Category: La Liga

ဥရုဂွေး၊ နယ်သာလန်၊ အင်္ဂလန် နှင့် စပိန်မြေတို့မှာ ကစားပြီးနောက် အီတလီမြေကို ပြောင်းရွှေ့ကစားဖို့ အလားအလာရှိသည့် ဆွာရက်ဇ်

အသက် (၃၃) နှစ်ရှိပြီဖြစ်သည့် ဘာစီလိုနာအသင်းရဲ့ ဂိုးသွင်းစက်ကြီး လူးဝစ်ဆွာရက်ဇ်ဟာ နည်းပြသစ် ရော်နယ်လ်ကိုးမင်းရဲ့ အနာဂတ်အစီအစဉ်ထဲမှာ မပါဝင်တော့ဘူးလု့ိ သတင်းတွေထွက်နေသလို၊ အပြောင်းအရွှေ့အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ကစားသမားဘဝတစ်လျှောက်မှာ ဥရုဂွေးက နေစီယွန်၊ နယ်သာလန်က ဂရိုနင်ဂျန် နှင့် အေဂျက်စ် ၊ အင်္ဂလန်က လီဗာပူးလ် နှင့် စပိန်မြေမှာဆိုရင် ဘာစီလိုနာအသင်းတို့မှာ ကစားခဲ့ဖူးသော်လည်း အီတလီမြေမှာ တကြိမ်တခါမှကစားခဲ့ဖူးခြင်းမရှိသေးပါဘူး။ နည်းပြအပြောင်းအလဲလုပ်ထားသည့် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Goal.com ကဖော်ပြထားပါတယ်။ ပီယာလိုကလည်း အသင်းကို ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေပြီး တိုက်စစ်စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်ကို ဒီနွေရာသီမှာ အသင်းကနေထွက်ခွာခွင့်ပြုလိုက်ပါပြီ။ ဒီအတွက်ကြောင့် ပြီးခဲ့တဲ့နှစ်က အဲဗာတန်အသင်းကို ရောင်းထားတဲ့ လူငယ်လေး မွိုက်ကိန်းကို အဌားနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေသည့်အပြင် ဆွာရက်ဇ်ကိုပါ...

မက်ဆီကို ခေါ်ယူဖို့ ဦးဆောင်နေတဲ့ အသင်းတွေထဲမှာ မန်စီးတီးက ထိပ်ဆုံးပါပဲ

ကမ္ဘာဘောလုံးလောကကို တုန်လှုပ်စေခဲ့တဲ့ “ဘာစီလိုနာကနေ ထွက်ခွာဖို့ မက်ဆီတောင်းဆိုလိုက်ပြီ” ဆိုသည့် စကားတစ်ခွန်းကြောင့် ဘောလုံးပရိသတ်တွေအားလုံး ဂယက်ရိုက်ကုန်ကြတယ်။ အားကစားမီဒီယာတွေအားလုံး အလုပ်တွေရှုပ်ကုန်ကြတယ်။ မက်ဆီတစ်ယောက် ဘာစီလိုနာက ထွက်ရင် ဘယ်အသင်းကို ပြောင်းမှာလဲ ? ဘာတွေဆက်ဖြစ်လာမှာလဲ? အားလုံးက စိတ်ဝင်စားနေကြတယ်။ ဘာစီလိုနာကို အသက် ၁၄ နှစ်ကတည်းက ရောက်ရှိလာခဲ့ပြီး ကတ်တလန်မြေကလွဲလို့ တခြားဘယ်အသင်းကိုမှ ပြောင်းဖို့ စိတ်တောင်မကူးဘူးတဲ့ မက်ဆီက အသင်းပြောင်းမယ်ဆိုတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ တကယ်လို့ မက်ဆီသာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့မယ်ဆိုရင် ဖြစ်နိုင်ချေအရှိဆုံး ပြောင်းရွှေ့နိုင်တဲ့အသင်းကတော့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းဖြစ်တယ်လို့ Evening Standard သတင်းစာကဖော်ပြထားပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းမှ တပတ်ကို ပေါင် ၁သန်း နီးပါးခံစားခွင့်ရရှိထားပါတယ်။ ဘောလုံးလောကမှာ မက်ဆီ လက်ရှိရနေတဲ့ လစာကိုပေးနိုင်တဲ့အသင်းက လက်ချိုးရေတွက်လို့ရတယ်။ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ PSG ဒီ(၃) သင်းကတော့...

