ဂွမ်ဒူဇီကို ဘာကြောင့် ပြင်သစ်အသင်းကြီးထံ ခေါ်ဆောင်ခဲ့လဲဆိုတာကို ရှင်းပြခဲ့သည့် ဒီဒီယာဒက်ချိမ့်စ်

November 12, 2019 Football Legend 0

ပြင်သစ်လက်ရွှေးစင်အသင်းနည်းပြ ဒီဒီယာဒက်ချိမ့်စ်ဟာ ဂျူ ဗင်တပ်စ်ကွင်းလယ်လူ မာတွစ်ဒီဒဏ်ရာရရှိသွားသည့်အတွက် ၎င်းအစား အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် လူငယ်ကစားသမား ဂွမ်ဒူဇီကို အစားထိုးခေါ်ဆောင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဂွမ်ဒူဇီဟာ အလားအလာကောင်းသည့် ကစားသမားတစ်ယောက်ဖြစ်သည့်အပြင် ကွင်းလယ်မှာ မမောမပန်းပြေးလွှားကစားနိုင်သည့် ကစားသမားဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ […]

ပူလီဆစ်ဟာ ဟာဇက်လို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတဲ့ ဒေါ့မွန်အသင်းဖော်

November 12, 2019 Football Legend 0

အမေရိကန်ကြယ်ပွင့် ပူလီဆစ်ဟာ ဒေါ့မွန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ယခုနှစ်ရာသီအစက ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်လှုပ်ရှားနေခဲ့ရပါတယ်။ ဒါပေမယ့် ခရစ်စတန် ပူလီဆစ်ဟာ အရည်အချင်း ရှိသူပီပီ အကောင်းဆုံး ကြိုးစားခဲ့လို့ နည်းပြလမ်းပတ်ဟာ ပွဲထွက်ခွင့်ပေးခဲ့ပြီး ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်တွင် ၅ ပွဲကစား ၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းတွင် […]

ပရီးမီးယားလိဂ်တွင် သာမက အင်္ဂလန်အသင်းမှာပါ ကတောက်ကဆဖြစ်ခဲ့ကြသည့် စတာလင် နှင့် ဂျိုးဂိုမက်စ်

November 12, 2019 Football Legend 0

မန်ချက်စတာစီးတီး တိုက်စစ်မှူ း ရာဟမ်စတာလင်ဟာ စိန့်ဂျော့ချ်ပတ်ခ် (အင်္ဂလန်လေ့ကျင့်ရေးကွင်း) ၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြောင့် လာမည့် ယူရို ၂၀၂၀ ခြေစစ်ပွဲဖြစ်သည့် မွန်တီနီဂရိုးနှင့် ပွဲစဉ်ကို လွဲချော်တော့မည်ဖြစ်ကြောင်း သိရပါတယ်။ ဒီအကြောင်းကိုတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA မှ တရားဝင်ထုတ်ပြန်ကြေငြာသွားခဲ့တာဖြစ်ပါတယ်။ ဒီပြသာနာရဲ့အစကတော့ တနင်္ဂနွေနေ့က […]

ဒဏ်ရာကြောင့် အမေရိကန်အသင်း ရဲ့ ပွဲစဉ်တွေကို လွဲချော်သွားမည့် ချယ်လ်ဆီးကြယ်ပွင့် ပူလီဆစ်

November 12, 2019 Football Legend 0

ချယ်လ်ဆီးအသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြ ဂိုးများစွာ သွင်းယူနေတဲ့ ခရစ်စတန် ပူလီဆစ်အား အမေရိကန် လက်ရွှေးစင်အသင်းမှ ကွန်ကာကပ် ပြိုင်ပွဲများအတွက် ရွှေးချယ်ခဲ့ပါတယ်။ ပူလီဆစ်ဟာ အမေရိကန် အသင်း၏ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လတ်တလော ခြေစွမ်းပြနေခြင်းကြောင့် တစ်ကမ္ဘာလုံး စိတ်ဝင်တစား စောင့်ကြည့်နေသူ ဖြစ်ပါတယ်။ ပူလီဆစ်ဟာ ပြီးခဲ့သော စနေနေ့က […]

Golden Ball ဆုကို ဆွတ်ခူးသွားတဲ့ လင်ဒီလော့ပ်၏ ရင်ခုန်သံစကားများ

November 12, 2019 Football Legend 0

မန်ချက်စတာ ယူနိုက်တက်အသင်း၏ နောက်ခံလူ လင်ဒီလော့ဒ်ဟာ ဆွီဒင်နိုင်ငံမှ ပေးအပ်သည့် ယခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ဆွီဒင် Golden Ball ဆုကို လက်ခံရသွားခဲ့ကြောင်း သိရပါတယ်။ လက်ဒီလော့ပ်ဟာ အဆိုပါ ဆုအား လာဆင်၊ အီဗရာဟီမိုဗစ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့သလို အဆိုပါဆုကို ၂ နှစ်ဆက်တိုက် […]

ဘရိုက်တန်ကို အနိုင်ရခဲ့ပေမယ့် ခြေစွမ်းနဲ့ပတ်သတ်ပြီး ဂရုစိုက်ဖို့ မန်ချက်စတာယူနိုက်တက်ကို သတိပေးခဲ့သည့် အလန်ရှီးယား

