Category: Premier League

အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ပေါဈေးပဲဈေးနဲ့ ကမ်းလှမ်းလိုက်တဲ့ #PSG

PSG အသင်းဟာ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဟက်တာဘယ်လာရင်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း + Add-ons ပေါင် ၅ သန်းဖြင့် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ PSG အသင်းဟာ ပြီးခဲ့သည့်တပတ်ကတည်းက အာဆင်နယ်အသင်းနှင့် နေ့တိုင်းနီးပါး အပြောင်းအရွှေ့ကိစ္စအတွက် ဆက်သွယ်မှုပြုလုပ်နေပြီး ယခုတခါမှာတော့ တရားဝင်စတင်ကမ်းလှမ်းမှုပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်ပြီးကတည်းက PSG အသင်းဟာ အင်အားတောင့်တင်းအောင် ပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်။ PSG အသင်းနည်းတူ ဘိုင်ယန်မြူးနစ် နှင့် ဂျူဗင်တပ်စ်အသင်းတို့ကလည်း ဘယ်လာရင်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၃ အထိ စာချုပ်သက်တမ်းရှိနေပါသေးတယ်။ ဘယ်လာရင်ရဲ့ အပြောင်းအရွှေ့ဟာ နည်းပြ အာတီတာအတွက်တော့ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ အာတီတာဟာ နောက်တန်းအတွက် ဂါဘရီရယ်မန်ဂါဟေးစ် နှင့် ပါဘလို မာရီ (၂) ဦးထဲကို ပေါင်...

စီဘယ်လော့စ်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရရှာတဲ့ #အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ စီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ စီဘယ်လော့စ်ဟာ ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းမှာ တစ်ရာသီကြာ အဌားဖြင့် လာရောက်ကစားပြီး အင်္ဂလန်မြေမှာ အံဝင်အောင်ကစားနိုင်ခဲ့ပါတယ်။ အသင်းနှင့် လိုက်လျောညီထွေကစားနိုင်တဲ့ စပိန်ကစားသမား စီဘယ်လော့စ်ကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက်ရှိပါတယ်။ စီဘယ်လော့စ်ဟာ အနေဖြင့် ရီးရဲလ်မက်ဒရစ်မှာ ဆက်နေမည်ဆိုပါက ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရဖို့ ခက်ခဲနိုင်ပါတယ်။ လောလောဆယ် ကစားသမားနှင့် အာဆင်နယ်အသင်းကြားဆွေးနွေးမှုများပြုလုပ်လျက်ရှိသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းနှင့် တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးတာမျိုးမရှိသေးပါဘူး။ အာဆင်နယ်အသင်းကလည်း ရီးရဲလ်မက်ဒရစ်အသင်း၏ ဆုံးဖြတ်ချက်ကို အချိန်တစ်ခုပေးကာ စောင့်ဆိုင်းလျက်ရှိပြီး အဆင်မပြေခဲ့ပါက တခြားကစားသမားတစ်ယောက်ကို အစားထိုးခေါ်ယူသွားဖွယ်ရှိပါတယ်။ အတက်နိုင်ဆုံးစီဘယ်လော့စ်နဲ့ ပတ်သတ်၍ အာတီတာက အကောင်းဆုံး မျှော်လင့်ထားပါတယ်။ “ကောင်းပြီ၊ ကျွန်တော်တို့နဲ့ ဒန်နီကြားမှာ စကားပြောဆိုတာလေးတွေရှိနေပါတယ်။ ဒန်နီကလည်း သူနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ သဘောထားကို ကောင်းကောင်း နားလည်ပါတယ်။ ကျွန်တော်လိုပဲ သူလည်း ပွင့်ပွင့်လင်းလင်းရှိပြီးသားပါ” ”...