လက်ရွှေးစင်အသင်းက တပည့်ကို ဘာစီလိုနာကို ခေါ်ယူဖို့ အလိုရှိနေသည့် ရော်နယ်လ်ကိုးမင်း

ဘာစီလိုနာနည်းပြသစ ်ရော်နယ်လ်ကိုးမင်းဟာ အသက်အရွယ်အရ အကျပိုင်းသို့ ရောက်လာပြီဖြစ်သည့် ၃၃ နှစ်အရွယ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏နေရာကို အစားထိုးဖု့ိအတွက် ဈေးကွက်အတွင်း ကစားသမားသစ်ကို ရှာဖွေလျက်ရှိပါတယ်။ ယခင်က ဘာစီလိုနာအသင်းဟာ လူးဝစ်ဆွာရက်ဇ်ရဲ့ နေရာမှာ အင်တာမီလန်တိုက်စစ်မှူး လူတာရိုမာတီနက်ဇ်ဖြင့် အစားထိုးသွားဖို့ ကြံရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ဟာ ပြောင်းရွှေ့ကြေး အလွန်မြင့်မားသည့်အတွက်ကြောင့် အခက်တွေ့နေရပါတယ်။ ရော်နယ်လ်ကိုးမင်းကတော့ မာတီနက်ဇ်ထက် ဈေးသက်သာပြီး လတ်တလော နာမည်ကြီးနေတဲ့ လိုင်ယွန်တိုက်စစ်မှူး မန်ဖစ်ဒီပေးကို ပိုပြီး အလိုရှိနေပါတယ်။ ကိုးလ်မင်းဟာ ဘာစီလိုနာအသင်းကို ရေရှည်စီမံကိန်းဖြင့် တည်ဆောက်သွားဖို့ ဆုံးဖြတ်ချက်ချထားပြီး အသင်းရဲ့ အားကစားဒါရိုက်တာ နှင့် တွဲဖက်ကာ ကစားသမားအပြောင်းရွှေ့ကို လုပ်ဆောင်သွားဖို့ရှိပါတယ်။ အသင်းဘက်ကလည်း ကိုးလ်မင်းအလိုရှိနေတဲ့ ကစားသမားတွေ အတွက် ငွေကြေးသုံးစွဲပေးသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လိုင်ယွန်တိုက်စစ်မှူး ဒီပေးဟာ လိုင်ယွန်အသင်းမှာ အထောင်တိုက်စစ်မှူးကစားသည့်အပြင် တစ်ခါတစ်ရံမှာ တောင်ပံသို့ ထွက်ကစားနိုင်သည့် အလှည့်အပြောင်းလုပ်လို့ရသည့်...

“ဘာစီလိုနာအသင်းကို ကိုင်တွယ်ခွင့်ရတာဟာ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာပြီ” လို့ ဆိုလိုက်တဲ့ နည်းပြသစ် ရော်လ်နယ်ကိုးမင်း

ဘာစီလိုနာအသင်းဟာ လာမည့်နာရီပိုင်းအတွင်းမှာပင် နယ်သာလန်နည်းပြ ရော်လ်နယ်ကိုးမင်းကို တရားဝင်ခန့်အပ်သွားတော့မှာဖြစ်ပါတယ်။ ယခင်နည်းပြဟောင်း ဆက်တီယန်ကို ယမန်နေ့ညက ထုတ်ပယ်သွားပြီဖြစ်သည့်အတွက်ကြောင့် ကိုးမင်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့် ကိုးမင်းဟာ ဘာစီလိုနာအသင်းရဲ့ (၆၆) ယောက်မြောက်သော နည်းပြဖြစ်လာတော့မှာဖြစ်ပါတယ်။ ယမန့်နေ့က ဘာစီလိုနာ CEO အော်စကာဟာ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်နှင့် ကိုးမင်း၏ စာချုပ်လျော်ကြေးကိစ္စအတွက် တစ်နေကုန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ ကိုးမင်းဟာ ယခင်က ယူရို ၂၀၂၀ အပြီးမှ နယ်သာလန်အသင်းနှင့် လမ်းခွဲဖို့ ဆုံးဖြတ်ထားသော်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ၂၀၂၁ သို့ ပြောင်းရွှေ့လိုက်သည့်အတွက် အခြေအနေတွေအားလုံးဟာ ပြောင်းလဲကုန်ပါတယ်။ ဆက်တီယန်ကို မခန့်အပ်ခင်ကတည်းက ဘာစီလိုနာအသင်းဟာ ရော်လ်နယ်ကိုးမင်းကို ချဉ်းကပ်ခဲ့ပေမယ့် ကိုးမင်းကတော့ နယ်သာလန်အသင်းနှင့် ယူရိုပြိုင်ပွဲရှိနေသည့်အတွက် ငြင်းပယ်ခဲ့ပါတယ်။အင်္ဂါနေ့အထိ ကိုးမင်းဟာ နယ်သာလန်အသင်းဌာနချုပ်၌ ရှိနေခဲ့ပြီး သတင်းထောက်များက ဘာစီလိုနာအသင်းနှင့် ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သတ်၍ အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ “အခုချိန်မှာတော့ ကျွန်တော့်ဘက်...