November 11, 2019 Football Legend 0

နယူးကာဆယ်အသင်းရဲ့ ဂန္ဓဝင်ကစားသမားဟောင်း အလန်ရှီးယားက မန်ချက်စတာယူနိုက်တက်အနေဖြင့် ဘရိုက်တန်ကို အနိုင်ရခဲ့သော်လည်း ခြေစွမ်းအတက်အကျမမှန်သည့် အချက်ကို သတိထားပြင်ဆင်ရမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ယူနိုက်တက်အတွက်တော့ ဒုတိယမြောက် အိမ်ကွင်းနိုင်ပွဲဖြစ်ပြီး ပါရဲရား၊ မာရှယ်တို့ ခြေစွမ်းပြခဲ့အတွက် အိမ်ကွင်းမှာ သက်တောင့်သက်သာနဲ့ အနိုင်ယူသွားခဲ့တာပါ။ ထိုပွဲက ယူနိုက်တက်၏ တိုက်စစ်ကစားပုံနှင့် ပတ်သတ်ပြီး မီးမောင်းထိုးပြကာ […]

အသက် ၆၇ နှစ်အရွယ် တိုက်စစ်မှူ းဟောင်းကြီးကို တစ်သက်တာ လစာခံစားခွင့်ပေးထားသည့် ဘာစီလိုနာ

November 11, 2019 Football Legend 0

ဘာစီလိုနာအသင်းဟာ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သည့် အာဂျင်တီးနားလူမျိုး တိုက်စစ်မှူ း ဂျူ အန်ကားလို့စ် ဟရက်ဒီယာကို တစ်သက်တာ လစာခံစားခွင့်ပေးထားပါတယ်။ အဓိကအကြောင်းအရင်းကတော့ ဟရက်ဒီယာဟာ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးခဲ့လို့ဖြစ်ပါတယ်။ ဟရက်ဒီယာဟာ အာဂျင်တီနားနိုင်ငံသားဖြစ်သော်လည်း စပိန်လက်ရွှေးစင်အသင်းကိုရွှေးချယ်ခဲ့ပြီး ၁၉၇၈-၇၉ တစ်နှစ်ကြာ ကစားပေးခဲ့ပါတယ်။ ဟရက်ဒီယာဟာ ဂျိုဟန်ခရပ်ဖ်နှင့် […]

ယုံကြည်ချက်တွေ နည်းပါးနေတဲ့ အာဆင်နယ်အသင်းအနေဖြင့် အနားယူဖို့ လိုအပ်နေတယ်လို့ ဆိုလိုက်တဲ့ လာကာဇတ်

November 11, 2019 Football Legend 0

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူ း လာကာဇတ်က အသင်းရဲ့ လက်ရှိအခြေအနေဟာ ယုံကြည်မှုနည်းပါးနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နှင့် ရလဒ်ဆိုးများကြောင့် နည်းပြ အူနိုင်းအမ်မရီအပေါ်မှာ အကျိုးသက်ရောက်မှုများရှိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာကာဇတ်ဆိုထားသည့်အတိုင်း ရလဒ်တွေ အတော်လေးဆိုးရွားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၅ ပွဲစလုံးနိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။ ထို့အတူ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် […]

ချယ်လ်ဆီးအသင်းမှာ ဘာကြောင့် ဆက်နေဖြစ်လဲဆိုတာကို ရှင်းပြခဲ့သည့် ဟတ်ဆန်အိုဒွိုင်း

November 11, 2019 Football Legend 0

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား အိုဒွိုင်းဟာ ပြီးခဲ့သည့်ရာသီ ဒီလိုအချိန်က ဘိုင်ယန်မြူ းနစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သည့်အတွက် အပြောင်းအရွှေ့သတင်းများထွက်ပေါ်ခဲ့သလို၊ သူကိုယ်တိုင်လည်း ဆာရီအောက်မှာ ပွဲထွက်ခွင့်မရတဲ့အတွက် အသင်းမှ ထွက်လုနီးနီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ချယ်လ်ဆီးအသင်းဟာ အိုဒွိုင်းကို ပုံစံအမျိုးမျိုးဖြင့် ကမ်းလှမ်းခဲ့သည့်အပြင် ဖရန့်လမ်းပတ်ရောက်ရှိလာချိန်မှာတော့ စာချုပ်သက်တမ်းပါ တိုးဖြစ်သွားခဲ့ပါတယ်။ အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းရဲ့ […]

ဘာစီလိုနာအသင်းမှာ ကာလအတန်ကြာ ဆက်ပြီး ကစားအုံးမည့် လီယွန်နယ်မက်ဆီ

November 11, 2019 Football Legend 0

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဂျိုးဆပ်မာရီယာဘာတိုမြူ က အသင်းရဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီဟာ နူကမ့်မှာ နောက်ထပ် ၅ နှစ်လောက် ဆက်ပြီး ကစားသွားအုံးမှာဖြစ်တယ်လို့ အတိအလင်းဖွင့်ဟခဲ့ပါတယ်။ အာဂျင်တီးနားကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ လက်ရှိစာချုပ်အရ ၂၀၂၁ ခုနှစ်မှသက်တမ်းကုန်ဆုံးမှာဖြစ်သော်လည်း လာမည့်နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို စွန့်ခွာလိုပါက ထွက်ခွာခွင့်ပေးမည့်ဆိုသည့် အချက်အလက်တစ်ခုကို ထည့်သွင်းချုပ်ဆိုထားပါတယ်။ […]