#Official : ဘန်ချေဝဲလ်အပြောင်းအရွှေ့ကို တရားဝင်ကြေငြာသွားခဲ့ပြီဖြစ်သည့် ချယ်လ်ဆီး

ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိသည့် ချယ်လ်ဆီးအသင်းဟာ တတိယမြောက်ကစားသမားသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကို ချယ်လ်ဆီးအသင်းဟာ ပေါင်သန်း ၅၀ သုံးစွဲပြီး ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘန်ချေဝဲလ်ဟာ ပြီးခဲ့သည့်ရာသီက လက်စတာစီးတီးအသင်းနှင့် စုစုပေါင်း ၂၇ ပွဲကစားခွင့်ရရှိခဲ့ပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် ဝမ်းသာမိသလို၊ ဖရန့်လမ်းပတ်ရဲ့ စီမံကိန်းမှာ ပူးပေါင်းခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်း ဘန်ချေဝဲလ်က ပြောခဲ့ပါတယ်။ “ဒီလို စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ဒီလို ငယ်ရွယ်ပြီး သွက်လက်ဖျက်လက်တဲ့ ဖရန့်လမ်းပတ် ဦးဆောင်တဲ့ လူငယ်အသင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်သလို၊ နောက်ရာသီမှာ ဆုတံဆိပ်တွေ အတွက် စိန်ခေါ်မှုတွေပြုလုပ်သွားမှာပါ။ အသင်းနဲ့အတူ စတင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဘရစ်ချ်ကွင်းကြီးထဲကို ပရိသတ်တွေ...

ပုံမှန်ပွဲကစားခွင့်အတွက် ဝုလ်ဗ်ကို ရွေးချယ်သွားခဲ့တဲ့ အိန်းစလေ မစ်လန်း-နိုင်းစ်

ကွင်းလယ်ကစားသမားလေး အိန်းစလေ မစ်လန်း-နိုင်းစ်ကတော့ ပုံမှန်ပွဲထွက်ကစားခွင့်အတွက် ဝုလ်ဗ်အသင်းကို ရွေးချယ်သွားခဲ့ပြီး အာဆင်နယ်အသင်းကလည်း ပေါင်သန်း (၂၀)နဲ့ ရောင်းချပေးသွားတော့မှာဖြစ်ကြောင်း သိရပါတယ်။ အသက် (၂၂)နှစ်သားလေးဟာ ကွင်းလယ်မှာ ကစားချင်သူဖြစ်ပေမယ့်လည်း အသင်းရဲ့လိုအပ်ချက်အရ ဘယ်နောက်ခံလူနေရာနဲ့ ညာနောက်ခံလူနေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး ဂန်းနားတို့ဆီမှာတော့ ပွဲထွက်ခွင့်သိပ်မရ ဖြစ်ခဲ့ပါတယ်။ နည်းပြအာတီတာလက်အောက်မှာ စည်းကမ်းပိုင်း အားနည်းချက်အချို့ကြောင့် အစပိုင်းမှာ နေရာမရခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကောင်းဆုံးကြိုးစားမှုနဲ့အတူ အားကိုးရတဲ့ ကစားသမားဖြစ်လာခဲ့ပြီး FA ဖလားရရှိခဲ့ရာမှာ တထောင့်တနေရာကနေ အရေးပါခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်းစ်အတွက်ကတော့ လာမယ့်ရာသီမှာလည်း အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ မလွယ်ကူသေးတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးကို ဝုလ်ဗ်က အမိအရ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ဝုလ်ဗ်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ ပေါင်သန်း (၂၀)ဝန်းကျင်နဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။ အင်္ဂလန်သားလေးဟာ အာဆင်နယ်အသင်းရဲ့...