ဆက်တီယန်ကို ထုတ်ပယ်ခဲ့ပြီးနောက် နယ်သာလန် နည်းပြ ရော်နယ်လ်ကိုးလ်မင်းနဲ့ အစားထိုးသွားမည့် #ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပေါ်တူမြေ၌ အရှက်တကွဲအကျိုးနည်း အရေးနိမ့်ခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ခန့်အပ်ခဲ့တဲ့ ဘက်တစ်နည်းပြဟောင်း ဆက်တီယန်ကို ယမန်နေ့ညကပဲ ထုတ်ပယ်သွားခဲ့ပါတယ်။ ဆက်တီယန်ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့သည့် (၆) လ အတွင်း စုစုပေါင်း (၂၅) ပွဲကစားရာမှာတော့ (၁၆) ပွဲနိုင်၊ (၄) ပွဲသရေ ၊ (၅) ပွဲရှုံး ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး Win Rate အားဖြင့် ၆၄% အထိရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကတော့ ဆက်တီယန်ကို အပြီးတိုင်ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ “ဘုတ်အဖွဲ့ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်အရ နည်းပြ ဆက်တီယန်ဟာ အသင်းရဲ့ နည်းပြအဖြစ် ဆက်လက်တည်ရှိနေတော့မှာမဟုတ်ပါဘူး။ ဒါဟာ အသင်းရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ပထမဦးဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လက်ရှိ နည်းစနစ် လက်ထောက်ကိုယ်တိုင်...

ရာထူးထိုင်ခုံ ခပ်လှုပ်လှုပ်ဖြစ်လာပြီဖြစ်သည့် ဘာစီလိုနာနည်းပြ #ဆက်တီယန်

စပိန်လာလီဂါဟာ ယခုနှစ်မှာ ချန်ပီယံဆုအတွက် အတော်လေး ပြိုင်ဆိုင်မှုပြင်းထန်တာကို တွေ့ရပါတယ်။ ပွဲပြီးဖို့ (၆) ပွဲလောက်အလိုမှာတင် ထိပ်ဆုံး (၂) သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အမှတ်ကွာဟချက်ဟာ (၂) မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ (၂) မှတ်တိတိကွာဟသွားခဲ့ပြီး ချန်ပီယံဆုကို ထိန်းထားဖို့ ခက်ခဲလာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း ပွဲကျပ်တွေဆက်တိုက်ကစားထားရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ယနေ့ညမှာလည်း အေတီကိုမက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အေတီကိုနဲ့ပွဲသာ မတော်တဆ အရေးနိမ့်ခဲ့မယ်ဆိုပါက နည်းပြဆက်တီယန်ဟာ ရာထူးမှ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီပွဲရလဒ်ဟာ ဆက်တီယန်အတွက်တော့ အတော်လေး အရေးပါတယ်လို့ ဆိုရမှာဖြစ်ပြီး ဖိအားတွေလည်း များနေလောက်ပါပြီ။ ဆက်တီယန်ဟာ ဘာကာကစားသမားတွေနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာမှာ ကွဲလွဲချက်များရှိနေပြီး အချေအတင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဘာကာကြယ်ပွင့် မက်ဆီ နဲ့...