Category: Series A

ဟီဂူအင်ကို ထွက်ခွာခွင့်ပြုခဲ့ပြီးနောက် ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြင့် ပြန်လည်အစားထိုးသွားမည့် #ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုဟာ အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး ဂွန်ဇာလိုဟီဂူအင်ကို ထွက်ခွာခွင့်ပြုလိုက်ပြီးနောက် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ဈေးကွက်အတွင်း ရှာဖွေခဲ့ပါတယ်။ သူတို့လိုချင်တဲ့ပုံစံနဲ့ကိုက်ညီတဲ့ တိုက်စစ်မှူးကို ရှာတွေ့သွားခဲ့ပါပြီ။ သူကတော့ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ပဲဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ရော်နယ်လ်ကိုးမင်း တာဝန်ယူပြီးချိန်ကစလို့ အသင်းကနေရောင်းထုတ်ခံရမဲ့စာရင်းထဲမှာ နံပတ်တစ် ပြေးနေတာဖြစ်ပါတယ်။ အီတလီထုတ်သတင်းစာတစ်ခုဖြစ်သည့် Gazzetta Dello Sport မှာတော့ ဆွာရက်ဇ်ရဲ့ အေးဂျင့်နဲ့ ဂျူဗင်တပ်စ် တာဝန်ရှိသူတွေဟာ ဒုတိယအကြိမ်မြောက်တွေ့ဆုံပြီးနောက် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၆ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးပါပြီ။ တက်နိုင်သလောက် ဘာစီလိုနာအသင်းအတွက် ပခုံးထမ်းတင်ပေးခဲ့ပေမယ့် နည်းပြအပြောင်းအလဲဖြစ်လာချိန်မှာတော့ အသင်းကနေထွက်သွားရမဲ့ အခြေအနေတစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဘာစီလိုနာအသင်းက ထွက်သွားဖို့ ပြောလာခဲ့ရင် ဝန်လေးနေမှာမဟုတ်ပဲ ထွက်သွားမှာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းရှင်းထားပြီးသားပါ။ ဘာစီလိုနာနည်းတူ ဂျူဗင်တပ်စ်အသင်းကလည်း နည်းပြအပြောင်းအလဲလုပ်ထားတာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့်...

ရော်နယ်လ်ဒို ၊ ဒိုင်ဘာလာတို့နှင့် တွဲဖက်ကစားဖို့အတွက် အာဆင်နယ်တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်နည်းပြသစ် ဖြစ်လာတဲ့ ပီယာလိုဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူးများဖြစ်သည့် ရော်နယ်လ်ဒို ၊ ဒိုင်ဘာလာတို့နှင့် တွဲဖက်ကစားဖို့အတွက် အထောင်တိုက်စစ်မှူးတစ်ယောက်ကို ဈေးကွက်အတွင်း ရှာဖွေလျက်ရှိပါတယ်။ ဂျူဗင်တပ်စ်ရဲ့ အပြောင်းအရွှေ့ရေဒါထဲမှာတော့ နာပိုလီမှ မီလစ်၊ ရိုးမားမှ ဒီဇစ်ကို ၊ အေတီကိုမှ မိုရာတာ ၊ အတ္တလန်တာမှ ဇာပါတာ နှင့် ဝုဗ်လ် မှ ရာအူးဂျီမီနက်ဇ်တို့ပါဝင်နေပါတယ်။ ၎င်းကစားသမားအပြင် နောက်ထပ် စိတ်ဝင်စားနေတဲ့ ကစားသမားကတော့ အာဆင်နယ်အသင်းရဲ့ နံပတ် ၉ တိုက်စစ်မှူး လာကာဇတ်ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စာချုပ်သက်တမ်း (၁) နှစ်နီးပါးကျန်ရှိသည့် တိုက်စစ်မှူး ဟီဂူအင်ကို ဒီအပြောင်းအရွှေ့မှာတင် မဖြစ်မနေရောင်းထုတ်သွားဖို့ရှိပါတယ်။ အာဆင်နယ်တိုက်စစ်မှူး လာကာဇတ်ဟာ အာတီတာလက်ထက်မှာ ပုံစံကောင်းများကို ရရှိလာခဲ့ပြီး ယခင်လို တိုက်စစ်ကစားရုံတင်မက ကွင်းလယ်နှင့် ပြန်လည် ချိတ်ဆက်ခြင်း၊ နေရာလွတ်များရှာဖွေပေးခြင်း၊ အူဘာမီယန်း နှင့် တိုက်စစ်ကစားသမားများအတွက် ဂိုးဖန်တီးမှုများ...