နောက်ထပ် ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားအုံးမည်ဟု မန်စီးတီးဥက္ကဌ မူဘာရက် ကတိပြု

နာသန်အာကီ နှင့် ဖာရန်တောရက်စ်တို့ကို ခေါ်ယူထားပြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဒီ (၂) ယောက်နဲ့တင် မလုံလောက်သေးပဲ အသင်းအတွက် သင့်တော်သည့်ကစားသမားသစ်များကို ထပ်မံခေါ်ယူသွားဖို့ရှိသေးကြောင်း စီးတီးရဲ့ ဥက္ကဌ မူဘာရက်က ကတိပြုခဲ့ပါတယ်။ စီးတီးဟာ တောင်ပံကစားသမား လီရွိုင်းဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင် ၅၅ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် နာသန်အာကီကို ပေါင် ၄၁ သန်းဖြင့် လည်းကောင်း၊ ဖာရန်တောရက်စ်ကို ပေါင် ၂၁ သန်းဖြင့် လည်းကောင်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် ရိုက်ခတ်မှုတစုံတရာရှိသည့်အတွက်ကြောင့် ၎င်းတို့ရဲ့ အပြောင်းအရွှေ့မူဝါဒကိုလည်း သင့်သလို ပြောင်းလဲသွားမည်ဖြစ်ကြောင်း မူဘာရက်က ဆိုပါတယ်။ လတ်တလောမှာတော့ စီးတီးဟာ ဗဟိုခံစစ်မှူးတစ်ယောက်ကို ထပ်မံခေါ်ယူဖို့အတွက် စီစဉ်ထားပြီး နာပိုလီရဲ့ အခရာကျတဲ့ နောက်ခံလူ ကူလီဘာလီကို ပေါင် ၇၁ သန်းဖြင့် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ထို့အပြင်...

နောက်တန်းအင်အားဖြည့်တင်းဖို့ အာဆင်နယ်အသင်းရဲ့ ကျောနံပတ် ၂ ကို စတင်ကမ်းလှမ်းခဲ့သည့် #PSG

ချန်ပီယံလိဂ်ဖလားကို လက်မတင်လေး လွဲချော်ခဲ့ပြီးနောက် PSG အသင်းဟာ နောက်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်လာခဲ့ပြီး ညာနောက်ခံလူတစ်နေရာအတွက် အာဆင်နယ်အသင်းရဲ့ အမာခံ ကစားသမား ဟက်တာ ဘယ်လာရင်ကို စတင်ကမ်းလှမ်လိုက်ပြီဖြစ်တယ်လို့ The Mirror ကဖော်ပြထားပါတယ်။ PSG အသင်းဟာ ဘယ်လ်ဂျီယမ်နောက်ခံလူ သောမတ်မြူနီယာကို ဒေါ့မွန်အသင်းသို့ အလွတ်ကြေးဖြင့် လက်လွှတ်လိုက်ရပြီးနောက် ၎င်းနေရာကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ လောလောဆယ် PSG အသင်းရဲ့ ညာစွန်နေရာမှာ သီလိုခယ်ဟာ နှင့် လူငယ်ကစားသမား ကောလင်းဒက်ဘာတို့ နှစ်ဦးရှိနေသော်လည်း ဘယ်လာရင်ကို ထပ်မံခေါ်ယူလိုတာဖြစ်ပါတယ်။ စပိန်သား ဘယ်လာရင်ဟာ အာဆင်နယ်အသင်းကို ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် အမ်းမရိတ်မြေမှာ ဆယ်စုနှစ်တစ်ခုစာ ဖြတ်သန်းလာသော ဂန်းနားတို့ရဲ့ ပွဲထွက်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအကောင်းဆုံးအသင်း (၁၁) ယောက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာကြောင့်...

