားခဲ့ပြီး ချိတ်ဆက်ခဲ့ပါတယ်။ ယူနိုက်တက်အပြင် ဥရောပ အင်အားကြီးအသင်းများက ကမ်းလှမ်းခဲ့သော်လည်း နောက်ဆုံးမှာတော့ ဒေါ့မွန်အသင်းကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဟာလန်းဟာ နော်ဝေးကလပ် မိုလ်ဒီအသင်းမှာတုန်းက လက်ရှိယူနိုက်တက် နည်းပြ ဆိုးလ်ရှားနှင့် လက်တွဲခဲ့ဖူးသလို၊ ဆိုးလ်ရှားရဲ့ အကြောင်းကိုလည်း ဟာလန်းမှ ထုတ်ဖော်ချီးကျူးခဲ့ဖူးပါတယ်။ ရာသီဝက်မှ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့ပေမယ့် ဟာလန်းရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင် အတော်လေး လေးစားဖို့ကောင်းနေပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံစုစုပေါင်း (၁၈) ပွဲကစားခဲ့ရာမှာတော့ (၁၆) ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းနှင့်အတူ အောင်မြင်မှုဆုဖလားတွေကို သိမ်းပိုက်သွားဖို့ ရည်ရွယ်ထားပါတယ်။ “ကျွန်တော်ဟာ ဒီအသင်းမှာ ၂၀၂၄ ခုနှစ်အထိ နှစ်ရှည်စာချုပ်ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပန်းတိုင်ကတော့ ဒေါ့မွန်အသင်းနဲ့အတူ ဖလားရပြီး...