အာဆင်နယ်အသင်းရဲ့ လက်နှေးမှုကို အခွင့်ကောင်းယူကာ တီကို ကွင်းလယ်လူ ပါတေးကို စတင်ကမ်းလှမ်းလိုက်ပြီဖြစ်သည့် ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ အေတီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေးကို ခေါ်ယူဖို့အတွက် စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ပါတေးဟာ အာဆင်နယ်အသင်းရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်သော်လည်း အခုချိန်ထိ အာဆင်နယ်အသင်းဘက်မှ ထိထိရောက်ရောက် ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး။ အာတီတာဟာ သောမတ်စ်ပါတေးရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်သလို၊ သူ့ရဲ့ ကစားကွက်ထဲမှာ ပေါင်းထည့်ဖို့ လိုလားနေပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ထုံးစံအတိုင်း အပြောင်းအရွှေ့မှာ လက်နှေးနေဆဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်နှေးမှုကို အခွင့်ကောင်းယူကာ ဂျူဗင်တပ်စ်အသင်းက ပါတေးကို အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒက်ချီ+ ပြောင်းရွှေ့ကြေးဖြင့် စတင် ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ပါတေးဟာ တီကိုနှင့် ချုပ်ဆိုထားသော စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀ ပေးရုံဖြင့် ဝမ်ဒါမက်ထရို ပိုလစ်တီနိုကွင်းကို ကျောခိုင်းလို့ရသွားပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နည်းပြပြသစ်ဖြစ်လာသူ ပီယာလိုဟာ အသင်းရဲ့ ကစားသမားများဖြစ်သည့် ဒေါက်ကလပ်ကော်စတာ နှင့် ဘာနာဒက်ချီတို့ကို သဘောမကျသည့်အတွက်ကြောင့် ကစားသမားသစ်ခေါ်ယူတဲ့ နေရာမှာ အသုံးချသွားဖို့ရှိနေတယ်လို့ သိရပါတယ်။  ...

ရီကာဒို ရိုဒရီဂွတ်စ်ကို တိုရီနိုအသင်းထံ ရောင်းချဖို့ သဘောတူညီခဲ့ပြီဖြစ်သည့် အေစီမီလန်

စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ရီကာဒိုရိုဒရီဂွတ်စ်ကို လိဂ်ပြိုင်ဘက် တိုရီနိုအသင်းဆီကို ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ရိုဒရီဂွတ်စ်ဟာ ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဟော်လန်ကလပ် PSVအသင်း၌ အဌားဖြင့် သွားရောက်ကစားနေတာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ရိုဒရီဂွတ်စ်အတွက် ကနဦး ယူရို ၅သန်း + ဆုကြေးငွေ ယူရို ၃ သန်းဖြင့် တိုရီနိုထံကို တောင်းဆိုထားပါတယ်။ တိုရီနိုအသင်းဟာ နည်းပြချုပ်အဖြစ် အေစီမီလန်နည်းပြဟောင်း ဂျီယမ်ပါအိုလိုကို ခန့်အပ်ခဲ့ပြီးနောက် ပထမဦးဆုံးအပြောင်းအရွှေ့အဖြစ် ရိုဒရီဂွတ်စ်ကို စတင်ခေါ်ယူခဲ့တာပါ ရိုဒရီဂွတ်စ် နှင့် ဂျီယမ်ပါအိုလိုတို့ဟာ အေစီမီလန်အသင်းမှာ ကာလတိုလက်တွဲခဲ့ဖူးပါတယ်။ ကစားသမား၏အေးဂျင့် ဒိုမီနီကို နှင့် တိုရီနို အသင်း အားကစားဒါရိုက်တာ ဒဗိုက် ဗက်နက်တီတို့ဟာ တွေ့ဆုံပြီး အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ယနေ့ညနေလောက်မှာပင် ရိုဒရီဂွတ်စ်ရဲ့ အပြောင်းအရွှေ့ကို တရားဝင်ကြေငြာသွားဖို့ရှိပါတယ်။ ရိုဒရီဂွတ်စ်ဟာ...

အကြံပိုင်တဲ့ ဂျူဗင်တပ်စ်!!! ဘဏ္ဍာရေးအခြေအနေအရ အလွတ်ကြေးနဲ့ ရထားတဲ့ ကစားသမားတစ်ယောက်ကို ထုတ်ရောင်းမည်

ကိုဗစ်-၁၉ ကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်လာနိုင်သည့် အီတလီထိပ်တန်းကလပ် ဂျူဗင်တပ်စ်ဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို ထုတ်ရောင်းဖို့ စီစဉ်နေပါတယ်။ ဘောလုံးလောကကြီးတစ်ခုလုံးဟာ ကိုဗစ်-၁၉ ကြောင့် အခက်တွေ့နေရသလို၊ ဘောလုံးပွဲများအားလုံးကိုလည်း ပရိသတ်မပါပဲ ကစားရမည့်အတွက်ကြောင့် ကွင်းဝင်ကြေးတွေ ဆုံးရှုံးရဖို့ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း ကစားသမားလစာပေးချေရမဲ့ ကိစ္စရှိနေတာကြောင့် ဘဏ္ဍာရေးချောင်လည်စေဖို့အတွက် ကစားသမားများကို ထုတ်ရောင်းဖို့ ဟန်ပြင်နေပါပြီ။ Sportmail ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ရမ်ဆေးကို ခေါ်ယူလို့ရနိုင်တဲ့အကြောင်းကို ပရီးမီးယားလိဂ် အသင်း ၂သင်းထံ အချက်ပြထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ရမ်ဆေးဟာ ယခုရာသီအစမှာ အာဆင်နယ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သော်လည်း ပုံမှန်ကစားခွင့်မရပါဘူး။ ဂျူဗင်တပ်စ်အသင်းအတွက် စုစုပေါင်း ၉ ပွဲသာ စတင်ကစားခွင့်ရပါတယ်။ ရမ်ဆေးရဲ့ အပြောင်းအရွှေ့မှာ အဓိကအဟန့်အတားဖြစ်စေမဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ လစာငွေဖြစ်ပါတယ်။ ရမ်ဆေးဟာ ဂျူဗင်တပ်စ်မှာ တပတ်ကို ပေါင် ၄...