Close To Deal : မကြာခင်အချိန်အတွင်းမှာပင် အထမြောက်တော့မည့် ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ (၃) ခု

ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင် ကွင်းလယ်လူ ကိုင်းဟာဗက်ဇ်၊ လက်စတာစီးတီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ် နှင့် PSG အသင်းခေါင်းဆောင်ဟောင်း သီယာဂိုဆေးလ်ဗားတို့ကို ခေါ်ယူဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဂျာမန်ကွင်းလယ်လူ ဟာဗက်ဇ်ဟာ ဥရောပအသင်းကြီးများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သော်လည်း နောက်ဆုံးမှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟာဗက်ဇ်အတွက် ပေါင်သန်း ၉၀ နီးပါး သုံးစွဲသွားမည်ဟု သိရပါတယ်။ နောက်ထပ်အပြောင်းအရွှေ့တစ်ခုကတော့ ဘန်ချေဝဲလ် ပဲဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘန်ချေဝဲလ်အတွက် လက်စတာစီးတီးအသင်းနှင့် ဆက်တိုက်ဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့မှာလည်း အဆုံးသတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆုံးမှာတော့ ဘန်ချေဝဲလ်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ၁၀၀% သေချာသလောက်ရှိနေပြီလို့ မှတ်ယူလို့ ရပါတယ်။ ဟာဗက်ဇ် နှင့် ဘန်ချေဝဲလ် နှစ်ဦးစလုံးဟာ အခုမှ အသက် ၂၀ စွန်းစွန်းသာ ရှိနေသေးသည့်အတွက်ကြောင့် ချယ်လ်ဆီးအသင်းအတွက် ရေရှည်အားကိုးလို့ရမဲ့...

လက်ထောက်နည်းပြရာထူးမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည့် အာဆင်နယ်ဂန္ဓဝင်ကစားသမားဟောင်း ယွန်းဘတ်

အသက် ၄၃ နှစ်အရွယ် ဖရက်ဒီယွန်းဘတ်ဟာ အာဆင်နယ်အသင်းရဲ့ လက်ထောက်နည်းပြရာထူးမှ ယနေ့မှာပဲ အပြီးတိုင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ယွန်းဘတ် ထွက်သွားချင်းဟာ အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်စေမှာ သေချာပါတယ်။ ဆွီဒင်သား ယွန်းဘတ်ဟာ နည်းပြ မီကေးလ်အာတီတာလက်ထက်မှာ လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေသော်လည်း နည်းပြချုပ်ဘဝကို တက်လှမ်းလိုသည့်အတွက်ကြောင့် နှုတ်ထွက်သွားချင်းဖြစ်သည်ဟု သိရပါတယ်။ အာဆင်နယ်အသင်းမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ယွန်းဘတ်ဟာ ယူ-၂၃ နည်းပြအဖြစ်လည်းကောင်း၊ ယူ-၁၅ နည်းပြအဖြစ်လည်းကောင်း၊ အသင်းကြီး လက်ထောက်နည်းပြအဖြစ်လည်းကောင်း အူနိုင်းအမ်မရီထွက်သွားပြီးနောက်ပိုင်း ယာယီနည်းပြအဖြစ် လည်းကောင်း တာဝန်ယူခဲ့ပါတယ်။ လူမှုကွန်ယက် တွစ်တာမှ တဆင့် သူထွက်ခွာတော့မည့်အကြောင်းကို အတည်ပြုပြောကြားခဲ့သလို၊ အခွင့်အရေးများစွာ ပေးခဲ့သည့်အတွက်ကြောင့် ကျေးဇူးတင်မိကြောင်း နှင့် မန်နေဂျာတစ်ယောက်အဖြစ် ရပ်တည်တော့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ “အာဆင်နယ်အသင်းကြီးရဲ့ လက်ထောက်နည်းပြရာထူးကနေ ထွက်သွားဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ၁၉၉၈ ကတည်းက ကျွန်တော်ဟာ ဒီအသင်းမှာ အမြဲတစေ ပါဝင်ပတ်သတ်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ရော...

Close to Deal : လက်စတာစီးတီးနောက်ခံလူကို ခေါ်ယူဖို့ တော်တော်လေးနီးစပ်နေပြီဖြစ်သည့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ လက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကို ခေါ်ယူဖို့ တော်တော်လေးနီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ နှစ်ဖက်အသင်း တာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးနေကြပြီး လာမည့်တပတ်အတွင်းမှာပင် အပြီးသတ်ကြေငြာသွားဖို့ရှိနေပါတယ်။ လက်စတာစီးတီးအသင်းဟာ ပြီးခဲ့သည့်ရာသီက မက်ဂွဲယားကို မန်ချက်စတာယူနိုက်တက်ထံ ရောင်းချခဲ့စဉ်က ရရှိခဲ့သည့် ပေါင်သန်း ၈၀ ထက် မနည်းရရှိမှသာ သူတို့ရဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ ချေဝဲလ်ဟာ ၂၀၂၄ အထိ အသင်းနှင့် စာချုပ်ရှိနေသည့်အတွက်ကြောင့် လက်စီးတီးအနေဖြင့် ချေဝဲလ်ကို ရောင်းထုတ်ဖို့အတွက် အဆောတလျှင် ဆောင်ရွက်စရာမလိုပါဘူး။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ချင်တဲ့ အဓိက ရည်ရွယ်ချက်တစ်ခုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားချင်လို့ပဲဖြစ်ပါတယ်။ ချယ်လ်ဆီးရော၊ မန်ချက်စတာယူနိုက်တက် (၂) သင်းစလုံးဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီးမှာတော့ လက်စတာစီးတီးကို နောက်ကောက်ချပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူသွားခဲ့ပါတယ်။ ဘန်ချေဝဲလ်ကို အဓိက ဆွဲဆောင်နိုင်ခဲ့တာကတော့ ချန်ပီယံလိဂ်ပဲဖြစ်ပါတယ်။ ဘန်ချေဝဲလ်ရောက်လာတော့မှာဖြစ်သည့်အတွက် အသင်းရှိ ဘယ်နောက်ခံလူ...

သူ့လက်ထက်မှာ အာဆင်နယ်ကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင်သွားမည့် #အာတီတာ

အာတီတာဟာ အာဆင်နယ်အသင်းကို ပြီးခဲ့သည့်ရာသီဝက်ကမှ ရောက်ရှိလာခဲ့ပြီး ပထမဦးဆုံးဖလားတစ်လုံးကို ဆွတ်ခူးပေးခဲ့ပါတယ်။ အာတီတာရောက်လာပြီး နောက်ပိုင်း အာဆင်နယ်အသင်းရဲ့ အခြေအနေဟာ အများကြီးတိုးတက်ပြောင်းလဲလာခဲ့တာကို အတိုင်းသားမြင်တွေ့ခဲ့ရတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အများကြီး ပြောင်းလဲသွားခဲ့တယ်။ အာတီတာရဲ့ သူ့ရဲ့ ပထမဦးဆုံး အစကနေကိုင်တွယ်ရမဲ့ ရာသီအတွက် အထူးပြင်ဆင်သွားဖို့ ရှိနေပါတယ်။ အသင်းမှာ အံမဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီးတော့ သူအလိုရှိတဲ့ ကစားသမားတွေကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ ရာအူးလ်ဆန်နလီဟီ ထွက်သွားပိုင်းနောက်ပိုင်း အပြောင်းအရွှေ့ကဏ္ဍကို အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က ကိုင်တွယ်တော့မှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့တွေဟာ ဒီထက်ပိုပြီး ထူးခြားလာနိုင်ပါတယ်။ လောလောဆယ် လိုင်လီနောက်ခံလူ ဂါဘရီရယ်မန်ဂါဟေးစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်သလို၊ နောက်ထပ်ကစားသမားသစ်တွေကို ခေါ်ယူသွားအုံးမှာပါ။ နောက်ထပ်ကစားသမားသစ်တွေ ထပ်မံမခေါ်ယူခင် အသင်းမှာ အံမဝင်တဲ့ ကစားသမားတွေကို အရင်ဆုံးရှင်းထုတ်သွားမှာပါ။ အာတီဟာ လက်ရှိ အသင်းလူစာရင်းထဲက (၁၀)...